ကားအောက်ပိုင်းထဲမှာ အပျက်အများဆုံးကဘာလဲ...???
ကားစီးနေရင်တော့ ကားအောက်ပိုင်းအကြောင်းကို အနည်းအကျဉ်း သိထားသင့်ပါတယ်...
ဘယ်ပစ္စည်းတွေက ခဏခဏပျက်နေတုန်း!!!
ဘယ်ဟာက ပြင်ဆင်စရိတ် များနေတုန်းဆိုတာကိုပေါ့...!!!
အပျက်များဆုံးထဲက တစ်ခုလို့ပြောနိုင်တာကတော့ Stabilizer Link တွေပါပဲ...
Link တွေက ဘာလုပ်ပေးတာလဲ...???
ကားမောင်းနေချိန်ကားကိုငြိမ်အောင်ထိန်းပေးတယ်...
ဘောလုံးလေးတွေပါလို့ ဖြစ်ပေါ်လာတဲ့ အတက်အကျလေးတွေကို လျှော့ချအောင်လုပ်ပေးတယ်...
အရှိန်နဲ့ကွေ့လိုက်ရင် ဘီးက တစ်ဖက်ကိုနိမ့်ဆင်းသွားတယ်...
အလွန်အမင်းနိမ့်ဆင်းသွားရင်တော့ ယာဉ်အန္တရာယ်ဖြစ်မှာ သေချာပြီပေါ့...
အဲ့လိုမဖြစ်အောင် ဒီ Links တွေကနေတစ်ဆင့် ထိန်းသိမ်းပေးထားတာပဲဖြစ်ပါတယ်...
Stabilizer Link တွေမကောင်းရင်ဘာဖြစ်မှာလဲ....???
ဒီကောင်တွေက ကျိုးခဲပါတယ်....
အဖြစ်များတာကတော့ ဘောဆံလေးတွေချောင်ပြီး ပျက်စီးတာပါပဲ...
မကောင်းရင် ပြတတ်တဲ့လက္ခဏာတွေရှိပါတယ်...
လိုရမယ်ရ မှတ်သွားဉီးပေါ့...
ကားက ပုံမှန်မဟုတ်ပဲ လူးနေမယ်..
ချိုင့်တွေ ၊ ကမူတွေစီဖြတ်မောင်းရင် ဘီးပတ်ဝန်းကျင်က "တုတ်တုတ်" နဲ့ အသံမြည်ပါမယ်...
(အောက်ဖရိမ်နားကလည်း ဒီအတိုင်းပဲ မြည်တတ်ပါတယ်....)
ကားကွေ့တဲ့အခါ တစ်ဖက်စောင်းနင်းဖြစ်ပြီး ကွေ့လို့မကောင်းဖြစ်နေမယ်....
ဒါကြောင့် အောက်ပိုင်းစစ်တော့မယ်ဆိုရင် ဒီ Stabilizer Link တွေကို အဓိကထား စစ်ဆေးသင့်ပါတယ်နော်...
လေးစားစွာဖြင့်
#NTR AUTO PARTS
No comments:
Post a Comment