Friday, 21 April 2023

Auto Gear ပေါ်က စာလုံးလေးတွေအကြောင်း .....

 #Auto Gear ပေါ်က စာလုံးလေးတွေအကြောင်း .....


 (P R N D 3 2 L (or) P R N D S L) 


ဟိုးယခင်ကတော့ ကားတစ်စီးရဲ့ Transmission ဟာ Manual လို့ခေါ်တဲ့ ဂီယာဘောက်စ်နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကိုယ်ပြောင်းချင်တဲ့ ဂီယာကို ကိုယ့်ဘာသာ ကလပ်နင်းပြီးထိုးခဲ့ရပါတယ်။


 ယနေ့ခေတ်မှာတော့ အိမ်စီးကားတော်တော်များများမှာ manual gear ကိုသိပ်မသုံးကြတော့ဘဲ Automatic Transmisson ကိုတွင်ကျယ်စွာအသုံးပြုလာကြပါတယ်။ အဲ့ဒီတော့ Auto Gear ပေါ်မှာပါတဲ့စာလုံးလေးတွေကို သိထားဖို့လိုအပ်လာပါပြီ။


Auto Gear မှာမှ AT နဲ့ CVT ဆိုပြီး ၂ မျိုးထပ်ကွဲသွားပါတယ်။ 

Auto Gear ၂ခုဖြစ်တဲ့ AT မှာကော CVTမှာပါ တူညီတာက


P - Park

R - Reverse

N - Neutral

D - Drive

ဆိုတဲ့ စာလုံးလေး ၄ လုံးဖြစ်ပါတယ်။


အဲ့ဒီနောက်မှာမှ အကြမ်းဖျင်းအားဖြင့်တော့ AT  မှာဆိုရင်

3

2

L - Low


CVT မှာဆိုရင်တော့

S - Sport Mode

L - Low Gear

စသည်ဖြင့်ပါတတ်ကြပါတယ်။


P-Park


ဒါကတော့ရိုးရှင်းပါတယ်။ ကားကိုရပ်ချင်တဲ့အခါမှာသုံးပါတယ်။ P ကိုထိုးလိုက်တဲ့အချိန်မှာ အကြမ်းဖျင်းအားဖြင့် Transmission system

တစ်ခုလုံးကို lock ချလိုက်သလိုပါပဲ။ အဲ့ဒီတော့ ကားမောင်းနေစဉ်မှာ ကားရွေ့နေစဉ်မှာ P ကိုထိုးမိခဲ့ရင် ပြေးနေတဲ့မြင်းကို ခြေထိုးခံလိုက်သလိုဖြစ်ပြီး

Gear box ကြီးပျက်စီးသွားမှာပါ။ ဒါပေမဲ့စိတ်မပူပါနဲ့ ကားထုတ်တဲ့စက်ရုံကအဲ့တာတွေကြိုသိလို့ ကားမောင်းနေတုန်းမှာ P ကိုထိုးလို့မရအောင်ကာကွယ်ပေးထားပါတယ် (မယုံရင် စမ်းတော့မကြည့်နဲ့ 🙂 ) ။

ကားလုံး၀ရပ်သွားပြီဆိုမှသာ P ကိုထိုးလို့ရပါတယ်။


R-Reverse


 ကားကိုအနောက်ဆုတ်ချင်တဲ့အခါမှာ R ကိုသုံးပါတယ်။ 


N-Neutral


 N ဆိုတာကတော့ ကျွန်တော်တို့ manual gear မှာဆိုရင် free ထားလိုက်သလိုပါပဲ။ Neutralဆိုတဲ့အတိုင်း ဘယ်ဂီယာမှ ၀ငမြနတောကိုဆိုလိုတာပါ။ 

ဘယ်နေရာတွေမှာသုံးလဲဆိုရင် ကားပျက်သွားလို့ဆွဲတဲ့အခါ တွန်းတဲ့အခါတွေမှာသုံးပါတယ်။ 


D-Drive


 Drive ဆိုမှတော့ ကားကိုရှေ့တည့်တည့်မောင်းချင်တဲ့အခါမှာသုံးတာပေါ့ဗျာ။ D နဲ့မောင်းမယ်ဆိုရင် ကိုယ့်ကားမှာဂီယာ ၅ ချက်ရှိမယ်ဆိုရင်

အဲ့ဒီ ၅ ချက်စလုံးကုန်တဲ့အထိ အစဉ်လိုက်ချိန်းပေးသွားမှာပါ။


3,2 


 AT Gearbox သုံးတဲ့ကားတွေ ဥပမာ Mark II တွေမှာတွေ့ရတယ်။ ကားရဲ့ Automatic Transmission System မှာ 5-speed ဂီယာ ၅ ချက်ရှိတယ်ပဲဆိုပါစို့။

3 နေရာမှာထားလိုက်တာဟာ နောက်ဆုံးက ဂီယာ ၄ နဲ့ ၅ ကို ချိန်းမပေးနဲ့တော့ ငါ့ကို ၁ ကနေ ၃ အတွင်းသာ ဂီယာချိန်းပေးလို့ခိုင်းလိုက်တာပါပဲ။ 2 မှာ ထား

မယ်ဆိုရင်တော့ ဂီယာ ၃၊ ၄ နှင့် ၅ ကိုမချိန်းနဲ့တော့ ၁ နဲ့ ၂ ဂီယာပဲချိန်းမယ်လို့ပြောလိုက်တာပဲ။ တောင်အတက်တွေ တောင်အဆင်းတွေမှာသုံးပါတယ်။

တောင်အဆင်းမှာဆို ၂ လောက်နဲ့ဆင်းရင် ဘရိတ်ကိုသိပ်မသုံးရတော့ ဘရိတ်အပူသက်သာပြီး ပိုပြီးလဲ အန္တရာယ်ကင်းပါတယ်။ ကိုယ်က D နဲ့မောင်းနေရင်း ရုတ်တရက် အရှိန်ရှော့ချင်ရင်ပဲဖြစ်ဖြစ် အကွေ့တွေမှာအရှိန်သတ်ချင်တာပဲဖြစ်ဖြစ် 3 နှင့် 2 ကိုသုံးလို့ရပါတယ်။


S-Sport Mode


 သူရဲ့အဓိကလုပ်ဆောင်ချက်ကတော့ Lower Gear ကိုကြာကြာထိန်းထားပြီး Power ပိုထုတ်ပေးတာပါ။

ဥပမာ- D နဲ့မောင်းလို့ 40 Km/h ကိုရောက်ပြီး ၃ စက္ကန့်အကြာမှာ ဂီယာ ၂ ကနေ ၃ ကိုချိန်းပေးတယ်ဆိုပါစို့။ S နဲ့ဆိုရင် 40km/h ကိုရောက်ပြီး ၆ စက္ကန့် ၇ စက္ကန့်လောက်မှပြောင်းပါလိမ့်မယ်။ အဲ့ဒီတော့ Lower gear မှာ အချိန်ကြာကြာနေပြီး

power ပိုထုတ်ပေးပါတယ်။ အကွေ့အကောက်များတဲ့လမ်းတွေမှာသုံးပါတယ်။ ဆီတော့ပိုစားပါတယ်။ ဘာလို့လဲဆိုတော့

lower gear မှာကြာကြာနေတာကိုး။ အကွေ့တွေဆို ထိန်းလို့သိမ်းလို့ပိုကောင်းပါတယ်။ RPM ကိုလည်းမကျစေပဲ ထိန်းပေးပါတယ်။


L-Low Gear


 သူကတော့ အနိမ့်ဆုံးဂီယာဖြစ်တဲ့ ဂီယာ နံပါတ်၁ ပါ။ Manual  မှာ Gear 1 ထိုးလိုက်တာနဲ့အတူတူပါပဲ။ ကျန်တဲ့ဂီယာတွေကိုလုံး၀မချိန်းပဲ တောက်လျှောက် 1 နဲ့ပဲသွားမှာပါ။ တောင်အမတ်ကြီးတွေတက်တဲ့နေရာ အဆင်းအကြီးကြီးတွေဆင်းတဲ့နေရာမှာသုံးပါတယ်။


အားလုံးပဲ ဘေးရန်ကင်းစွာနဲ့ခရီးနှင်နိုင်ကြပါစေ။

မူရင်းရေးသားသူအားလေးစားစွာဖြင့်

creditပေးပါသည်။


#မော်တော်ယာဉ်သက်တမ်းတိုးနှင့် 

#ယာဉ်မောင်းလိုင်စင်

#တာဝန်ယူ

#ဝန်ဆောင်မှု

#YGN

#Driving

#Licence

#Service

Ko Pho La Pyae📲  (09;5060210)

Ma Zin Mar

☎(09 440009300) ☎(09 450 840 505)

🏢 Office - တိုက်အမှတ် (၂၂)မြေညီ ၊ လိုင်စင်ရုံး

ဘတ်(စ်)ကားမှတ်တိုင်အနီး ၊ ငမိုလ်ရိပ် (၁၀)လမ်း ၊ သံသုမာလမ်းမကြီး ၊သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။

No comments:

Post a Comment