EGR off >> EGR စနစ်ကို ဖြတ်ထုတ်ခြင်း၏ ကောင်းကျိုး ၊ ဆိုးကျိုး
EGR စနစ်ကို ဘာလဲ? အကြမ်းဖျင်းရှင်းပြပါ့မယ်ခင်ဗျာ။ EGR ဆိုတာ exhuast gas recirculation လို့ခေါ်တဲ့ အိပ်ဇောဂတ်သွတ်သွင်းလောင်ကျွမ်းစနစ်လို့ မြန်မာလိုခေါ်ပါတယ်။ EGR စနစ်သည် အိပ်ဇောငွေ့ကို အင်းလတ်ထဲ တဖန်သွတ်သွင်းလောင်ကျွမ်းစေခြင်းအားဖြင့် အိပ်ဇောဓာတ်ငွေ့ကို ညစ်ညမ်းမှုလျော့ချပေးတာဖြစ်ပါတယ်။ ဒီဇယ် နဲ့ ဓာတ်ဆီ ကားအတော်များများမှာပါတယ်။ မိတ်ဆွေတို့ ကြားဖူးကြမှာပါ EGR ဗားခဏခဏ ပိတ်လို့ ချက်မီးလင်းပြီး ကားအဆွဲအရုန်းကျသွားတယ် ၊ EGR ဗားလုံးဝ ပိတ်သွားလို့ ကားမောင်းလို့ပါ မရတော့ဘူး။ EGR ဗားသည် emission စနစ်ကို အထောက်ကူပြုပေးတဲ့ စနစ်တစ်မျိုးဖြစ်ပါတယ်။ ဒီဇယ်ထရပ်ကားတွေမှာ EGR စနစ်တစ်ခုလုံးကို လုံးဝ ဖြုတ်ထုတ်လိုက်ကြတယ်။ AD blue တွေ OFF လိုက်ကြတယ်။ ကြိုက်သလိုမောင်းတော့ EGR ဗားမရှိတော့ဘူး။ အဆွဲအရုန်းပိုကောင်းသွားတယ်။ EGR စနစ်က ကိုယ်ဖြုတ်ချင်သလို ဖြုတ်လို့မရဘူး။ သူ့မှာလဲ ဆင်ဆာတွေ အက်ပျူရေတာတွေပါတယ်။ သွားဖြုတ်လိုက်ရင် ချက်မီးလင်းပြီး ကားမောင်းရတာ အဆင်မပြေတော့ပါဘူး။ EGR ဗား အကြောင်း နဲ့ EGLS ဆင်ဆာ အကြောင်း စိတ်ဝင်စားရင် အောက်က လင့်မှာ ဝင်ရောက်ဖတ်ရှု့ပါခင်ဗျာ
https://m.facebook.com/story.php?story_fbid=551622493672931&id=100064755550366&mibextid=Nif5oz
EGR စနစ်ကို ဖြုတ်ထုတ်လိုက်တဲ့အခါ အားသာချက်က EGR ဗားပိတ်မှာ မစိုးရိမ်ရတော့ဘူး။ EGR ကူလာတွေ မကောင်းလို့ လဲလှယ်စရာမလိုဘူး၊ EGR ပြစ်ချက်တွေ ဖြစ်တဲ့ မီးခိုးဖြူထွက်တာ ၊ ကူးလန့်လျော့တာ ၊ စက်သံကြမ်းတာတွေ ဆက်စပ်ပြီး သူနဲ့ဆိုင်တဲ့ ပြစ်ချက်တွေ မပေါ်လာတော့ဘူးပေါ့ နောက်ပြီး ချက်မီးလင်းလို့ ဘာဖြစ်တာလဲ ဝပ်ရှော့ခဏခဏ ပြေးစရာမလိုတော့ဘူး။ Throttle response ပိုသွပ်လို့ အဆွဲအရုန်း ပိုကောင်းသွားတယ်။ လီဘာစိတ်ကြိုက်နင်း အင်ဂျင်ပိုပွင့်သွားတယ်။ အင်ဂျင်ကာဗွန်ဂျိုးတက်တာလဲ နည်းသွားစေတယ်။ DPF စနစ်ကို ထိခိုက်စေမှုမရှိတော့ဘူး အင်ဂျင်က 20% လောက် ပါဝါပိုထွက်လာပါတယ်။ Fuso ၊ Hino ကားတွေမှာ အုံနာက EGR ဖြုတ် ဆော်ဝဲ ရေးတာကို ပိုသဘောကျတယ်။ ဓာတ်ဆီကားတွေမှာတော့ ကျူးနင်းလုပ်ထားတဲ့ ပြိုင်ကားတွေမှ လွဲရင် EGR မဖြုတ်ကြဘူး။ ဒီတိုင်းဘဲ စီးကြတယ်။ အင်ပြေတယ်။
EGR ဖြုတ်တဲ့ ဆိုးကျိုးကတော့ အိပ်ဇောဂတ်ထဲမှာ harmful gas လို့ခေါ်တဲ့ NOx ပမာဏ ပိုများသွားတာကို မထိန်းပေးနိုင်ဘူး။ နောက်ပြီး အင်ဂျင်ရဲ့ ပေါက်ကွဲမှုအားကို မထိန်းပေးနိုင်ဘူး။ တခါတလေ အင်ဂျင်က ပေါက်ကွဲအား အရမ်းများနေတဲ့ နေထားမျိုးမှာ ဆီပိုစားပြီး အိပ်ဇောအထွက်များမယ် ၊ ဂီယာစနစ်တွ ၊ ဘရိတ်စနစ်တွေ အလုပ်ပိုနေရမယ်။ ထိုအနေထားကို EGR စနစ်က ထိန်းပေးတယ်။ Engine ပါဝါနဲ့ emission စနစ်ကို ချိန်ညှိပေးတယ်။ အဲ့ဒါမျိုးတွေ မရတော့တာကြောင့် အင်ဂျင်က နင်းရင်းနင်းသလောက် ဟိတက်မယ် ၊ ဆီစားမယ် ၊ အိပ်ဇောငွေ့ထွက်မယ်။ ဝိတ်တင်ပြီး ရုန်းတဲ့ ဒီဇယ်ကားကြီးတွေမှာတော့ အင်ဂျင်ရဲ့ ပါဝါရုန်းအားကို ပိုမိုလိုအပ်တာကြောင့် အထက်ပါ အကြောင်းအရာတွေကို နှောက်ယှက် ဟန့်တားထားတဲ့ EGR လို DPF လို Adblue လို စနစ်တွေကို ဖြုတ်ထုတ်လိုက်ကြမှသာ ရေရှည်မှာ ပြုပြင်ထိန်းသိမ်းစရာနည်းသွားမှာဖြစ်ပါကြောင်း မျှဝေရင် ကျွန်တော့် မိတ်ဆွေ စက်ဆရာများ ဘေးကင်းကြပါစေ 😍🙏
#ဝပ်ရှော့ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၄)အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ 🙏
စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ
#EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/
#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
#Wiring & ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/
မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476
09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)
No comments:
Post a Comment