Saturday, 25 March 2023

EGR Position Sensor နှင့် EGR ဗားအလုပ်လုပ်ပုံ နှင့် ပြစ်ချက်များ

 EGR  Position Sensor နှင့် EGR ဗားအလုပ်လုပ်ပုံ နှင့် ပြစ်ချက်များ

==============================

EGR စနစ်ဆိုတာ ဒီဇယ် နဲ့ ဓာတ်ဆီ နှစ်မျိုးစလုံးမှာ တွေ့ရတဲ့ စနစ်တစ်ခုပဲဖြစ်ပါတယ်။ EGR ကိုသုံးရခြင်းရည်ရွယ်ချက်က တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒါက emission ကိုလျော့ချစေခြင်း နဲ့ ဆီစားသက်သာစေခြင်းအတွက်ပဲဖြစ်ပါတယ်။ တနည်းအားဖြင့် nitrogen oxide လို့ခေါ်တဲ့ NOx gas ကို 30% လောက်ထိ EGR ကနေ လျော့ချပေးမှာပဲဖြစ်ပါတယ်။ ဓာတ်ဆီအင်ဂျင်တွေဟာ cambustion chamber ထဲမှာ မီးလောင်ပေါက်ကွဲလို့ အပူချိန်များပြားလာရင် NOx gas တွေအထွက်များလာပါတယ် နောက်ပြီး NOx gas ဆိုတာ အန္တရာယ်ရှိတဲ့ ဓာတ်ငွေ့အဖြစ် ပညာရှင်တွေ အတည်ပြုထားကြပါတယ် အကယ်၍ အဆိုပါဓာတ်ငွေ့တွေ များများရှု့မိတယ်ဆိုရင် အသက်ရှု့လမ်းကြောင်းနဲ့ဆိုင်တဲ့ရောဂါတွေ နဲ့ ကင်ဆာရောဂါ တွေဖြစ်ပွားမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် 1975 နောက်ပိုင်း ကားတွေမှာ EGR စနစ်တွေကို ကားတွေမှာ တပ်ဆင်အသုံးပြုခဲ့ပါတယ် အဓိကကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီမံတွေကြောင့်ဖြစ်ပါတယ်။ engine လိုအပ်နေတာ oxygen ပဲဖြစ်ပါတယ် ဘာကြောင့်လဲဆိုရင် combustion chamber ထဲမှာ O2 နဲ့ Fuel ratio နဲ့ ပေါင်းစပ်ပြီး မီးလောင်ပေါက်ကွဲဖို့အတွက် လိုအပ်တဲ့ oxygen ကို လေထုထဲက အဓိကယူပါတယ်။ cylinder ထဲမှာ higher pressure နဲ့ မီးလောင်ပေါက်ကွဲတဲ့အခါ အပူချိန် 700°C လောက်ရှိရင် pinging ဖြစ်ပြီး NOx gas တွေ အထွက်များသွားပါတယ်။ အဲ့လိုအခြေနေကို ပြန်ထိန်းပေးဖို့ exhaust gas ရဲ့ 5% to 15% လောက် inlet pipe ထဲကို ပြန်ထည့်ပေးတဲ့ စနစ်ကို EGR လို့အကြမ်းဖြင်းခေါ်တာပဲဖြစ်ပါတယ်။ တနည်းအားဖြင့် exhaust gas reculation system ပဲဖြစ်ပါတယ်။ 


EGR မှာ အဓိက အလုပ်လုပ်ပေးတဲ့ အစိတ်အပိုင်း ၃ ခုရှိပါတယ်။ အဲ့ဒါကတော့ EGR valve pintle , EGR solenoid , EGR position sensor တို့ပဲဖြစ်ပါတယ်။ တချို့ EGR valve တွေဟာ electromagnet နည်းနဲ့ EGR pintle ကို အဖွင့်အပိတ်လုပ်ပေးပါတယ် နောက်ပြီး တချို့ EGR valve ကျတော့ vacuum pressure နဲ့ pintle ကိုတွန်းပြီး အလုပ်လုပ်စေပါတယ်။ Toyota , Nissan , Honda စတဲ့ ကားတွေမှာတော့ EGR vaccum solenoid ပဲအသုံးများကြပါတယ်။ ဒါပေမဲ့ ဥရောပကားအများစုကတော့ electromaget သုံးတဲ့ EGR စနစ်ပဲဖြစ်ပါတယ် ဥပမာ Ford VP16 ဟာ electronic type EGR စနစ်ပဲဖြစ်ပါတယ်။ အကယ်၍ EGR မှာ low vacuum ဖြစ်ရင် EGR valve နည်းနည်းပွင့်မှာဖြစ်ပြီး high vacuum ဖြစ်ရင်တော့ EGR valve များများပွင့်မှာပဲဖြစ်ပါတယ် အဲ့လို vacuum အနည်းအများဟာ exhuast gas ရဲ့ pressure နဲ့ temperature ပေါ်မှာများစွာမူတည်နေပါတယ်။ တချို့ EGR valve တွေမှာ temperature sensor ထည့်ထားပြီး အဲ့ဒီ temperture sensor ကနေ ECU ကိုသတင်းပေးပို့ကာ exhaust gas temperature အလိုက် EGR valve ကိုဖွင့်ပေးနိုင်အောင် စီမံထားလေ့ရှိပါတယ်။ အဲ့လိုဖွင့်ပေးတဲ့ နေရာမှာ 600°C လောက်ရှိတဲ့ exhaust gas ကို အအေးခံနိုင်အောင် EGR cooler တစ်လုံးကိုပါတပ်ဆင်ထားပြီး အအေးခံပြီးသား 170°C လောက်ရှိတဲ့ exhaust gas တွေကို cooler pipe မှတဆင့် inlet tube ထဲကိုပြန်ထည့်ပေးပြီး  higher burning မဖြစ်အောင် တားဆီပေးခြင်းဖြင့် NOx gas ကို လျော့ချပေးပါတယ်။ 


EGR ဆိုတာ အမြဲတမ်းအလုပ်လုပ်နေတာ မဟုတ်ပဲ လိုအပ်မှသာ အဖွင့်အပိတ်လုပ်တဲ့ valve တစ်မျိုးပဲဖြစ်ပါတယ်။ EGR valve ဟာ idle speed မှာ အလုပ်လုပ်လေ့မရှိပါဘူး နောက်ပြီး engine temperature နည်းနေရင်လည်း အလုပ်မလုပ်ပါဘူး ဒါ့အပြင် throttle valve 80% လောက်အလုပ်လုပ်တဲ့ WOT အခြေမှာ အလုပ်မလုပ်ပါဘူး။ Throttle valve ပိတ်နေတဲ့ အချိန်မှာ EGR အလုပ်မလုပ်သလို light weight နဲ့ low speed စတဲ့ အခြေနေမှာ EGR valve မပွင့်ပါဘူး။ EGR valve ရဲ့ ဖွင့်ပိတ်တဲ့ position ကိုသိဖို့ valve ရဲ့ ထိပ်မှာ EGR position sensor ကိုတပ်ပေးထားပါတယ် တနည်းအားဖြင့်အဆိုပါ sensor ကို EGR pressure sensor လို့လည်း တနည်းခေါ်နိုင်ပါသေးတယ်။ သူ့ဟာ EGR valve pintle ရဲ့ လုပ်ရှားမှုနဲ့ တည်နေရာကို သိရှိပြီး ECU ကို voltage signal ပို့ပေးနေတာပဲဖြစ်ပါတယ်။ EGR valve pintle များများပွင့်ရင် sensor ကနေ voltage နည်းနည်းထုတ်ပေးမှာဖြစ်ပြီး EGR valve pintle နည်းနည်းပိတ်နေရင် voltage များများထုတ်ပေးမှာပဲဖြစ်ပါတယ်။ အဲ့ဒီ voltage ကိုသိပြီး ECU ဟာ တခြား fuel system , ignition system နဲ့ emission system စတာတွေကိုလိုအပ်သလို ထိန်းချုပ်လုပ်ဆောင်ပေးပါတယ်။ EGR valve ပိတ်နေရင် 4.8V လောက်ရှိပြီး EGR valve ပွင့်နေတဲ့အချိန်ဆိုရင် 1.5V လောက်ရှိနေပါတယ်။ EGR cooler ပါတဲ့ EGR စနစ်တွေဆိုရင် exhaust gas တွေကို အပူချိန်တခုရောက်အောင် ကောင်းစွာအအေးခံပြီးမှာ inlet pipe ထဲကိုပြန်ထည့်လေ့ရှိပါတယ်။


CRD >> Sir U Zaw Moe's Book .

ဆရာဦးဇော်မိုးစာအုပ်ထဲကကူးယူထားပါသည်။ 


ကားဝပ်ရှော့ဆရာကြီးများအားလုံးကျန်းမာရွှင်လန်းတဲ့မိသားစုဝင်များနဲ့အတူ လုပ်ငန်းတွေလည်းယခုထက်ပိုပြီးအဆပေါင်းများစွာတိုးတက်အောင်မြင်ပါစေခင်ဗျာ ❤🙏


#ဝပ်ရှော့ဆရာညီအကိုတွေ အားတဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ် (၄)အုပ် ၀ယ်ယူနိင်ပါတယ်ခင်ဗျာ ❤🙏

စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ


#EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်

https://www.facebook.com/127119418075398/posts/1240203360100326/


#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်

https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398


#Wiring & ECUစာအုပ်

https://www.facebook.com/127119418075398/posts/1109230133197650/


#စက်ပြင်ဆရာလက်စွဲစာအုပ်

https://www.facebook.com/127119418075398/posts/1074605609993436/


မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 

📞09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ 


🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏🏿


🛠 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ 💁‍♂️👇

 https://t.me/+X2wga8MUZlw4M2Vl (ဂရု) 

https://t.me/automechanicsbook14 (ချန်နယ်)

No comments:

Post a Comment