Thursday, 4 August 2022

ဘာမှ မသက်ဆိုင်တော့တာကလည်း ကံကောင်းခြင်းတစ်မျိုးပဲ ....

 ဘာမှ မသက်ဆိုင်တော့တာကလည်း 

ကံကောင်းခြင်းတစ်မျိုးပဲ ....


အရင်ကတော့ ခင်မင်ချစ်ခင်ပြီး ပက်သတ်ဖူးခဲ့သူ တစ်ယောက်ယောက်နဲ့  အကြောင်းတစ်ခုခုကြောင့် လမ်းခွဲရရင် တသသနဲ့ မခွဲနိုင်ဘူး ။


မခွဲနိုင်လို့ပဲ အမျိုးစုံသော နည်းလမ်းတွေနဲ့ အတင်းဆွဲပြီး အရင်လိုပြန်ဖြစ်မလား ဆွဲချင်မိတယ် ။ ဘယ်လိုပဲ အားကုန်သုံးသုံး ဘယ်လိုမှလည်း ပြန်ပါမလာ ဆက်ဆံရေးတွေကလည်း အရင်လိုပြန်မဖြစ်လာခဲ့ရဘူး ။


နှစ်ဦးနှစ်ဘက် နာကျင်ရမယ့်အစား ဘယ်လိုမှ ပြန်ညှိမရတဲ့ ခင်မင်မှုတွေ ရင်းနှီးမှုတွေ ချစ်ခင်မှုတွေက မမုန်းတီးကြခင်မှာ ဖြတ်တောက်နိုင်တာကလည်း ကံကောင်းခြင်းတမျိုးပဲ ။ အမုန်းနဲ့လမ်းခွဲရတာက မုန်းနေရသူဘက်က အင်မတန်ကို လောင်ကျွမ်းပူလောင်ရတာကိုး ... 


—— မာရင်ရင်

No comments:

Post a Comment