Thursday, 4 August 2022

SuShi Copy from DV Htun

 #jobs

အမှန်တော့ Sushi အလုပ်က $ တော့ရသဗျ။

ဒါပေသိနားရက်ကတစ်နှစ်မှာမှ တစ်ရက် နှစ်ရက်လေးဘဲရတာပါ။ Sushi အလုပ်တွင်သူများဆိုင်မှာအလုပ်သမားအနေနှင့်ဝင်လုပ်ရင်နေစားစရိတ်ငြိမ်း တစ်ပတ်တစ်ရက်နား။ တစ်လ မိမိအလုပ်ကျွမ်းကျင်မှုပေါ်မူတည်ပြီး $၁၅၀၀ နှင့်အထက်ရနိုင်တယ်။အဲ Store ဆိုင်တစ်ခုခုမှာဆိုင်ပိုင်(လုပ်ငန်းနေရာ) ဆိုရင်တော့ အရောင်းနည်းတဲ့ဆိုင်ဆိုရင်တောင် တစ်ပတ် $၂၅၀၀ ကျော်ရမလားဘဲ။အရောင်းအသင့်အတင့်ကောင်းတဲ့ဆိုင်ဆိုရင် တစ်ပတ်ရောင်းလား $၄၀၀၀-$၅၀၀၀ ရှိမယ်ထင်တယ်။ရောင်းအားကောင်းတဲ့ဆိုင်ဆိုရင်တော့ တစ်ပတ် $၁၀၀၀၀ ကျော်ဆိုတော့ အလုပ်သမားတောင်ငှားထားရတဲ့အဆင့်။


အချို့ဆိုင်တွေကျတော့ Sushi သီးသန့် အချို့ဆိုင်တွေကျတော့ Hot Food နှင့်တွဲလျှက်ကိုင်ရသဗျ။ အစားအသောက်အလုပ်ဆိုတော့အထက်ကကြပ်တာတွေတော့ခံရမှာပေါ့ဗျာ။ နေရာတိုင်းမှာ Stress အနည်းနှင့်အများတော့ရှိသပေါ့ဗျာနော်။ Franchise အနေနှင့်သွားရတော့ ကုန်ကြမ်းဝယ်ယူရတာက ၅၀% ၆၅%ကနေ ၉၀% ထိပေးရတယ်ဆိုဘဲဗျ။ဆိုင်ယူမယ်ဆိုရင် သင်တန်းတွေအရင်တက်ရသဗျ။ဒါဟာကျနော် Sushi Helper အလုပ်လုပ်ခဲ့လို့သိရတဲ့အတွေ့အကြုံပါ။ဆရာသမားကောင်းတွေနှင့်တွေ့ဆုံခဲ့ရသလေ။သိတယ်မဟုတ်လား ပဲခူးဆားကနေရာတကာပါ တာလေ။တကယ်တော့ Sushi သမားတွေက ဘောစိတွေပါ။အချိန်ရှားပါးသတ္တဝါတွေပါ။


လေ့လာမိသလောက် Sushi ဆိုင်အများစုတည်ရှိရာ Relay's, Safeway နှင့် အခြား Shopping Malls များ၊ Sprout၊ University or College မှ Food court များ နှင့် Restaurants များတွင်ရှိပါသည်။ Sushi လိပ်တတ်ရင်ကိုထမင်းမငတ်ပါဘူးနော်။သူဌေးဖြစ်ပါတယ်။အထက်ကအထုအထောင်းအနည်းနှင့်အများတော့ခံနိုင်ရည်ရှိရပါမယ်။


သူရ 🇺🇸

No comments:

Post a Comment