Sunday, 7 August 2022

ပိုက်ဆံမချေးပါနဲ့

 မနက်ဖြန် ပြန်ပေးမယ်ဆိုလို့ ချေးလိုက်တယ် 

၅ နှစ်ကြာသွားတယ် ပြန်မရသေးဘူး 


ဆယ်ရက်လောက်ဘဲ ကြာမှာပါဆိုလို့

ချေးလိုက်တယ် ပြန်မရတော့ဘူး 


ကျန်းမာရေး ဆိုးရွားနေလို့ 

အာမခံလေးပဲ ခံပေးပါဆိုလို့

လက်မှတ်ထိုးပေးလိုက်တယ် 

လုပ်သက် ၄ နှစ်လောက် 

Bonus အပါအဝင် ဆပ်ပေးလိုက်ရတယ် 


နှစ်ပတ်လောက်ပဲ စိတ်ချပါ

ခုမပေးနိုင်ရင် သူအရှက်ကွဲမှာမို့ ကူညီပါဆိုလို့ ကိုယ့်မှာ မရှိလဲ တခြားက ယူပေးလိုက်တယ်

၈လ ကျော် အခုထိ ပတ်ပြေးနေလို့ 

တကယ် အရှက်ကွဲရတဲ့သူက ကိုယ်ဖြစ်ခဲ့ရတယ်


💥 တကယ်တော့ Risk မတွက်တတ်ခဲ့လို့ မဟုတ်ဘူး 

ခင်မင်မှုကို ပိုက်ဆံနဲ့ တန်ဖိုးမဖြတ်ဘူးထင်လို့ 💥


အခုတော့ Stress ကိုယ်စီနဲ့  ရုန်းကန်နေရတာမို့ မိတ်ပျက်ဆွေပျက် မဖြစ်ရအောင်လို့


❌ ပိုက်ဆံ လုံးဝမချေးပါဘူးနော် ❌


❌ လူကိုခင်ရင် 

ပိုက်ဆံ လာမချေးပါနဲ့  ❌


❌၁ ကျပ်မှသည် သိန်းဂဏန်းအထိ 

လုံးဝမချေးနိုင်ပါ❌


Credit

No comments:

Post a Comment