Tuesday, 26 July 2022

Green Card


 အမေရိကန်နိုင်ငံမှာအမြဲတမ်းနေထိုင်ခွင့်ရှိသူ (Green Card) ကိုင်ဆောင်သူအနေနဲ့ အမေရိကန်နိုင်ငံပြင်ပမှာ တစ်နှစ်ကျာ်နေထိုင်ခဲ့ပြီးမှ အမေရိကန်နိုင်ငံထဲကို  ပြန်လည်ဝင်ရောက်ချင်ပါသလား? 


အမေရိကန်နိုင်ငံမှာ တရားဝင်အမြဲတမ်းနေထိုင်ခွင့်ရှိသူ (LPR) ဒါမှမဟုတ် အခြေအနေအရအမြဲနေထိုင်ခွင့်ရှိသူဟာ အမေရိကန်နိုင်ငံပြင်ပမှာတစ်နှစ်ထက်ကျော်ပြီး (ဒါမှမဟုတ်) နောက်တကြိမ်ပြန်ဝင်ခွင့် (Re-entry Permit )သက်တမ်းကာလထက်ကျော်ပြီး နေထိုင်ခဲ့ရင် အမေရိကန်နိုင်ငံကို ပြန်လည်နေထိုင်ခွင့်ရရှိဖို့အတွက် အခြေစိုက်ဗီဇာအသစ်လိုအပ်ပါလိမ့်မယ်။


အခုအခါ အမေရိကန်နိုင်ငံပြင်ပမှာ တစ်နှစ်ထက်ကျော်ပြီးနေထိုင်ခဲ့သူတွေအတွက် သံရုံးမှာအင်တာဗျူးရက်ချိန်းမပေးသေးပါ။ ပုံမှန်ဗီဇာဝန်ဆောင်မှုတွေ ဆောင်ရွက်သွားနိုင်တာနဲ့တပြိုင်နက် အခြေစိုက်ပြန်လည်နေထိုင်ရန်ဗီဇာ (Returning Resident Visa) အကြောင်းစုံစမ်းနိုင်ပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံပြင်ပနေထိုင်ခဲ့တဲ့ ကာလအတောအတွင်း အမေရိကန်နိုင်ငံကို ဘာဖြစ်လို့ပြန်မသွားနိုင်ကြောင်းကိုတော့ ခိုင်လုံစွာသက်သေပြနိုင်ရပါမယ်။  ဒီအချက်ကို အောင်အောင်မြင်မြင်ကျော်ဖြတ်ဖို့ သတ်မှတ်ချက်ဟာအရမ်းမြင့်ပါတယ်။

အခြေစိုက်ပြန်လည်နေထိုင်ရန်ဗီဇာ (Returning Resident Visa) လျှောက်ဖို့အသေးစိတ်ကို  https://mm.usembassy.gov/visas/returning-resident-visa/ မှာ ကြည့်ပါ။ 


အမြဲတမ်းနေထိုင်ခွင့်ရရှိသူ (Permanent Resident) တွေအတွက်နိုင်ငံတကာခရီးသွားရေးနှင့်ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ကျေးဇူးပြုပြီးဒီဝက်ဘ်ဆိုဒ်   https://www.uscis.gov/green-card/after-green-card-granted/international-travel-a-permanent-resident#abroad  မှာကြည့်ပါ။


လေးစားစွာဖြင့်

သန်းဌေး

#thanhtaynotes 


https://www.facebook.com/thanhtaynotes/

No comments:

Post a Comment