Tuesday, 26 July 2022

DIversity Visa


 #DV2024 ထိုးမယ်လို့ စိတ်ဒုန်းဒုန်းချ ဆုံးဖြတ်နိုင်တဲ့ Member အသစ်တွေ ဒီပို့စ်မှာ လာစုနေပါ။ 


မသက်ဆိုင်တဲ့ ပို့စ်တွေမှာ လိုက်မန့်နေတဲ့ Member အသစ်တွေကို ဒီပို့စ်ရဲ့Link ကို Share ပေးရင်း ခေါ်လာပေးကြပါ။ 


New Member လို့ မိတ်ဆက်မန့်ပေးကြပါ။ 🙏🙏🙏


💪သိချင်တာ အကုန်နားလည်သွားစေရမယ်။

💪တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမသွားစေရမယ်။

💪Agent မလိုပဲ မိမိတို့ကိုယ်တိုင် လုပ်နိုင်စေရမယ်။

💪DV ထိုးတာကနေ Form DS-260 တင်တာ၊ KCC ဌာနနဲ့အဆက်အသွယ်လုပ်နေရတာ၊ DV Visa Interview တာ၊ လေယာဉ်ခရီးစဉ်၊ 🇺🇸အမေရိကန်နိုင်ငံ 🦅လင်းယုန်မြေပေါ်ရောက်ပြီး ဘယ်လိုရုန်းကန်အောင်မြင် အခြေချနေထိုင်မလဲဆိုတာ တာတာတာတွေအကုန် တတ်ကျွမ်းစေရမယ်။


😍#Bonus DV မပေါက်ရင်လည်း လင်ရ မယားရ အဖတ်တင်သွားစေရမယ်။💘😂😂😂


DV (Diversity Visa) ဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးက လူမျိုးပေါင်းစုံကို အမေရိကန်နိုင်ငံမှာ အမြဲနေထိုင်ခွင့်ပေးတဲ့ Permanent Resident (PR/Green Card)ကို အခမဲ့ ကံစမ်းမဲအနေနဲ့ နှစ်စဉ် နိုင်ငံတကာကနေ လျှောက်လို့ရအောင် အထူးအခွင့်အရေးပေးတာဖြစ်တယ်။ အဲဒီအတွက် DV လျှောက်လွှာကို October - November အတွင်း တင်ကြရပါတယ်။


1)DV ထိုးမယ့်သူ (ဦးဆောင်နာမည်နဲ့လျှောက်လွှာတင်မယ့်သူ)ဟာ မြန်မာပြည်အတွက်ဆိုရင် ပညာအရည်အချင်း ဆယ်တန်းအောင်ရမယ်။ နိုင်ငံခြားကျောင်းတက်နေသူဆိုရင် အဲဒီသက်ဆိုင်ရာနိုင်ငံရဲ့အထက်တန်းကျောင်းအောင်ရမယ်။ ဆယ်တန်းမအောင်ခဲ့ရင် လုပ်သက်အတွေ့အကြုံ (၂)နှစ်နဲ့အတူ စာရွက်စာတမ်းအထောက်အထားပြနိုင်ရမယ်။ 

👍Company ရဲ့အလုပ်ခန့်စာ

👍Cover Letter and 

👍Recommendation Letter ပါလိုအပ်မယ်။ 

⚠️မရရအောင်လုပ်ထားရမယ်။


#ပညာရေးဆိုင်ရာ နဲ့ အလုပ်အကိုင်အတွေ့အကြုံဆိုင်ရာ အမေရိကန်နိုင်ငံရဲ့တောင်းဆိုချက် 👉https://www.facebook.com/groups/MyanmarDvLottery/permalink/2228522840639128/


⚠️No Excuse

2) DV ထိုးမယ့်သူ (ဦးဆောင်နာမည်နဲ့လျှောက်လွှာတင်မယ့်သူ)ဟာ အိမ်ထောင်ရှိလျက်နဲ့ လင်ကမလိုက်ချင်ရတာနဲ့၊ မယားကမလိုက်ချင်ရတာနဲ့ လင်နဲ့မယားညှိနှိုင်းလို့မရပဲ ပြဿနာဖြစ်နေတဲ့သူတွေအနေနဲ့ Single ဆိုပြီး လုံးဝမဖြည့်မိပါစေနဲ့။ ဒီလိုအိမ်ထောင်ရေးပြဿနာရှိတဲ့ သူတွေအတွက် ကျနော်တို့အနေနဲ့ ဘယ်လိုဖြေရှင်းပေးလို့မရပါဘူး။ 


ကွကို ဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်ဖြစ် DV တင်ခဲ့တုန်းက Married ဖြစ်နေရက်နဲ့ကို Single လုပ်တင်တာဟာ Fraudulently ဖြစ်တဲ့အတွက် နောက်နောင် တခြားဘာအမေရိကန် Visa ကိုမှ လျှောက်လို့မရတော့ပါဘူး။ ဒါကို DV မတင်မှီကတည်းက အတန်တန်သတိပေးလိုက်ပါတယ်။ 👌👌👌


🚨အဲဒီလိုလူမျိုးတွေ DV ပေါက်လဲ DS-260 တင်ဖို့ #လုံးဝ မကြိုးစားမိပါစေနဲ့။ 


👌မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ ကာလာဓာတ်ပုံတစ်ပုံစီ ဖြည့်ကိုဖြည့်ရပါမယ်။


👌DV လျှောက်လွှာတင်တဲ့အချိန်အထိ ရှိနေဖြစ်နေတဲ့အခြေအနေအမှန်အတိုင်းကို ဖြည့်ပါ။ အိမ်ထောင်စုစာရင်းထဲရှိနေတဲ့ မိသားစုအားလုံးရဲ့ ကိုယ်ရေးရာဇဝင်တွေကို တစ်ယောက်မကျန်ဖြည့်ပါ။ အသက် ၂၁နှစ်အောက် ကလေးတွေရှိရင် ရှိတဲ့အတိုင်းဖြည့်ပါ။  အသက် ၂၁နှစ်အောက် တရားဝင်မွေးစားထားတာတွေရှိရင် ရှိတဲ့အတိုင်းဖြည့်ပါ။  


⚠️ကိုယ်ဝန်ဆောင်တုန်းဖြစ်ပြီး တကယ်မမွေးဖွားသေးတဲ့ကလေးကို ကြိုပြီးတော့ လုံးဝမဖြည့်ပါနဲ့။ 


👌အသက် ၂၁နဲ့အထက်ဆိုရင် မိဘနဲ့မသက်ဆိုင်တော့ပဲ အိမ်ထောင်မရှိသေးရင် DV ပေါက်သူတစ်ယောက်သာ အမေရိကန်နိုင်ငံကို သွားခွင့်ရတာဖြစ်တယ်။ Green Card ရပြီးတော့မှသာ မိဘကို ပြန်ခေါ်လို့ရပါတယ်။ အမေရိကန်နိုင်ငံရဲ့ မိသားစုဆိုတဲ့အချက်မှာ အိမ်ထောင်ကျပြီဆိုတာနဲ့ လင်မယားနဲ့ကလေးတွေကိုပဲ မိသားစုအဖြစ်သတ်မှတ်တော့ DV ပေါက်ရင် နှစ်ဘက်သောမိဘတွေမပါပဲ လင်မယားနဲ့ကလေးတွေပဲ အမေရိကန်နိုင်ငံကို ဝင်ခွင့်ရပါတယ်။  ညီအစ်ကိုမောင်နှမလည်း တခါတည်းအတူတွဲလိုက်ခွင့် လုံးဝမရပါဘူး။


#အိမ်ထောင်ရေးဆိုင်ရာ 👉https://www.facebook.com/groups/MyanmarDvLottery/permalink/2084833911674689/


၃)ကိုယ်ရေးရာဇဝင်ဆိုင်ရာလိုအပ်ချက်အနေနဲ့ မွေးစာရင်း၊ အိမ်ထောင်စုစာရင်း/သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ #ယာဉ်မောင်းလိုင်စင်၊ ဆယ်တန်းအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ ရာထူးရာခံအစရှိတဲ့ လက်မှတ်တွေမှာပါတဲ့ နာမည်၊ မွေးသက္ကရာဇ်၊ မွေးဖွားရာဇာတိ အကုန်တူနေအောင်​ ခုကတည်းက ပြင်ဆင်ထားပြီးတော့မှ Passport စာအုပ်ကို အဲဒီအတိုင်း အတိအကျလုပ်ထားပါ။


#ကိုယ်ရေးရာဇဝင်ဆိုင်ရာလိုအပ်ချက် 👉https://www.facebook.com/groups/MyanmarDvLottery/permalink/2049095765248504/


#မွေးစာရင်း

https://www.facebook.com/groups/MyanmarDvLottery/permalink/2031314967026584/


​၄) နာမည်ဆိုင်ရာလိုအပ်ချက်အနေနဲ့ အမေရိကန်နိုင်ငံကို ဝင်ရောက်လာမယ့်သူဟာ အမေရိကန်နိုင်ငံရဲ့ နာမည်ရေးသုံးတဲ့စနစ်ထဲဝင်ဖို့လည်း လိုပါလိမ့်မယ်။ 


✍️ မြန်မာနိုင်ငံမှာ သုံးနေတဲ့ နာမည်ရှေ့က 

မောင်/မ/ဦး/ဒေါ်/ဆရာ/အရှင် ဆိုတဲ့ ဂုဏ်ရည်ပြအသုံးအနှုန်းတွေကို အမေရိကန်နိုင်ငံဆိုင်ရာ နာမည်ရေးသွင်းရာမှာ ထည့်ဖို့မလိုပါဘူး။ အဓိက နာမည်ရင်းကိုသာ ဖြည့်ရေးရတာဖြစ်ပါတယ်။


✍️ အဲဒီလိုနာမည်ရေးသွင်းရာမှာ 

First Name (နာမည်အစ စကားလုံး)

Middle Name (နာမည် အလယ်စကားလုံး)

Last Name (နာမည် နောက်ဆုံးစကားလုံး) ဆိုတဲ့ နာမည်တစ်ခုမှာ ပါဝင်တဲ့ နာမည်ထားသိုသတ်မှတ်ချက်စနစ်နဲ့ ဖြည့်သွင်းရပါတယ်။ ထပ်မံဖြည့်စွက်ပေးပါအုံးမယ်။


#နာမည်ဆိုင်ရာလိုအပ်ချက် 👉https://www.facebook.com/groups/MyanmarDvLottery/permalink/1991312814360133/


👉https://www.facebook.com/groups/MyanmarDvLottery/permalink/2030338300457584/


😍ကြားကာလ

DV လျှောက်လွှာတင်ထားပြီးတဲ့နောက် အိမ်ထောင်ပြုတဲ့သူနဲ့ DV ပေါက်ပြီးတဲ့နောက် Form DS-260 မတင်မှီ အိမ်ထောင်ပြုတဲ့သူ 


အဲဒီကြားကာလ နှစ်ခုလုံးမှာ သက်ဆိုင်ရာတရားရုံးနဲ့ မင်္ဂလာအခမ်းအနားတစ်ခုခုလုပ်ပြီး တရားဝင်လက်ထပ်ထိမ်းမြားမင်္ဂလာဆောင်တဲ့ အကြင်လင်မယားဖြစ်ရပါမယ်။ 


⚠️DV လျှောက်လွှာတင်ထားပြီးတဲ့နောက် အိမ်ထောင်ပြုတဲ့သူရဲ့ Case ဟာ Consular Officer အနေနဲ့ ယုံကြည်မှုပိုရှိနိုင်တော့ Save ဖြစ်ပါလိမ့်မယ်။


⚠️DV ပေါက်ပြီးတဲ့နောက် Form DS-260 မတင်မှီ အိမ်ထောင်ပြုတဲ့သူရဲ့ Case ကတော့ အရမ်းနီးကပ်လွန်းတဲ့ အနေအထားဖြစ်နေလို့ Consular Officer အနေနဲ့ အပြည့်အဝယုံကြည်မှုရဖို့ အတော်စဉ်းစားဆုံးဖြတ်ရပါလိမ့်မယ်။


😍ဒါကြောင့် လက်ထပ်ဖို့ရည်ရွယ်ထားမှတော့ ခုကတည်းက လက်တွေ့အကောင်အထည်ဖော်တဲ့အနေနဲ့ အမြန်သာ လင်ယူသားမွေးလိုက်ကြပါ။ 💞


#အိမ်ထောင်ပြုခြင်းဆိုင်ရာနောက်ဆက်တွဲ 

👉 https://www.facebook.com/groups/MyanmarDvLottery/permalink/2228755300615882/?fs=e&s=cl


#JamesMirror

No comments:

Post a Comment