"ယုံကြည်စွာ ခိုလှုံရာ" အပိုင်း ၉။ (Asylee တစ်ယောက်ရဲ့လုပ်ငန်းစဉ်) #Asylum
Asylum Process မှာ ထိပ်ဆုံးဖောင်တင်ပြီးရင် အလုပ်လုပ်ခွင့် EAD ကတ် ရပါမယ်။ အများအားဖြင့် Asylum တင်ပြီး ၃ လအတွင်း A နံပါတ် ရနိုင်ပါတယ်။ နောက် ၁ လ မှာ လက်ဗွေနှိပ်နိုင်ပါတယ်။ နောက်များမကြာခင် အင်တာဗျူးဒိတ် ရနိုင်ပါတယ်။ နောက်ဆက်တွဲ လုပ်ဆောင်ရန်တွေကြားမှာ ဒုတိယအင်တာဗျူးပြီးလို့ Asylum အောင်မြင်သွားရင် ၁ နှစ်အတွင်း Green Card လျှောက်ခွင့်ရှိပါတယ်။ ဒါက ၁ နှစ်ကနေ ၃ နှစ်အထိကြာတတ်တဲ့ ကိစ္စကို အားလုံးအဆင်ချောသယောင်ယောင် စာတစ်ကြောင်းထဲနဲ့ အပြီးရေးထားတာ။
အဲဒီ Green Card ဟာ ယာယီကတ်မဟုတ်ပါ။ သက်တမ်း ၁ဝ နှစ်ရှိပြီး ဆက်တိုက်နေထိုင်မှု-Residency ၅ နှစ်ဆက်တိုက်ရှိရင် အမေရိကန်နိုင်ငံသားဖြစ်ဖို့ Neutralization Test ဖြေပြီး ကျမ်းကျိမ်လိုက်တာနဲ့ အများနည်းတူ မဲပေးခွင့်ရတဲ့ နိုင်ငံသားအဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
အမေရိကားရောက်ပြီး ၁ နှစ်အတွင်း Asylum တင်ရင် မိမိကသာ ရုံးကိစ္စအကုန်လုပ်တတ်ရင်၊ ပြည့်စုံအောင် လုပ်နိုင်ရင် ရှေ့နေမပါဘဲ တင်သူတွေ ရှိပါတယ်။ အမှားအယွင်းရှိရင်လည်း ရုံးက လိုအပ်ချက်ကိုပြင်ဖို့ စာပို့တာကြောင့် စာသွား စာလာတွေကို ဂရုစိုက်ရပါမယ်။ ဒီအမေရိကန်မြေပေါ်ရောက်တဲ့ရက်ကစ ၁ နှစ်ကျော်သွားသူမှာ Asylum လျှောက်လို့ မရတော့ပါဘူး။
ဒီအောက်မှာတော့ လျှောက်ရမယ့်ဖောင်နံပါတ်တွေကို သတ်သတ်စီဖွင့်ဖတ်နိုင်ပါတယ်။
Asylum လျှောက်ဖို့ဖောင်- I-589, Application for Asylum and for Withholding of Removal $50 - https://cutt.ly/Lnimjzl
လက်ဗွေနှိပ်ဖို့ကတ်ပြား- FD-258 Fingerprint Card- https://cutt.ly/SnimbkV
အလုပ်လုပ်ခွင့်ဖောင်- I-765, Application for Employment Authorization $410- https://cutt.ly/9nimITP
Social Security Card လျှောက်ဖို့ဖောင်- https://www.ssa.gov/forms/ss-5.pdf
Green Card လျှောက်ဖို့ဖောင်- I-485, Application to Register Permanent Residence or Adjust Status $1130- https://cutt.ly/9nimJnA
ရောက်ရှိ/ထွက်ခွာ I-94 ကတ်ပြားဖြည့်ဖို့နေရာ- https://cutt.ly/inimXPb
Over Stay အတွက် တင်ရန် ဖောင်- I-601 $1010/$960- https://cutt.ly/Fnim6kH
Refugee Travel Document ခရီးသွားခွင့်ဖောင်- I-131 $590- https://cutt.ly/DniQyEy
အိမ်လိပ်စာပြောင်းတဲ့ဖောင်- AR-11-- https://cutt.ly/SniQoRk
အားနည်းချက် အားသာချက်
________________________ Asylum-Seeker တစ်ယောက်ရဲ့ဘဝဟာ Refugee လောက် မငြိမ့်ပါဘူး။ Refugee က ရေမီးအစုံ၊ အခြေချစရာ၊ အစိုးရအထောက်အပံ့နဲ့ သင်တန်းနဲ့ Status အပါ လာရတာ ဖြစ်ပြီး Asylum-Seeker တစ်ယောက်က ဒီမြေပေါ်ရောက်မှ Status ရဖို့ အစကနေ ပြန်ကြိုးစားရတာ ဖြစ်ပါတယ်။
အားသာချက် အားနည်းချက်
________________________ Asylum-Seeker က ဒီမြေကို အရင်ရောက်ပြီးမှ တရားဝင်မှုကို နောက်မှ ရှာရတာဖြစ်ပြီး Refugee က ပြည်ပမှာကတည်းက တရားဝင်ဖြစ်ခဲ့ပေမဲ့ မိမိအလှည့်ကျဖို့ ကာလရှည်ကြာ စောင့်ဆိုင်းရလေ့ ရှိပါတယ်။
ဒါပေမဲ့ ဒီ ၂ မျိုးလုံးဟာ ခိုလှုံသူတွေသာဖြစ်ပြီး အစိုးရစာမျက်နှာမှာ "You must meet the definition of a refugee in order to be eligible for asylum" လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတာကို အရှိအတိုင်း တင်ပြလိုက်ပါတယ်။
အောင်မြေနင်း၍ အောင်ပန်းကိုဆင် စစ်အုပ်စုကို အမြစ်က ဖြတ်ချနိုင်ပါစေ။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
05-29-2021

No comments:
Post a Comment