Credit and reference from Ko Kyaw Tun facebook post
အမေရိကန်ပြည်ထောင်စုတွင် ကျောင်းသား ၊ ကျောင်းသူကို အဓိကထား ( students center approach ) ကို သင်ယူခဲ့ရသည့် ကျောင်းသားအမြင်
ကျွန်တော်ရဲ့ Women ,Gender, and Sexualities အခန်းတွင် ပါမောက္ခက ကျောင်းသား ၊ ကျောင်းသူတွေကို အခန်းကိုလာမခင် စာဖတ်ခိုင်းပါသည်။ စာတွေကတော့အများကြီးပါ။ တစ်နေ့ ကို ဆောင်းပါးနှစ်ခုလောက်ဖတ်ရပြီး ထိုဆောင်းပါးတွေကို Hunter College Library Archives က file ထဲတွင်ထည့်ထားပါသည်။ ကျွန်တော့်ကို syllabus ဆိုတာပေးပါသည်။ ထိုစာရွက်ထဲတွင် ဘယ်နေ့တွင် ဘာသင်မည် ၊ ဘယ်နေ့တွင် ဘာစာမေးပွဲရှိတယ်ဆိုတာ ရေးထားပါသည်။ ဘယ်နေ့တွင် ဘာသင်မည်ဆိုတာ ကြိုသိတာကြောင့် ဘာဖတ်ရမည်ဆိုတာလဲကြိုသိပါသည်။
မနက်ဖြန် မိန်းမတွေဘာလို့ဖိနှိပ်ခံရလဲဆိုတာ ဖတ်မယ်ဆိုရင် စာရေးဆရာနှစ်ယောက်ရေးထားတာကို ဖတ်ခိုင်းပါသည်။ နှစ်ခုစလုံးက ဆန့်ကျင်ဖတ်အမြင်တွေဖြစ်ပါသည်။
ဒါတွေကိုဖတ်ပြီးရင် ကျွန်တော် turnitin.com တွင် ကျွန်တော့်တွင်ရှိ့ သောမေးခွန်းများ ၊ ရှိသောပြောချင်သောအရာများအားလုံးကို ကျွန်တော်ရေးပါသည်။ ရေးရမည့်စကားလုံးအရေအတွက်က အနည်းဆုံး Microsoft Word တွင် 250 words ဖြစ်ရပါမည်။ ဖတ်တာကို သက်သေအနေနှင့် ရေးခိုင်းတာဖြစ်ပါသည်။ တစ်ချို့ကျောင်းသား ၊ ကျောင်းသူတွေက တကယ်မဖတ်လို့ ဒီလိုရေးခိုင်းတာဖြစ်နိုင်ပါသည်။ ဖတ်ကိုဖတ်ဖြစ်အောင် ဖတ်ပြီးထားတာတွေကို ထင်မြင်ချက်တွေကိုရေးခိုင်းတာဖြစ်ပါသည်။ ရေးတာကို Journal လို့ ခေါ်ပြီး ဒါကို 20% အမှတ်ပေးပါသည်။
အတန်းထဲရောက်တာနှင့် ပါမောက္ခက အခန်းကို စက်ဝိုင်းလိုပုံစံထားပါသည်။ တကယ့်စက်ဝိုင်းလိုပုံစံထားပါသည်။ စာသင်သည့် semester အစပိုင်းတွင် ကျောင်းသား ၊ ကျောင်းသူတွေကို နာမည်တွေကို စာရွက်ကိုဖြဲ ၊ ခေါက်ပြီး ရေးခိုင်းကာ တစ်ယောက်နှင့်တစ်ယောက်မြင်လို့ရအောင် တင်ခိုင်းပါသည်။ တစ်ယောက်နဲ့တစ်ယောက် နာမည်ခေါ်ပြီး ပြောဖို့ဖြစ်ပါသည်။
သူကနေ ဦးဆောင်ပြီး ဆွေးနွေးတာကို စပါသည်။
သူကနေ မင်းဘာထင်လဲဆိုတာနဲ့စပါသည်။
What is your reaction to this?
Why do you think it is?
What’s the main argument?
Why does it happen?
How does it happen?
နောက်ပြီး သူမေးချင်တဲ့မေးခွန်းတွေကိုမေးပါသည်။ မေးခွန်းတွေကတော့ တစ်ခေါက်နဲ့တစ်ခေါက်မတူပါ။ သူမေးချင်တာမေးတာဖြစ်ပါသည်။ ဒါကို အတန်းထဲကနေ ဖြေရမှာဖြစ်ပါသည်။ အဖြေကို လုံးဝမပေးပါ။ မေးခွန်းတွေက စာကိုသေချာဖတ်မှ ဖြေနိုင်သောအရာတွေဖြစ်ပါသည်။ ကျွန်တော်တစ်ခါတစ်လေ စာဖတ်တာတောင် နားမလည်ပါ။ ကျွန်တော်စာဖတ်သည်။ ဆရာမမေးခွန်းတွေကို ကျွန်တော်မဖြေနိုင်တော့ ကျွန်တော်စာမနားမလည်ဘူးဆိုတာ သိလိုက်ရပါသည်။
ကျောင်းသား ၊ ကျောင်းသူတွေကို ဖြေခိုင်းပါသည်။ ခုံပေါ်တွင် သူကထိုင်ပြီး အဖြေကိုစောင့်နေပြီး တစ်ခါတစ်လေ အခန်းက တိတ်သွာပါသည်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာကိုကြည့်နေကြသည်။ မင်းဖြေမှာလား။ ငါတော့ဖြေဘူးကွာ လို့တွေးနေတာတွေကို စကားမပြောလဲ မျက်နှာတွေတွင် တွေ့ရပါသည်။ ပြီးမှ ကျောင်းသူတစ်ယောက်က တိတ်ဆိတ်နေတာကို စကားစပြောပြီးရပ်လိုက်တော့မှ အဆင်ပြေသွားပါသည်။ နောက်ပြီးသူက အတန်းထဲမှာ စကားပြောတာကို 25% တောင် အမှတ်ပေးတဲ့အတွက် ကျွန်တော့်မှာစကားပြောဖို့ပြောဖို့အရာတွေ ရှာကြံရပါသည်။ တစ်ခါတစ်လေ ပြောပြီးတာတောင် ဦးနှောက်က မေးဖို့မေးခွန်းတွေ ကုန်သွားပါသည်။ ကျွန်တော်က ဖတ်ထားတာကိုမူတည်ပြီး ဖန်တီးပြီးပြောရပါသည်။ အတန်းထဲမှာ စကားပြောတာကို အမှတ်ပေးတော့ ကျွန်တော်စာအကြောင်းကို စဉ်းစားရပါသည်။ ကျွန်တော့်ဦးနှောက်က စာအကြောင်းကိုစဉ်းစားရတော့ ဒီအခန်းတွက် စာပြန်ဖတ်တယ်ဆိုတာ ရှားပါသည်။ ကျွန်တော်အနေနဲ ့Mid-term အတွက် အဆင်သင့်ဖြစ်နေပါသည်။ ကျွန်တော်ကစဉ်းစားနေတော့ စာမေးပွဲအတွက် အဆင်သင့်ဖြစ်ပြီးဆိုတာ ကျွန်တော့်ကို ကျွန်တော်ယုံကြည်မှုရှိပါသည်။ ငါစာတွေသိပြီးသား။ ငါစိတ်ပူစရာမလိုဘူးတောင်ဖြစ်လာပါသည်။ တစ်ခြားအခန်းတွေအတွက် ဒီလိုမျိုး မဖြစ်ခဲ့ပါ။ တစ်ချို့ ပါမောက္ခတွေက သူတို့ပဲပြောချင်တာ ပြောပြီးသင်ကြပါသည်။ ပြီးရင် စိတ်က ရောက်ချင်တဲ့နေရာရောက်ပြီး အကုန်မေ့သွားပါသည်။
Active Learning
ကျွန်တော့်ကို ဦးနှောက်ထဲတွင်စာတွေရှိနေကြောင်းကို ကိုယ့်ကိုကိုယ်သတိထားမိပြီး စာမေးပွဲအတွက် ငါစာအဲ့လောက်ကြည့်စရာမလိုဘူးဆိုတာက ကျွန်တော်ဖတ်ခဲ့တဲ့အရာကို ခေါင်းထဲတွင်စဉ်းစားမိ စေလို့ဖြစ်ပါသည်။ ဆရာမက သူပြောချင်တာကို အကြာကြီးမပြောပါဘူး။ ကျောင်းသား ၊ ကျောင်းသူတွေကို စဉ်းစားခိုင်းပါသည်။ အတန်းထဲတွင် 25%တာင် အမှတ်ပေးတော့ ကျွန်တော်စဉ်းစားရပါသည်။ ကျွန်တော်စဉ်းစားပြီးမှ ပြောလို့ရတာပါ။. ကျွန်တော်စဉ်းစားတော့ ကျွန်တော်သိသွားပါသည်။ တစ်ခါတစ်လေ နားလည်သွားသည်။ ကျွန်တော် အမြဲတမ်းချရေးနေသည်။ ဘယ်အရာနဲ့ဘယ်အရာက ဘယ်လိုဆက်စပ်လဲ။
နားမလည်ရင်တောင် အနည်းဆုံးစဉ်းစားလိုက်တော့ ငါနားမလည်ဘူးဆိုတာ သိသွားပါသည်။ မစဉ်းစားရင် နားလည်လား ၊ နားမလည်ဘူးလားဆိုတာတောင် မသိပါ။ အတန်းထဲကို မေးခွန်းတွေပြောပြီး ကျွန်တော့်ကိုစဉ်းစားခိုင်းတော့ ကျွန်တော်စဉ်းစားမိသွားပါသည်။
စကားပြောဖို့ကို စဉ်းစားရပါသည်။ ဦးနှောက်နဲ့စကားပြောတာက ဆက်စပ်နေပါသည်။ စကားပြောခိုင်းတော့ ဦးနှောက်ကို အလုပ်လုပ်ခိုင်းပါသည်။ ဦးနှောက်ကစာအကြောင်းကိုစဉ်းစားရပါသည်။ ဦးနှောက်ထဲတွင် စာအကြောင်းကို စဉ်းစားရတော့ ဦးနှောက်ကနေ စာကိုမှတ်မိသွားသည်။ ပါမောက္ခက အတန်းထဲတွင်သူပြောချင်တာကို ပြောနေတုန်း နားထောင်ရတဲ့ ကျောင်းသား ၊ ကျောင်းသူတွေစိတ်က ရောက်ချင်တဲ့ နေရာ ရောက်သွားပါသည်။ ပါမောက္ခစကားပြောတာက ကျောင်းသား ၊ ကျောင်းသူဦးနှောက်ကို မစဉ်းစားစေပါ။ အာရုံစိုက်နားထောင်တဲ့ ကျောင်းသား ၊ ကျောင်းသူ ဘယ်နှစ်ယောက်ရှိလဲ။ အာရုံစိုက်ရင်တောင် ဘယ်လောက်ကြာအောင် နားထောင်လဲ။ စိတ်သည် အာရုံပျံ့လွှင့်တတ်သော အရာဖြစ်သည်။ ဦးနှောက်နှင့်စိတ်ကို အကြောင်းအရာတစ်ခုကို စဉ်းစားခိုင်းရမည်။ စဉ်းစားခြင်းသည် ဦးနှောက်ထဲတွင် ထိုအကြောင်းအရာကို ကျန်စေသည်။ ကျန်စေတော့ မှတ်မိသည်။ နားလည်လား ၊ နားမလည်ဘူးဆိုတာကိုလည်း ကိုယ့်ကိုကိုယ်သိစေသည်။
Passive Learning
ပါမောက္ခက စကားပြောပြီး သူပြောချင်တာကို ပြောတာကို နားထောင်နေရသော ကျောင်းသား ၊ ကျောင်းသူသည် သူ့ဦးနှောက်ကို အလုပ်ပေးမလုပ်ပါ။ အာရုံက တစ်ခြားနေရာရောက်ဖို့က ရာခိုင်နှုန်းပိုများပါသည်။ ကိုယ်နားလည်လား ၊ နားမလည်ဘူးလားဆိုတာကို တန်းမသိတော့ ပါမောက္ခကို မမေးဖြစ်ပါ။ အတန်းထဲတွင် စဉ်းစားနေတော့ နားမလည်တာနဲ့ ပါမောက္ခကို တန်းမေးလို့ရသည်။
ဒီလိုအတန်းထဲတွင် ပါမောက္ခက ကျောင်းသား ၊ ကျောင်းသူတွေကို စကားပြောခိုင်းလိုက်တော့
တစ်ခြား ကျောင်းသား ၊ ကျောင်းသူတွေရဲ့ ဘဝအခြေအနေကိုသိကြပါသည်။ ပါမောက္ခက မတူညီသော အမြင်တွေ ၊ နည်းနည်းကြားရတာ ခက်ခဲသောအရာတွေကိုလည်း လေးစားပါလို့ပြောပါသည်။ ဒီစည်းကမ်းသည် အရေးကြီးသည်။ ကျောင်းသား ၊ ကျောင်းသူတစ်ယောက်ပြောတာကို နောက်တစ်ယောက်က ကြိုက်ချင်မှကြိုက်မည်။ သဘောမတူတာလည်း ဖြစ်နိုင်သည်။ သို့သော် လေးစားမှုကိုပြပြီး နားထောင်ရမည်။
မိန်းမတွေဖိနှိပ်ခံရတဲ့အကြောင်းကို သင်ရတဲ့အခန်းဖြစ်တော့ မိန်းမတွေရဲံ အတွေးအမြင်တွေကို ကျွန်တော်သိခဲ့ရသည်။
ပါမောက္ခက မေးခွန်းနဲ့စပြီး ကျောင်းသား ၊ ကျောင်းသူပြောတာတွေကို နားထောင်ပြီး Good စသည့် ကော့မက်တွေပေးပါသည်။ သူသဘောမတူရင် ပြန်ပြီးချေပတာတွေရှိပါသည်။ မေးခွန်းတွေကို အမြဲတမ်းမေးနေပြီး သူကဘေးကနေ ထိုင်ကြည့်နေသောသူတစ်ယောက်ဖြစ်ပါသည်။ တစ်ခါတစ်လေတော့ သူကဝင်ပြီးတော့ ထိန်းပါသည်။ မေးခွန်းတွေကလည်း သူမေးချင်တာတွေကို သူကြိုက်တဲ့အချိန်ကိုမေးပါသည်။
နောက်ပြီးသူက ဦးနှောက်ထဲတွင်ရှိသော အရာကို အရင်စဉ်းစားခိုင်းပြီးမှ အသစ်ကိုစဉ်းစားခိုင်းပါသည်။
ဥပမာ- Gender ဆိုတာဘာလဲ။ Sexuality ဆိုတာဘာလဲကို ကျောင်းသား ၊ ကျောင်းသူတွေကို အဖွဲ့သေးသေးလေးတွေဖွဲ့ပြီးတော့ စာရွက်တစ်ရွက်တွင်ချရေးခိုင်းပြီး အချင်းချင်းဆွေးနွေးခိုင်းပါသည်။
ကျွန်တော်ကတော့ Gender ဆိုတာဘာဲ။ Sexuality ဆိုတာဘာလဲ စတာတွေကို ကျွန်တော်စဉ်းစားမိပါသည်။ ပြီးရင် ကျွန်တော့်ဘေးနားက လူနှစ်ယောက် သုံးယောက်နဲ့ ကျွန်တော်တို့ဘာထင်လဲဆိုတာကို ပြောရပါသည်။ ဦးနှောက်ထဲတွင် ဒီအကြောင်းအရာကို ကျွန်တော်သိတာတွေကို စဉ်းစားပြီးတော့ ဒီအကြောင်းအရာနဲ့ ဆိုင်တဲ့ အသစ်တွေကို သင်ရတဲ့အခါ လွယ်သွားပါသည်။ ဒီနည်းလမ်းတွေကို သူမက သုံးပါသည်။
ကျောင်းသား ၊ ကျောင်းသူကို အဓိကထားသင်ကြားနည်းသည် ကျောင်းသား ၊ ကျောင်းသူကို စဉ်းစားစေသည်။ စဉ်းစားစေတော ဦးနှောက်ထဲတွင်ရောက်စေသည်။ ပါမောက္ခက သူပြောချင်တာကို ပြောပြီးသင်ရင် ကျောင်းသား ၊ ကျောင်းသူဦးနှောက်ထဲရောက်တယ်ဆိုတာ အာမမခံ။ ကျောင်းသား ၊ ကျောင်းသူအာရုံတွေက ပျံ့ လွှင်နေမည်။ သို့သော် ကျောင်းသား အခြေပြု နည်းလမ်းသည် နားလည်လား ၊ နားမလည်ဘူးလားဆိုတာကိုလည်း တန်းသိစေသည်။
Active Learning Resources
https://teaching.cornell.edu/resource/getting-started-active-learning-techniques
https://teaching.berkeley.edu/active-learning-strategies
Teaching Methodologies, Part II: Active Learning: Why and How
https://www.youtube.com/watch?v=hGBNi4P9OfA
Kyaw Tun
Pages
- Home
- Ko Nyi Nyi Taungyi Page
- Stock forecasts
- English Learner
- Learn English as a second language
- EWRT and ESL
- Chemistry30 class
- Humanities class
- Nursing Library
- Art & Humanity
- Algebra- Intermediate
- sociology
- psychology
- College Algebra ( Pearson)
- Chem30A
- Legal service
- Nursing
- Biology 40B
- Biology 40C
- COMPUTER CIS2
- Yale free online learning
- Airport Delay
- National Institute of Aging
- Flight tracker
- Cosmetology Registration
- History Facts
- Cosmetology application
Subscribe to:
Post Comments (Atom)
No comments:
Post a Comment