Califonia Real ID လျှောက်မယ်ဆိုလျှင်အောက်ဖော်ပြပါပုံထဲကဒီchecklist အတိုင်းလိုအပ်ပါတယ် အချက်၃ချက်ထဲကတခုစီရှိရင်ရပါပြီ။
Greencard ရပြီးမှသွားလျှောက်ရင်ပိုအဆင်ပြေပါတယ်။
ကျမတုန်းက ပတ်စပို့နဲ့ဆိုရှယ်ဘဲယူသွားတာ လျောက်လို့ရပေမယ့် background check လုပ်နေတာနဲ့ဘဲ တနှစ်ကြာသွားတယ် ။
ရုံးကို လျှောက်ပြီးတော့ ရက် ၆ဝကြာ ကတ်မသေးလို့သွားစုံစမ်းတယ်မရသေးဘူးverification လုပ်နေလို့ကြာတယ်ပြောတယ် လေးလကြာတယ်သွားမေးတယ်မရသေးဘူး။
၆လကြာတယ်သွားမေးတယ်မရသေးဘူး။ verify လုပ်နေတုန်းဘဲဖြေတယ်
တနှစ်ရောက်တော့ရုံးပြန်သွားတယ်လျှောက်လွှာအသစ်ပြန်တင်ရင်းpayment ကိစ္စမှာတော့မနှစ်ကကျမတင်တာခုထိမရသေး လို့ငါပြန်တင်ရခြင်းဖြစ်တယ်လာမေးတိုင်းverify လုပ်နေတုန်းဆိုတဲ့အဖြေကလွဲလို့ကျန်တဲ့solution မရခဲ့ဘူး။
ငါငွေထပ်ပေးရအုံးမှာလားဒီအတွက်ဆိုတော့ သူက duration က expired ဖြစ်သွားပြီတဲ့ ပြန်သွင်းရမယ်တဲ့ငွေ၂ခါကုန်ခဲ့ပါတယ်။
တကယ်တော့ပထမ,ဒုတိယအကြိမ်၊တတိယအကြိမ်တုန်းကတွေ့ခဲ့တဲ့ဝန်ထမ်းတွေကလည်းအလွယ်ဘဲဖြေပေးတယ် findout မလုပ်ပေးဘူး။
အမှန်ဆိုရင်ဘာလိုအပ်နေတာလည်းဆိုတာပြောပြပေးရမှာ။မေးမြန်းနေတဲ့ကြားကနေကိုယ်ကငွေ၂ခါကုန်သွားခဲ့တာ။
ဒါတောင် ကိုယ်က အမြဲfollowup လုပ်နေတာနော်။
နောက်ဆုံးစတုတ္ထကြိမ်တွေ့ခဲ့တဲ့ ဂျပန်အမျိုးသမီးကတော့ very helpful and provide alot of information. ကျေးဇူးအကြိမ်ကြိမ်တင်နေမိတယ်။ တာဝန်ယူတာဝန်ခံတဲ့ဝန်ထမ်းကောင်းတယောက်မို့လေးစားမိတယ်။
ဒုတိယအကြိမ်တင်တဲ့အခါမှာဘာကြောင့်ဒီလိုဖြစ်တာလည်းလို့မေးတော့ နင်green card နဲ့အတူသာလျှောက်ခဲ့မယ်ဆိုရင်ဒီလို verification process တွေနဲ့ အချိန်ကြာတာတွေမဖြစ်ဘူးတဲ့green card ရတော့မှreal ID လျောက်ဖို့သူမအကြံပြုလိုက်ပါတယ်။
Regards,
Jerry



No comments:
Post a Comment