Thursday, 4 June 2020

Part time job က ကျောင်းစရိတ် နဲ့ နေ/ စား စရိတ်ကို ပေးနိုင်လား

Credit and reference from Ko Kyaw Tun Facebook post :)
Part time job က ကျောင်းစရိတ် နဲ့ နေ/ စား စရိတ်ကို ပေးနိုင်လား

အဖြေက - No

ဘာကြောင့်လဲ

အမေရိကားမှာ international student က တရားဝင် အလုပ်လုပ်ခွင့်မရှိဘူး။
လုပ်ရင်လည်း ကျောင်းမှာပဲဖြစ်ဖြစ် ၊ တစ်ခြား အပြင်မှာပဲဖြစ်ဖြစ် လုပ်လို့ရတယ်။

လုပ်ရင်လည်း ကျောင်းမှာဆို တစ်ပတ်ကို နာရီ ၂၀ ထက် ပိုလုပ်ခွင့်မရှိဘူး။

New York City မှာဆို minimum wage အနည်းဆုံးလခ က တစ်နာရီကို $15 ပါ။
တစ်ပတ်ကို နာရီ ၂၀

20 hours x $15 = $300

တစ်လကို

$300 x 4 weeks = $1200

ဒီကြားထဲ အခွန်ပေးရတာတွေက မပါသေးပါ။ အခွန်ကတော့ ဘယ်လောက်အထိပေးရမလဲဆိုတာ ကိုယ်နေတဲ့ပြည်နယ်ပေါ်မှာ မူတည်ပါသည်။

မှတ်ချက် - တစ်နာရီကို $15 ထက်ပိုပေးသော အလုပ်ကိုရရင် အကောင်းဆုံးပါ။

အိမ်လခကိုက တစ်လကို အနည်းဆုံး $500 ပေးရပါတယ်။

စားစရိတ်ကလည်း တစ်လကို အနည်းဆုံး $200 - $300 ကုန်တတ်ပါတယ်။

ဒီအတွက် နေစရိတ် ၊ စားစရိတ်အတွက်ပဲ ပိုက်ဆံရတတ်ပါတယ်။

အပြင်မှာလုပ်ရင်လည်း ဥပမာ-စားသောက်ဆိုင် ၊ ကုမ္ပဏီမှာလုပ်ရင်လည်း တစ်ပတ်ကို နာရီ ၂၀ ထက် ပိုမလုပ်သင့်ပါ။ စာကြည့်ဖို့အတွက် အချိန်ပေးရမှာမို့ဖြစ်ပါသည်။

City University of New York တွင် Bachelor Degree အတွက်

4 years senior college တွင် နိုင်ငံတစ်ကာကျောင်းသားများအတွက်

တစ်နှစ်ကို $18,600 ပေးရပါသည်။ ( May 23, 2020 မှတ်တမ်းအရ )

https://www.cuny.edu/financial-aid/tuition-and-college-costs/tuition-fees/#undergraduate-tuition

မှတ်ချက် - နိုင်ငံတစ်ကာကျောင်းသားများသည် အမေရိကားတွင်နေထိုင်သော နိုင်ငံသာ / Green Card သမားများထက် ပိုပြီး ပိုက်ဆံပေးရပါသည်။

ဒီအတွက် part time job က တစ်လကို $1200 က လုံး၀ ကျောင်းစရိတ် ကော နေ / စား စရိတ်ပါ အကုန်လုံးကို မပေးနိုင်ပါဘူး။
မုန့်ဖိုး ၊ တစ်ခြားသုံစရိတ်လောက်သာ ရနိုင်ပါသည်။

City University of New York က အစိုးရကျောင်းမို့လို့ $18,600 က စျေးသက်သာသည်လို့ပြောလို့ရသည်။

နာမည်ကြီး private university တွေဆိုရင် ဥပမာ Columbia College, Columbia University တွင်ဆို

Semester တစ်ခုကို  =  $ 40,054.00 ( အားလုံးကုန်ကျစရိတ် - tuition, medical insurance, student life fees, housing, meal plan အစရှိသည်ဖြင့် ) ပေးရပါသည်

အသေးစိတ်ကို https://cc-seas.financialaid.columbia.edu/content/calculator

ကျောင်းလခ နေ / စား စရိတ်တွေကို ပေးမှာက part time job ဆိုတာထက်  Financial Aid, Scholarship, Loan တွေက အဖြေပါ

Financial Aid

အမေရိကန်အစိုးရကနေ ပေးသော Financial Aid ရရင် ကျောင်းကိုအလကားတက်သည့်ပုံစံရောက်ပါသည်။
အမေရိကန်နိုင်ငံသားများ ၊ Permanent Resident ခေါ် Green Card ရသူများသည် Financial Aid ကိုလျှောက်နိုင်ပြီး ကျောင်းလခကို ကာမိပါသည်။

အကုန်လုပ်ပေးထားပါတယ်။
Financial aid တွင်လည်း work-study ဆိုတာလည်းရှိပါသည်။ ဒီစနစ်တွင် semester တစ်ခုအတွက် $1000 ပေးပါသည်။ ထိုငွေကို semester တစ်ခု ၄ လအတွင်း အလုပ်လုပ်သည့်အခါ ခွဲပြီးပေးခြင်းတို့လုပ်ပေးပါသည်။ အလုပ်ကလည်း ကျောင်းအလုပ်ဖြစ်ပါသည်။ office assistant ပုံစံမျိုးဖြစ်ပါသည်။ ကျောင်းအလုပ်ဆိုတော့ ဇိမ်နဲ့လုပ်ရတာဖြစ်ပါသည်။
အလုပ်လုပ်မှ ထိုငွေကိုရမှာဖြစ်ပါသည်။
မှတ်ချက်- financial aid သည် အမေရိကန်ပြည်ထောင်စုက green card – Permanent Residence သမားများ နှင့် နိုင်ငံသားများသာ ရကြပါသည်။
Financial aid
https://studentaid.ed.gov/sa/fafsa

ဒါပေမဲ့ နိုင်ငံတစ်ကာ ကျောင်းသားများကို တစ်ချို့သော ကောလိပ်တွေကလည်း financial aid ပေးတတ်ပါသည်။
ဥပမာ -Yale College
https://admissions.yale.edu/are-international-students-eligible-financial-aid-if-so-how-do-i-apply

https://finaid.yale.edu/applying-aid/prospective-new-students

Scholarship

Scholarship တွင် ၃ မျိုးရှိပါသည်။
Government to Government scholarship
အစိုးရကနေ နောက်တစ်နိုင်ငံက နိုင်ငံသားတွေကို ပေးတာဖြစ်ပါသည်။
ဥပမာ-
https://mm.usembassy.gov/education-culture/scholarship-programs/

NGO / Foundation
အဖွဲ့အစည်းတစ်ခုကနေ ပေးတာဖြစ်ပါသည်။
ဥပမာ
https://www.opensocietyfoundations.org/grants/civil-society-leadership-awards
Myanmar / Burma ရေးလို့ထားပါသည်။ https://www.opensocietyfoundations.org/uploads/02237802-de05-4cfc-a061-fe4bfb27adb7/2020-civil-society-leadership-awards-frequently-asked-questions-20190319.pdf

School scholarship
ကျောင်းကနေ တိုက်ရိုက်ပေးသော scholarship ဖြစ်ပါသည်။
ဥပမာ
https://www.hbs.edu/mba/financial-aid/tuition-assistance/Pages/default.aspx

https://www.ceu.edu/admissions/who-can-apply

Scholarship လျှောက်ရာတွင် စာတော်ရုံနှင့်မလုံလောက်ပါ။
Volunteer တွေလုပ်ထား ဖို့လိုအပ်ပါသည်။ အမေရိကန်က Scholarship တွေသည် Leader ခေါင်းဆောင်တစ်ယောက်ဖြစ်တာကို မြင်ချင်ပါသည်။
အများပြည်သူကို အကျိုးပြုတဲ့အဖွဲ့အစည်းတွေမှာ ခေါင်းဆောင်နေရာကနေ ပါဝင်တာအကောင်းဆုံးပါ။

အက်ဆေးတွင်ရေးရာတွင်လည်း ကမ္ဘာကြီးကို ဘယ်လိုကယ်တင်မလဲစတဲ့မေးခွန်းတွေကို ဖြေရတာတွေလည်းရှိပါသည်။
ဘာလို့ငါ့ကို ဒီ scholarship ကို ပေးရတယ် ဆိုတဲ့ မေးခွန်းတွေကိုဖြေရတာတွေလည်းရှိပါသည်။
Same Essay Questions
https://www.rivier.edu/uploadedFiles/Scholarship%20Essay%20Event%20Handout.pdf
https://www.fastweb.com/college-scholarships/articles/brainstorm-common-scholarship-essay-questions

https://gmsp.org/
myanmarstudyabroad.org/

scholarships တွေကို ရှာလို့ ရသည့် ဆိုဒ်များ

https://www.fastweb.com/

https://www.petersons.com/

https://www.unigo.com/scholarships

https://www.studentscholarships.org/

https://www.niche.com/colleges/scholarships/

http://www.scholarshipmonkey.com/

https://www.cappex.com/

ပညာသင်ထောက်ပံ့မှုဆုများ

https://mm.usembassy.gov/education/scholarship-programs/
ကောလိပ်ကနေ ပေးသော ပညာသင်ထောက်ပံ့မှုဆုများ

https://apps.carleton.edu/admissions/afford/international_scholarships/

http://admissions.miami.edu/undergraduate/financial-aid/scholarships/new-international-students/index.html

https://www.wlu.edu/johnson-program/the-johnson-scholarship

Loan

ကျောင်းကိုငွေချေးပြီးတော့ တက်ချင်းဖြစ်ပါသည်။

Student loan ချေးရာတွင် သတိထားရမှာက အတိုးနှုန်းနှင့် ဘယ် နှစ် နှစ် အတွင်း ပြန်ဆပ်မလဲဆိုတာပဲဖြစ်ပါသည်။

ငွေချေးတာက ကျောင်းရဲ့ total cost of attendance ( ကုန်ကျစရိတ်အားလုံး ) ထက် ကို ပိုမချေးပါ။

MBA, law school ( ရှေ့နေ့ဖြစ်ဖို့အတွက် law school တက်ရပါသည် ) တို့ဆိုရင် ပိုက်ဆံချေးရတာပိုလွယ်ပါသည်။

International student များသည် Department of Education က နေပေးသော loan များကို ချေးခွင့်မရှိပါ။

DOE က ပေးသော student loan များကို နိုင်ငံသားများ ၊ Permanent Residents များသာ ရယူနိုင်ခွင့်ရှိပါသည်။

ဒီအတွက် international student များသည် private bank loan များကို ချေးယူရပါသည်။

ဒီ ဘဏ်တွေက ချေးသောငွေများသည် အတိုးနှုန်းများပါသည်လို့  သတိပေးပါရစေ။
နောက် co-signer လို့ခေါ်သော ဒီကျောင်းသားက မပေးရင် ကိုယ်ကပေးပါ့မယ်လို့ အာမခံပေးသော လူရှိရင်
အတိုးနှုန်းက ပိုပြီးတော့နည်းသလို ချေးငွေရဖို့က ပိုဖြစ်နိုင်ပါသည်။

Co-signer သည် အမေရိကားတွင်နေထိုင်သောသူ ( Permanent Resident ) သို့ အမေရိကန်နိုင်ငံသားဆိုရင် ပိုပြီးတော့ကောင်းပါသည်။
Co-signer တွင် credit score ကောင်းသောသူဖြစ်ရင် ပိုကောင်းပါသည်။ credit score - 700 အတွင်းရှိရင် ပိုကောင်းပါသည်။

Credit score သည် ကိုယ့်ရဲ့ ချေးငွေ သမိုင်းကြောင်းကို အမှတ်ပေးထားသော စနစ်ဖြစ်ပါသည်။
အမေရိကားတွင် credit card လျှောက်တာဖြစ်ဖြစ် ၊ auto loan ကားဝယ်ဖို့ငွေချေးတာဖြစ်ဖြစ် ၊ mortgage loan ( အိမ်ဝယ်ဖို့အတွက် ငွေချေးတာပဲဖြစ်ဖြစ် ) ကိုယ့်ရဲ့ ချေးငွေသမိုင်းကြောင်းကို ကြည့်တတ်ပါသည်။
ဒီအတွက် credit score က 700 အတွင်းရှိရင် ကိုယ့်လျှောက်တဲ့ ချေးငွေရဖို့က ပိုလွယ်ပါသည်။ အတိုးနှုန်းလည်းပိုနည်းပါသည်။

Nerdwallet တွင် private bank student loan များကို ranking ပေးထားပါသည်။

https://www.nerdwallet.com/best/loans/student-loans/international-student-loans

ပြန်ပြီး အတိုးနှုန်း နှင့် ဆပ်ရမှာဖြစ်သောကြောင့် တစ်ခြားအသုံးချစရာတွေမရှိတော့မှ ငွေချေးပါလို့ အကြံပေးပါရစေ။

Kyaw Tun

No comments:

Post a Comment