Sunday, 7 June 2020

ကိုယ့်စိတ်ထဲမှာ ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..

═════════════════════
❝ ကုသိုလ်နဲ့ နိုးထဖို့ အကျင့်လုပ်ပေးပါ  ❞
═════════════════════

လောကကြီးမှာ ဘုရားပွင့်ဖို့ရယ်
ကိုယ့်စိတ်မှာ ဘုရားပွင့်ဖို့ရယ်
ဘယ်ဟာလွယ်သလဲ..

မနက်မိုးလင်းတာနဲ့
လူက အိပ်နေရာက မလှုပ်နဲ့ဦးတော့
စိတ်ကလေး နိုးလိုက်တာနဲ့

"နမောတဿ ဘဂဝတော
အရဟတော သမ္မာသဗ္ဗုဒ္ဓဿ" လို့

ဘုန်းဘုန်းက အမြဲရွတ်လေ့ရှိသလို မိုးလင်းတာနဲ့ ရွတ်တယ်။

ရှည်လို့ ၃-ခေါက် မရွတ်ဖြစ်ဘူးဆိုရင်
(၁)ခေါက်တော့ ရွတ်ပါ။

(၁)ခေါက်ရွတ်ဖို့တောင်
ရှည်နေသေးတယ်ဆိုရင်
 "သော ဘဂဝါ ဣတိပိ အရဟံ" လို့ ရွတ်ပါ..

အဲဒါတောင် ရှည်နေသေးတယ်ဆိုရင်
 "ဗုဒ္ဓေါ" လို့ ရွတ်ပါ..

ကိုယ့်စိတ်ထဲမှာ
ဘုရားပွင့်ဖို့ အရေးကြီးပါတယ်..

ကြိုးစားပါ..
အကျင့်လုပ်ပေးပါ..။

{ဓမ္မဒူတ‌ ဒေါက်တာ အရှင်ဆေကိန္ဒ}

မျှဝေ ပူဇော်ပါသည်
.
Admin
{ပဋ္ဌာန်းပူဇော်ကြသူများ}
.
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

No comments:

Post a Comment