Sunday, 7 June 2020

Invest in stocks

stock ရွေးနည်း နည်းဗျူပာာများ
Credit and reference from KoKyaw Tun facebook post
“ဒီဆောင်းပါးသည် ပရော်ဖက်ရှင်နယ်အကြံပေးခြင်းမဟုတ်ပါ။ ပညာရေးအတွက် ဗဟုသုတတွေမျှဝေသော ဆောင်းပါးတစ်ပုဒ်သာဖြစ်သည်။”

“Stock စျေးနှုန်းသည် တတ်နိုင်သလို တစ်ချိန်ထဲမှာလည်း ကျနိုင်သည်။”

“နားမလည်သော စီးပွားရေးလုပ်ငန်းများတွင် လုံး၀ လုံး၀ ရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့”

“Do not lose money. Don’t forget rule no.1.”
Warren Buffett
“ ပိုက်ဆံကို မရှုံးစေနဲ့။ စည်းကမ်း ၁ ကို မမေ့နဲ့.”
Warren Buffett

မစွန့်စားချင်သူများအတွက်
Bond တွေက ငွေကိုဆက်လက်ပြီးတော့လက်ထဲမှာထားချင်သော ၊ မစွန့်စားချင်သောသူများအတွက် ပါ
Stock စျေးနှုန်းတွေက တက်လိုက် ကျလိုက်ဖြစ်နိုင်ပြီး စွန့်စားရပါသည်
 bond ဆိုသည်မှာ အစိုးရကို ငွေချေးတာဖြစ်ပါသည်
Bond တစ်ခုကို ဝယ်မယ်ဆိုတာ
IOU= I owe you money လို့ဆိုလိုပါသည်။
Bond က နှစ်ခုရှိပါသည်
Sovereign bond, corporate bond
Sovereign bond သည် အစိုးရကနေ ငွေချေးတာဖြစ်ပါသည်။ Corporate bond သည် ကုမ္ပဏီတစ်ခုကို ကိုယ်ကနေ ငွေချေးတာဖြစ်ပါသည်။
3 years, 5 years, 10 years, 30 years  စသည်ဖြင့်ရှိပါသည်
ဥပမာ အနေနဲ့ ပြောရင် 30  treasury bond က 1.25% ပေးနေပါသည်
ဥပမာတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင်
30 years  bond က  $1000 ပေးရပါသည်
1.25% အတိုးနှုန်းလည်းပေးပါသည်
အတိုးနှုန်းကို ၁ နှစ်ရင် ၂ ခါပေးပါသည်။
တစ်နှစ်ကို $12.50 အတိုးနှုန်းပေးပါသည်။
၆ လ တစ်ခါ $6.25 ပေးပါသည်။
နှစ် ၃၀ အတွင်း တစ်နှစ်ကို $12.50 ပေးပါမည်။
$1000 နှုန်းနဲ့ ပေးတဲ့အချိန်မှာ မှာဝယ်ရင် maturity  ( နှစ် ၃၀ ပြည့်ရင် - အချိန်ရောက်ရင် $1000 ပဲ ပြန်ရမယ်။
2020 + 30 = 2050 မှာ face value ( issue - ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့တဲ့အချိန်တုန်းက တန်ဖိုး ) ကို ပြန်ပေးမယ်။
ဒီ နှစ် ၃၀ အတွင်းမှာလည်း တစ်နှစ်တစ်ခါ အတိုးရမယ်။
အရင်းအပြင် အတိုးနှုန်းပါ ပြန်ရပါသည်။
ဒီအတွက် Low-risk လို့ယူဆပြီးတော့ ငွေကိုဆက်လက်ထိမ်းသိမ်းချင်သူများအတွက် ကောင်းပါသည်။
ဝင်ငွေလိုချင်သူများအတွက်လည်းကောင်းပါသည်။
သို့သော်- ပြဿနာတစ်ခုရှိသည်။ အစိုးရကနေပြီးတော့ default ( ဒေဝါလီခံကြောင်း ကြေညာပြီး အကြွေးကို မပေးနိုင်ကြောင်း သတင်းထုတ်ပြန်ခြင်း )  လုပ်မယ်ဆိုရင်တော့
အရင်းတောင် ပြန်ရမှာမဟုတ်ပါဘူး။ ဒီအတွက် ဘယ်နိုင်ငံရဲ့အစိုးရကနေ ဝယ်သလဲဆိုတာလည်း သိရပါ့မယ်။
များသောအားဖြင့် အမေရိကားလို့ လုံခြုံစိတ်ချရတဲ့နိုင်ငံတွေက အတိုးနှုန်း နည်းနည်းပဲ ပေးလေ့ရှိပြီး
Credit rating သိပ်မကောင်းတဲ့ နိုင်ငံတွေ ( Brazil, Argentina ) တို့က အတိုးနှုန်းက အမေရိကားထက် ပိုပြီးတော့များပါသည်။
နိုင်ငံတစ်နိုင်ငံအစိုးရရဲ့ အင်အားနဲ့ဂုဏ်သိက္ခာက ပိုနည်းလေ အတိုးနှုန်းက ပိုများလေဖြစ်ပါသည်။
ပစ္စုန်ပန်မှာ လူတွေအဝယ်အများဆုံး sovereign bond က U.S treasury notes များဖြစ်ပါသည်။

ပုံမှန်ဝင်ငွေ
အိမ်ခြံမြေလုပ်ငန်းများကို ဝင်ငွေအတွက် အသုံးပြုသည်။
အမေရိကားတွင် REIT ( real estate investment trust ) လို့ခေါ်ပါသည်။ တစ်ချို့က property ကုမ္ပဏီလို့ခေါ်သည်။
REIT တွေထဲတွင် တစ်လတစ်ခါ dividend ပေးသည့် ကုမ္ပဏီတွေလည်း ရှိပါသည်။
တစ်ချို့ကတော့ 4 လ တစ်ခါ ပဲ ပေးလေ့ရှိသည်။
dividend = ရှယ်ယာတစ်ခုအပေါ် ပြန်ရသည့် အမြတ်
အိမ်ခြံမြေထဲတွင် commercial real estate ( စီးပွားရေးလုပ်ငန်းများကို နေရာငှားသည် ) ကုမ္ပဏီများသည်
ပိုပြီးတော့ လစဉ် dividend ပေးနိုင်သည်။ ဘာလို့လဲဆိုတော့ နေရာငှားတဲ့ကုမ္ပဏီတွေက တစ်ခါငှားရင် 10 years, 20 years အထိနေမယ်ဆိုတဲ့ ရေရှည်စာချုပ်ကို လက်မှတ်ထိုးရလို့ဖြစ်ပါသည်။
ဒီအတွက် ၁၀ နှစ် အနှစ် ၂၀ အတွင်းမှာ ငှားတဲ့ ကုမ္ပဏီကနေ ပိုက်ဆံပေးနိုင်သရွေ့  ငှားခ ရနေမှာဖြစ်ပါသည်။

ဒီတော့ REIT ပဲဖြစ်ဖြစ် property ပဲဖြစ်ဖြစ် ပိုင်ဆိုင်မှု portfolio ထဲမှာ လူတွေနေတဲ့ residential property ( အိမ်ငှားသည့် အိမ် ၊ တိုက် ) နဲ့  commercial real estate ( စီးပွားရေးလုပ်ငန်းတွေကို နေရာငှားခြင်း ) မှာ ဘယ်အရာက ပိုများလဲဆိုတာကို သိသင့်ပါသည်။
annual report ကိုဖတ်ရမည်။
Portfolio ထဲမှာ ဘာတွေရှိလဲဆိုတာကို တိတိကျကျ သိရမည်။
ကုမ္ပဏီအပေါ် ရင်းနှီးမြုပ်နှံမှုမလုပ်ခင်မှာ due diligence ( ကုမ္ပဏီနဲ့ပတ်သတ်တဲ့ အရာမှန်သမျှကို လိုက်ရှာခြင်း ) ကို လုပ်ကို လုပ်ရမည်။
real estate လို့ခေါ်တဲ့ အိမ်ခြံမြေမှာ ဘယ်လောက်အကြွေးရှိလဲဆိုတာလည်း အရေးပါသည်။
debt to asset ratio လို့ခေါ်တဲ့ ပိုင်ဆိုင်မှုနဲ့အကြွေးနှုန်းက မြင့်နေလို့မရပါဘူး။
များသောအားဖြင့် အိမ်ခြံမြေကုမ္ပဏီတွေက တိုက်အသစ်တစ်ခု ကွန်ဒိုစီမံကိန်း ဆောက်တယ်မယ်ဆိုရင် ငွေချေးရတယ်။ ငွေချေးရင် အပေါင်ခံတဲ့အရာက ဆောက်မဲ့တိုက်ပဲ။ တစ်ခါတစ်လေ မြေကိုပါ အပေါင်ခံရတယ်။
ဥပမာ - ပိုင်ဆိုင်မှု ( အိမ်ခြံမြေက $1000 ) ရှိတယ်။
ဒါပေမဲ့ အကြွေးက $500 ရှိတယ်
ဒီလိုဆိုရင် debt to asset ratio က 50%
1000: 500 = 10:5 = 2: 1
အကြွေးက ပိုင်ဆိုင်မှုရဲ့ တစ်ဝက်လောက်ရှိတယ်
terms of the loan = ဘယ် နှစ် နှစ် ကြာလဲ ဥပမာ နှစ် ၂၀ ၊ အတိုးနှုန်း ၊ လစဉ်ကြေးဘယ်လောက်ပေးရလဲ
ကုမ္ပဏီရဲ့ ဝင်ငွေထဲကနေ အတိုးနှုန်းကို ဘယ်လောက်ပေးရမလဲစဉ်းစားကြည့်ပါ။ အတိုးနှုန်းကို ပေးရထဲမှာ ပါသွားရင် profit ကို ကျစေပါသည်။ အတိုးနှုန်းပာာ expenses ထဲမှာပါသွားပါသည်။
net profit = revenue - expenses
expenses က များရင် netprofit ကလည်း နည်းသွားမှာဖြစ်ပါသည်။

ဒီအတွက် အိမ်ခြံမြေ ကုမ္ပဏီကို စဉ်းစားရာတွင် ဒီကုမ္ပဏီက အကြွေးဘယ်လောက်ရှိလဲ။ debt to asset ratio က ဘယ်လောက်ရှိလဲ ဆိုတာကို သိသင့်သည်။  real estate ကုမ္ပဏီဆိုတာက အကြွေးရှိမှာပဲ။ ဒါပေမဲ့ အကြွေးနည်းလေ ပိုကောင်းလေပဲ။
ဘယ်နှစ်နှစ်အတွင်း ပြန်ဆပ်ရမလဲ ၊ ဘယ်လောက်အတိုးနှုန်းလဲ ၊ တစ်လကို ဘယ်လောက်ပေးရလဲ စသည်တို့ကို အသေးစိတ် သိနိုင်ရင်‌ကောင်းသည်။
ဒီအကြွေးဆပ်ရသည့်ငွေကို ရသည်ပုံမှန်ဝင်ငွေ နဲ့ ပိုင်ဆိုင်မှု နဲ့ ပြန်နှိုင်းယှဉ်ပြီးတော့ တွက်သင့်ပါသည်။
အကြွေးထဲမှာ နှစ်နေတဲ့ ကုမ္ပဏီကို မဝယ်ချင်ဘူး။
ရှယ်ယာဝင်တွေကို return on capital ( ရင်းနှီးမြုပ်နှံမှုအပေါ်ပြန်ရတဲ့ငွေ ) ကို အများဆုံးပေးနိုင်တဲ့ ကုမ္ပဏီမှာပဲရင်းနှီးမြုပ်နှံချင်သည်။
အကြွေးရှိတဲ့ကုမ္ပဏီကပေးနိုင်မှာမဟုတ်ဘူး။ အကြွေးနည်းတဲ့ ကုမ္ပဏီ ၊ အမြတ်အများကြီးရတဲ့ ကုမ္ပဏီ ၊ ရှယ်ယာဝင်တွေအပေါ် အများဆုံးပြန်ပေးမယ်လို့  စိတ်ရှိတဲ့ management သာရင် ရင်းနှီးမြုပ်နှံသင့်သည်။

စိတ်ချရတဲ့ ကုမ္ပဏီများ ( safe company )
အခုလက်ရှိမှာရနေတဲ့အမြတ်တွေက နောက်ထပ်လည်း ဆက်ရနိုင်မယ်ဆိုတာ သေချာတယ်။
တစ်ချိန်ထဲမှာလည်း ကုမ္ပဏီရဲ့ stock value ကနေ တိုးလာနိုင်သည်။
ဆိုလိုတာက  ၂၀၁၈ က အမြတ် $1,000,000,000 ရတယ်။
၂၀၁၉ မှာလည်း အမြတ်က $1,000,000,500 ရတယ်
၂၀၂၀ မှာလည်း အမြတ်က $1,000,000,000 ဝန်းကျင် ရမယ်ဆိုတာ သေချာတယ်။
ဒီလိုကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံတာဖြစ်ပါသည်။

ဒီလိုကုမ္ပဏီတွေမှာက brand ကလည်း အရမ်းကို လူတိုင်းသိတယ်။
ဖောက်သည်တွေကလည်း အများကြီးပဲ။ အမြဲတမ်းလိုလို ဝယ်နေကြတယ်။ အခုလည်း ဝယ်ဖို့သေချာတယ်။ နောက်ထပ်လာမဲ့ နှစ်တွေမှာလည်း ဝယ်ဖို့သေချာတယ်။
စျေးကွက်ကိုလည်း သူကနေ အများဆုံး ထိန်းချုပ်ထားနိုင်တယ်။
သစ္စာရှိတဲ့ သူမှ သူဖြစ်နေတဲ့ ဖောက်သည်တွေကလည်း အများကြီးရှိတယ်။
ဥပမာ - Coca Cola ကိုထုတ်လုပ်တဲ့ Coca Cola Co
Warren Buffett သည် Coca Cola Co ရဲ့ 9.3% ကို ပိုင်ဆိုင်ပါသည်။
Coca Cola ရဲ့ brand က နိုင်ငံတိုင်းတွင်ရှိပါသည်။
ဖောက်သည်တွေက ဘီလီယံနဲ့ချီပြီးရှိပါသည်။ အမြဲတမ်းလိုလို ဝယ်နေကြသည်။ အခုလည်း သောက်ဖို့သေချာပါသည်။ နောင်တွင်လည်း ဆက်သောက်မဲ့လူတွေရှိနေကြပါသည်။
soft drink လောကမှာ Coca Cola ကနေ အများဆုံးထိန်းချုပ်ထားနိုင်ပါသည်။
Coke မှာ Coke ဖြစ်တဲ့ သစ္စာရှိတဲ့လူတွေလည်း ရှိပါသည်။
ဒီလို ကုမ္ပဏီကို စိတ်ချရတဲ့ ကုမ္ပဏီလို့ခေါ်ပါသည်။

စိတ်ချရတဲ့ ကုမ္ပဏီများကို ဝင်ငွေအတွက် နှင့် ဖြေးဖြေးချင်း ရှယ်ယာတန်ဖိုးတက်လာနိုင်သည့်အတွက် ကိုယ့်ရဲ့ portfolio ထဲမှာ ထည့်ထားသင့်ပါသည်။

Growth companies ( risk/ reward companies )
ကုမ္ပဏီရဲ့ ရောင်းရသည့်ငွေက ဆက်တိုက်တိုးတက်လာသော ကုမ္ပဏီများ ၊ စျေးကွက်တွင် တစ်ချိန်ထဲမှာ ချဲ့ထွင်လာနိုင်သော ကုမ္ပဏီများကို growth companies လို့ခေါ်ပါသည်။
အထူးသဖြင့် လွန်ခဲ့တဲ့ ၃ နှစ်ကနေ ၅ နှစ်အထိကိုကြည့်ပါ။ ကုမ္ပဏီရဲ့ အတိတ်က ရလဒ်တွေက ပစ္စုန်ပန်ရဲ့ ရလဒ်ကိုတော့ အတိအကျတော့ ပြောပြနိုင်မှာ မဟုတ်ပေမဲ့ ကုမ္ပဏီသည် safe bet ( လုံခြုရသော ရွေးချယ်မှု ) ဖြစ်ပါသည်။

ဥပမာဆိုရင် ကုမ္ပဏီ A ရဲ့  ရောင်းရငွေ
2010 – $10,00,000
2011 - $ 15,000,000
2012 - $20,000,000
2013 မှာဘာဖြစ်မလဲ
2014 မှာဘာဖြစ်မလဲ
သေချာတကာတေ့ ဒီကုမ္ပဏီရဲ့  ဝင်ငွေ က ပုံမှန်ရှိသည်။ ရောင်းရငွေ ကလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်လာသည်။ ( နောက်ထပ် နှစ်တွေမှာ ရပ်သွားနိုင်တယ်ဆိုတဲ့ ဖြစ်နိုင်ချေလည်းရှိပါသည် ဆိုတာ မမေ့ရ )
သို့သော် ပုံမှန် ရောင်းရငွေ တိုးတက်လာသော ကုမ္ပဏီသည် stock value တက်မှာပင်ဖြစ်ပါသည်။
ဒီလို ကုမ္ပဏီတွေတကယ်ရှိလား?
ရှိပါတယ်။
ဥပမာ - Shopify

Growth companies
Shopify quarterly result ( Quarterly result = ၄ လ တစ်ခါ သတင်းထုတ်ပြန်ခြင်း )
2017 ( in millions )
Q2 – 151.7
Q3- 171.5
Q4 – 222.8  ( schwab.com ) ကနေ ရသည်
ရောင်းရသည့်နှုန်းသည် Quarter အလိုက် တက်သွားပါသည်။
ဒီလို ကုမ္ပဏီကို growth ကုမ္ပဏီလို့ခေါ်ပါသည်။

Shopify ( ticker symbol: SHOP ) မှာ
Stock စျေးနှုန်းကိုကြည့်မယ်ဆိုရင်
2017 July ဝန်းကျင်မှာ $81.55 ရှိပြီး April, 2020 မှာ $844 ရှိပါသည်။
ရောင်းရသည့်နှုန်း ( revenue ) ပာာ ဆက်တိုက်တက်လာလေ စျေးနှုန်းပာာ ပိုမြင့်နိုင်လာနိုင်ပါသည်။
Quarterly result မှာ ရတဲ့ ရောင်းရမှုပာာ ( Revenue ) ပာာ ဆက်တိုက် တက်နေရပါမည်။
မှတ်ချက် - Revenue ပာာ net profit ( အမြတ် ) မဟုတ်ပါဘူး။
အမြတ် = ရောင်းရမှုငွေ - ကုန်ကျစရိတ်
Net profit = Revenue – expenses
Shopify သည် အွန်လိုင်းတွင် စျေးရောင်းချင်သည့်သူများအတွက် platform/ web service ဖြစ်ပါသည်။
သူ့ရဲ့ platform ပေါ်မှာ လာပြီးတော့ ရောင်းတဲ့ စျေးသည်တွေ ၊ လုပ်ငန်းတွေများလာလေ shopify ရဲ့ ရောင်းရမှုက တိုးတက်လာမှာဖြစ်ပါသည်။
( ရောင်းရမှုတိုးတက်ချင်းသည် အမြတ်တိုးတက်ခြင်းမဟုတ်ပါ )

annual report, investor presentation မှာ ကုမ္ပဏီအကြောင်းကို တတ်နိုင်သမျှ အကုန်လုံးကို သိအောင်ကြိုးစားပါ။
balance sheet မှာ ပါတဲ့ income/ net income စတဲ့ အရာတွေမှာ audited လုပ်ထားလား မလုပ်ထားလားဆိုတာသေချာကြည့်ပါ။
audited ဆိုတာ တစ်ခြား အပြင်က accuounting ကုမ္ပဏီတစ်ခုကို ငှားပြီးတော့ third party အနေနဲ့ လုပ်တာဖြစ်ပါသည်။
ကုမ္ပဏီအတွင်းထဲက unaudited လို့ခေါ်တဲ့  accounting department ထဲကနေ လုပ်တာတွေက မယုံရပါ။
လုံး၀မယုံရပါ။ အထဲကလူတွေကနေ လိမ်လို့ရပါသည်။
အကောင်းဆုံးကတော့ အပြင်ကနေ professional auditing firm တွေကနေ လုပ်တာကို သက်သေအထောက်အထားနှင့်တစ်ကွ ပြနိုင်တဲ့ ကုမ္ပဏီတွေကိုရွေးပါ။
investor presentation မှာ ရေးထားအတိုင်း မယုံပါနဲ့။
ဥပမာ ကျွန်တော်က တရုတ်ပြည်မှာ ကားတွေကိုဝယ်တဲ့အခါ ငွေချေးတဲ့ကုမ္ပဏီတစ်ခုကို ရင်းနှီးမြုပ်နှံခဲ့ပါသည်။
presentation ထဲမှာ ride-hailing service က ကြီးလာမယ်လို့ရေးသားထားပါသည်။
ဒီအတွက် ကားဝယ်တဲ့သူတွေများလာမည်။
ကားဝယ်ရင် အကြွေးနဲ့ဝယ်မှာဖြစ်တဲ့အတွက် သူတို့ကုမ္ပဏီကနေ အကျိုးရနိုင်တယ်လို့ပြောထားပါသည်။
တစ်နည်းအားဖြင့် ကားငှားပြီးသွားလာသည့်သူများလာတာနှင့် တစ်ပြိုင်ထဲ ကားတွေကိုအကြွေးနှင့်ဝယ်လို့ရအောင် ငွေချေးသည့် သူတို့ကုမ္ပဏီကလည်း အမြတ်တွေ တက်လာမယ်လို့ပြောထားပါသည်။
သို့သော် ကျွန်တော်က သေချာအောင် တကယ်ပဲ ride-hailing စျေးကွက်က တက်လာမှာလား။
riding hailing ဆိုတာ မြန်မာနိုင်ငံတွင် Grab လိုပဲ ကားကိုခေါ်ပြီး စီးတာဖြစ်ပါသည်။
တရုတ်ပြည်တွင် DiDi သည် ဦးဆောင်နေပါသည်။
ကျွန်တော့်မှာ တကယ်ပဲ DiDi ကနေ ဖြစ်အောင်လုပ်မှာလားလို့ စိတ်ပူရပြန်ပါသည်။
DiDi ကိုလေ့လာရပြန်ပါသည်။
ကိုယ်ရင်းနှီးမြုပ်နှံမဲ့ စီးပွားရေးလုပ်ငန်းကို တကယ့်ကို နက်နက်နဲနဲ နားလည်ရင်အကောင်းဆုံးပါ။
နားမလည်ရင် ရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့လို့ သတိပေးပါရစေ။

Risk

Growth companies တွေတွင် စွန့်စားရတာ ရှိသည်။ဘာလို့လဲဆိုတော့ ရောင်းရေငွေ တိုးတက်ချင်းသည် အမြတ်တိုးတက်ချင်း မဟုတ်။
$1 အမြတ် ရဖို့ကို $3 ကို သုံးရလို့ဖြစ်ပါသည်။

ဥပမာ https://www.reuters.com/article/us-uber-results/uber-sees-profit-by-end-of-2020-but-still-expects-full-year-loss-idUSKBN2002UQ#:~:text=(Reuters)%20%2D%20Uber%20Technologies%20Inc,than%20%241%20billion%20this%20year.

Uber က ၂၀၂၁ အပြီးမှာ အမြတ်ရဖို့ ကို ကတိပေးထားပါသည်။
ကတိပဲ ပေးထားတာပါ။
ကတိဆိုတာ ဖြစ်လာမလား မဖြစ်လာဘူးလို့ မသိပါဘူး။
$1.25 billion to $1.45 billion အထိ ၂၀၂၀ မှာ ရှုံးမယ်လို့ တွက်ချက်ထားပါသည်
Uber သည် အမြဲတမ်း discount ပေးပါသည်
လူတွေကို ပိုသုံးလာအောင် points တွေလဲပေးပါသည်
Points တွေက အမှတ်တစ်ခုခုကို ရောက်သွားရင် $5 discount ပေးပါသည်
ရှင်းရှင်းပြောရင် $1 ရဖို့ကို $3 သုံးနေရတာဖြစ်ပါသည်။
ဒီအတွက် Uber အတွက် growth က တက်လာနိုင်သည်။
အထူးသဖြင့် uber eats သည် လူတွေ အပြင်ကိုထွက်လို့မရ အိမ်ထဲကနေပဲ မှာစားရသည့်အချိန်တွင်
အမေရိကား food delivery market တွင် postmates, doordash စသည်တို့နှင့် နှင်လား ငါလား လို့ ဖြစ်လာသည်။
Uber သည် ၂၀၂၀ တွင် အရှုံးပေါ်နေသော ကုမ္ပဏီဖြစ်ပါသည်။
သို့သော် အနာဂတ်တွင် အမြတ်ရလို့ ရညား ကုမ္ပဏီရဲ့ တိုးတက်မှု ၊ စျေးကွက်ချဲ့ထွင်မှု ၊ အသုံးပြုသည့် customer များလာမှု ၊ သုံးတဲ့လူတွေများလာလို့ ရောင်းရနှုန်းကလည်း တက်လာပါသည်။
ဒီအတွက် တစ်ချိန်ချိန်မှာ အမြတ်ဖြစ်မယ်လို့ ယုံကြည်တဲ့သူတွေကလည်း ရှိနေပါသည်။
ဖြစ်လဲဖြစ်လာနိုင်သလို မဖြစ်လာနိုင်ဘူးဆိုတဲ့ ရာခိုင်နှုန်း ကလည်း ရှိပါသည်။
အဓိက မေးခွန်းက ဘယ်လောက်ကြာမှာလဲ။
ဘယ်နှစ်နှစ် စောင့်ရမှာလဲ။
Uber ကနေ အမြတ်ရဖို့   ဘယ်လောက်ထိ စောင့်ရမှာလဲ။
အခု Uber လုပ်နေတာသည် burning cash ( လက်ထဲမှာရှိတဲ့ငွေကိုသုံးနေတာ ) ဖြစ်ပါသည်။
အမြတ်ကမရသေးခင်မှာ လက်ထဲမှာ ရင်းနှီးမြုပ်နှံသူတွေဆီကရတဲ့ ငွေတွေကို သုံးနေတာဖြစ်ပါသည်။
$1 ပေးတဲ့ customer ရဖို့ကို $3 လောက်သုံးနေရပါသည်။
ဒီအတွက် growth company တော့ဖြစ်သည်။ ဒါပေမဲ့ profitable လို့ခေါ်တဲ့ အမြတ်ရတဲ့ ကုမ္ပဏီ မဟုတ်ပါ။
ဒီအတွက် uber ကို risk ( စွန့်စားရသည် ၊ ငွေဆုံးရှုံးနိုင်သည့် ကုမ္ပဏီ ) ထဲကို ထည့်ထားရမည်။

Risk-reward
စွန့်စားမှု - ပြန်လည်ရရှိမှု
စွန့်စားမှုကို ဘယ်လောက်ထိ လုပ်နိုင်လဲ
အမြတ်တွေအများကြီး ရနိုင်တယ်။ တစ်ချိန်ထဲမှာ ဆုံးရှုံးနိုင်တယ်ဆိုတာကို သိထားရမယ်။
ကိုယ်က အဆုံးရှုံးခံနိုင်တဲ့ ငွေကိုပဲ မသေချာ မရေရာတဲ့ စွန့်စားမှုတွေမှာပဲ ထည့်သင့်တယ်။
ပိုက်ဆံဘယ်လောက်ကို မိမိရဲ့ အဓိကကြွယ်၀ချမ်းသာမှုကို မထိဘဲ အဆုံးရှုံးခံနိုင်လဲ။
ဥပမာ $10,000 ရှိတယ်
$1000 ကို အဆုံးရှုံးခံနိုင်တယ်။ နောက်ထပ် $9000 ကျန်တယ်။
ဒီလိုဆိုရင် $1000 ကို စွန့်စားရတဲ့ ကုမ္ပဏီစာရင်းထဲမှာ ရင်းနှီးမြုပ်နှံပါ။
Uber လို ကုမ္ပဏီက တက်နိုင်သလို ကျလည်း ကျနိုင်သည်။
ဒီအတွက် ဒီလိုမျိုး မသေချာ မရေရာတဲ့ အမြတ်မရသေးတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြုပ်နှံရင် ဆုံးရှုံးခံနိုင်တဲ့ ပမာနပဲထည့်ပါ။

ကိုယ်နဲ့လိုက်ဖက်မဲ့ နည်းဗျူပာာကိုသုံးပါ။
ကိုယ်ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ အဆုံးရှုံးခံနိုင်မှုအလိုက်လုပ်ပါ။
ကိုယ်က ငွေရှုံးတာမကြိုက်ဘူးဆိုရင် sovereign bond, safe company တွေက ကိုယ့်အတွက် သင့်တော်ပါသည်။
ကိုယ်က ပုံမှန်ဝင်ငွေလိုချင်တယ်ဆိုရင် sovereign bond, real estate, safe company တို့ကို ပိုင်ဆိုင်တာ အကောင်းဆုံးပါ။
ကိုယ်က ငွေအရှုံးခံနိုင်တယ်။ စွန့်စားရတာကြိုက်တယ်ဆိုရင် growth companies တွေကအကောင်းဆုံးပါ။

Diversify လုပ်ပါ။
ကိုယ့်ရဲ့ ရှိသမျှငွေတွေကို တစ်နေရာထဲမှာ မထည့်ပါနဲ့။ နေရာအများကြီးထဲကို ထည့်ထားပါ။
ဥပမာ growth companies တွေထဲမှာ ငွေတွေအများကြီး စွန့်စားထားတယ်ဆိုရင် လုံခြုံစိတ်ချမှုရှိတဲ့ safe companyတွေနဲ့ ပုံမှန်ဝင်ငွေပေးတဲ့ real estate, REIT တွေမှာလည်း ငွေထည့်ထားပါ။
တစ်ချိန်ထဲမှာလည်း bonds, real estate မှာ ငွေများတယ်ဆိုရင်လည်း ငွေတစ်ချို့ကို safe company ထဲမှာထည့်ထားပါ။

Kyaw Tun

No comments:

Post a Comment