Wednesday, 12 April 2023

#L ဂီယာ အသုံးပြုခြင်းအကြောင်း.......

 #L ဂီယာ အသုံးပြုခြင်းအကြောင်း.......

Copy from Yangon Driving License Facebook page for learning and sharing purposes 

ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်တတ်ပါတယ်။ အခုလို ဖြစ်ရတာ ကုန်းအတက်မှာ ထိုးထားတဲ့ ဂီယာရွေးချယ်မှု မှားယွင်းနေတာကြောင့် အင်ဂျင်က ကုန်းတက်ဖို့အတွက် လိုအပ်တဲ့ပါဝါ လုံလောက်အောင် ထုတ်မပေးနိုင်ရာမှ ဆက်မရုန်းနိုင်တော့တဲ့အတွက် ထိုးရပ်သွားတာ ဖြစ်နေတတ်ပါတယ်။ကားမောင်းလို့အဆင်ပြေအောင် ဂီယာတွေ အဆင့်ဆင့် ထည့်ပေးထားပြီး ဆီလျော်ရာ ဂီယာကို ရွေးချည်သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် L ဂီယာကို ထည့်ပေးထားတယ်။ L ဂီယာက ကုန်းတက် နဲ့ ကုန်းဆင်း မောင်းနှင်တဲ့အခါ ရွေးချယ်သုံးစွဲဖို့ ဒီဇိုင်းလုပ်ထားတယ်။


အော်တိုဂီယာမှာ P  Park, 


R  Reverse, 


N  Neutral, 


D  Drive, 


L  Low Gear စသည်ဖြင့် ရှိပါတယ်။


L ဆိုတာ မန်နူရယ်ဂီယာမှာ အသုံးပြုတဲ့ နံပါတ် ၁ နဲ့ ၂ ဂီယာကို ဆိုလိုပါတယ်။ အင်ဂျင်ရုန်းဖို့အတွက် ရည်ရွယ်ထားတဲ့ အနိမ့်ဂီယာ ဖြစ်ပါတယ်။ အင်ဂျင်မှာ လည်တဲ့ပတ်ရေ ပိုမြန်ဖို့ ဦးစားပေးတာရှိသလို အင်ဂျင်ရဲ့လှည့်အား ကောင်းဖို့ ဦးစားပေးတာလည်း ရှိတယ်။အမြင့်ဂီယာတွေမှာ အင်ဂျင်ကို လှည့အှားကောာငှးဖို့ထကှ လည်ပတ်နှုန်းမြန်မြန် လှည့်ပေးဖို့ကို ဦးစားပေးထားတယ်။ ကားက ပိုမြန်မြန် ပြေးတယ်။ အနိမ့်ဂီယာမှာတော့ အင်ဂျင်ကို အားပိုရဖို့ ဦးစားပေးတယ်။ လှည့်အား ပိုသန်မာနေစေတယ်။ ရုန်းအား ပိုကောင်းနေစေတယ်။ ကုန်းတက်ကုန်းဆင်းမှာ မောင်းနှင်ဖို့ အဆင်ပြေနေစေတယ်။ ချိုင့်ခွက်တွေများလို့ ကားကို ဖြည်းဖြည်း လှိမ့်နေရတဲ့အခါမျိုးမှာလည်း L ကို သုံးရမွာ ဖြစ်ပါတယ်။L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အားကို ကောင်းနေစေပြီး အမြန်နှုန်းက လျော့ကျနေမယ်။ ဒီတော့ကုန်းဆင်းမှာ L ကို သုံးထားတဲ့အခါ ကားကိုအရှိန်မလွန်အောင် ဂီယာက ကူထိန်းပေးထားတယ်။ ကုန်းတက်မှာ L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အား ကောင်းနေတဲ့အတွက် ရုန်းအား ကောင်းနေလို့ ကုန်းတက်ကို တက်ဖို့ ရုန်းနိုင်စေတယ်။


မူရင်းရေးသားသူအားcreditပေးပါသည်။

Photo Crd


#မော်တော်ယာဉ်သက်တမ်းတိုးနှင့် 

#ယာဉ်မောင်းလိုင်စင်

#တာဝန်ယူ

#ဝန်ဆောင်မှု

#YGN

#Driving

#Licence

#Service

Ko Pho La Pyae 📲 (09;5060210)

Ma Zin Mar

☎(09 440009300) ☎(09 450 840 505)

🏢 Office - တိုက်အမှတ် (၂၂)မြေညီ ၊ လိုင်စင်ရုံး

ဘတ်(စ်)ကားမှတ်တိုင်အနီး ၊ ငမိုလ်ရိပ် (၁၀)လမ်း ၊ သံသုမာလမ်းမကြီး ၊သင်္ဃန်းကျွန်းမြို့နယ် ၊ ရန်ကုန်မြို့။

No comments:

Post a Comment