Friday, 19 August 2022

#အလည်ဗီဆာနဲ့ လာသင့်သလား ၉။

Writer-   Ko Nyi Nyi Taungyi


For  reference and sharing 


  #အလည်ဗီဆာနဲ့ လာသင့်သလား ၉။          

          အရင်းအနှီးမရှိသူတွေ အလည်ဗီဆာနဲ့ လာသင့်သလား တဲ့ မေးကြတယ်။ အရင်းအနှီးမရှိပါဘူးဆိုမှတော့ သံရုံးကတောင်းမယ့် ဘဏ်စာရင်းကို ဘယ်လိုပြမလဲ ဒီမှာက အဖြေထွက်နေပြီ။


       ဒါပေမဲ့ မြန်မာနိုင်ငံမှာ လုပ်လို့မရဘူးဆိုတာ မရှိဘူး၊ လုပ်ထားတာကို လူတွေ ယုံမယုံသာ ရှိတယ်။ ဒါကိုလည်း အင်တာဗျူးထိုင်စစ်မယ့် သံမှူးက သိပါတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

 

          အထက်က မေးခွန်းမေးသူက သူ့မှာ ငွေသာ မရှိတာ အိမ်ရှိတယ်၊ အမွေဆိုင်ကြီး။ ဒါကြောင့် ဘယ်သူမှ သဘောမတူဘဲနဲ့၊ အားလုံးထဲက တစ်ယောက်ယောက် သဘောမတူတာနဲ့ ရောင်းချလို့ရမှာ မဟုတ်တာကြောင့် ငွေမရှိဘူးလို့ ပြောတာပါ တဲ့။


         အလည်ဗီဆာမှာ သံမှူးက အလည်သွားပြီးရင် မူလနိုင်ငံကို ပြန်လာမယ်ဆိုတဲ့  Tie to Come Back Reason ကို အသေအချာစစ်ပါတယ်။ ဒါကို အမှန်အကန်အတိုင်း ယုံကြည်အောင် ပြနိုင်ရင် အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။


        လက်ရှိမှာ ရန်ကုန်ကနေ အလည်ဗီဆာလျှောက်ဖို့ သံရုံးက မဖွင့်ပေးထားပါ။ ဒါကို ဘယ်တော့ဖွင့်မှာလဲလို့ ကျွန်တော့ကို မေးလည်း ကျွန်တော်လည်း မသိပါ။ အင်တာနက်မှာ သတင်းတစ်ခုခု တက်တိုင်း သံရုံးက တရားဝင်မထုတ်ပြန်မချင်း ဘယ်ဟာမှ အတည်လို့ မယူဆကြပါနဲ့။ အများစုဟာ ထင်လုံးနဲ့ မှန်းသမ်းရေးနေကြတာသာ ဖြစ်ပါတယ်။ (အလည်ဗီဆာ ဘယ်တော့ဖွင့်မလဲ လာမမေးပါနဲ့ မသိပါဘူး)


          ဒီလို ငွေဘယ်ကရအောင်လုပ်ရမလဲဆိုတာ မြန်မာဘက်ခြမ်းကို အကြံမပေးတတ်ပါ။ နည်းလမ်းရှိတာတော့ ကြားဖူးပါတယ်။ အကြံပေးနေကြသူတွေ အများကြီးထဲမှာ အလိမ်မခံရအောင်သာ သေသေချာချာ တာဝန်ယူကြပါ။ (လာမမေးပါနဲ့ မသိပါဘူး)


         တကယ်တော့ လူတွေက ရောက်အောင်လာပြီး ဒီရောက်မှ ချေးလာတဲ့ငွေကို ကျေအောင်ဆပ်နိုင်ပါ့မလားဆိုတာကို စိတ်ပူကြတယ်။ ဒီ့အတွက် ကျွန်တော် သုတေသနလုပ်ထားတာ ရှိပါတယ်။ ကဲ အလည်ဗီဆာသမား တစ်ယောက်က မြန်မာငွေ သိန်း ၂ဝဝ ချေးခဲ့တယ်၊ ငွေဈေး ၁၈ဝဝ နဲ့ တွက်ရင် ၁၁၁၁၁ ဒေါ်လာပေါ့။ ဒီဘက်ကို‌ ရောက်လာပြီဆိုပါစို့ ..။ 


          ဘာကတ် ညာကတ်မှ မရှိတော့ စားသောက်ဆိုင်မှာ လုပ်တယ်လို့ မျက်စိထဲ မြင်ထားကြည့်လိုက်။ ၁ လကို အနေအစားငြိမ်း ၂၅ဝဝ ရတဲ့နေရာ ရှိတယ်၊ ကိုယ်တိုင်နေ-ကိုယ်တိုင်စား-ကိုယ်တိုင်အိမ်ငှား-ကိုယ်တိုင်ကားမောင်းပြီး ဒေါ်လာ ၃၂ဝဝ ရတဲ့နေရာ ရှိတယ်။ 


၁ လ အငြိမ်း                      ၂၅ဝဝ မှာ 

____________________________ 

သုံးစွဲဖို့                                ၃ဝဝ 

လည်ပတ်ဖို့                         ၂၅ဝ 

အင်တာနက်၊ ဖုန်း                ၁ဝဝ 

အရေးပေါ်ကျန်းမာရေးခ      ၃၅ဝ

____________________________ 

စုစုပေါင်း                           ၁ဝဝဝ ကုန်မယ်

____________________________ 

ဒါဆိုရင် ၁ လ ကို               ၁၅ဝဝ ပိုမယ်

____________________________ 


          ဒီအထဲမှာ ကျေးဇူးရှိတဲ့ အမေ့ဖို့၊ အဖေ့ဖို့၊ ညီမလေးဖို့၊ ညီလေးကျောင်းထားဖို့ ၁ လကို ၅ဝဝ ထောက်ပံ့လိုက်အုံး ၁ဝဝဝ ကျန်သေးတယ်။ 


          ဒီစကေးနဲ့ အကြွေး ၁၁၁၁၁ ဒေါ်လာကို ဆပ်လိုက်ရင် ၁၁.၁၁ လဆိုရင် ကျေပြီ။ 


နောက်ဆုံးပေါ် အိုင်ဖုန်း မဝယ်နဲ့အုံး။ 

ကားမောင်းတတ်ရင်တောင် ကားပူးလ် သာ လိုက်စီးအုံး။ 

စိတ်အလိုမလိုက်နဲ့ ဥာဏ်ကိုလွှာသုံး။ 

မဖြုန်းနဲ့ သုံး။ 


ဒီအကြွေးကျေတဲ့အချိန်နဲ့ မိမိက အလုပ်ကို တတ်ကျွမ်းတဲ့အနေအထားဟာ အချိန်ကိုက် ဖြစ်နေရမယ်။ ဒါဆိုရင် ဘာလို့ ငွေချေးရမှာ ကြောက်ရမလဲ။ ဒါဆိုရင် မဖြစ်နိုင်တာ ဘာရှိမလဲ။


အဲဒီထဲမှာ 


🎈 ရောက်တာနဲ့ ဟိုနားပါချင် ဒီနားပါချင် လုပ်သူတွေမပါ


🎈လုပ်တာက နည်းနည်း ညည်းညူတာက များများ လုပ်သူတွေမပါ


🎈ရှာတာကနည်းနည်း များများဖြုန်းသူတွေမပါ


🎈အလုပ်နဲ့လက်နဲ့ အကြောမတင်းသူတွေမပါ


🎈သူများငွေချေးလာပြီး ပြန်ဆပ်ဖို့ နှဲထားသူတွေမပါ


🎈မိမိကို ကူညီထားသူတွေကို ကျေးဇူးတရား မသိတတ်သူတွေမပါ


🎈အားလုံးဟာ မိမိရဲ့လုပ်ရပ်နဲ့ မိမိရဲ့မြင်တတ်မှုနဲ့ မိမိရဲ့ခံယူချက်ပေါ်မှာသာ တည်မှာ။ 


#KNNTgi 

12-26-2021

No comments:

Post a Comment