Friday, 19 August 2022

အလည်ဗီဆာနဲ့ လာသင့်သလား ၁။

Writer-   Ko Nyi Nyi Taungyi


For  reference and sharing 

 #အလည်ဗီဆာနဲ့ လာသင့်သလား ၁။

ထိပ်ဆုံး ဘယ်နည်းနဲ့ဖြစ်ဖြစ် ရောက်အောင်လာပါ။ ဗီဆာသက်တမ်းလွန်ခါနီး ခိုလှုံခွင့် ၅ မျိုးထဲက တစ်ခုခု‌ လျှောက်ပါ။ 


အမှုတင်တာကို လက်ခံရင် ပယ်ချမခံရဘူးဆိုရင် အလုပ်လုပ်ခွင့်-Work Permit ကတ်ပြားပေးပါတယ်။ သက်တမ်းက ၂ နှစ်ပါ။ 


တဆက်တည်း လူမှုလုံခြုံရေးကတ်ပြား Social Security Number ပေးပါတယ်။ အခွန်စဆောင်ရပါတော့မယ်။ 


ခိုလှုံခွင့်အတွက် ကနဦး အင်တာဗျူးအောင်ထားပြီးရင် နောက်ထပ် ၆ လနဲ့ ၁ နှစ်ခွဲကြားမှာ ဒုတိယအင်တာဗျူး လာနိုင်ပါတယ်။ အားလုံးအောင်ပြီဆိုမှ တရားသူကြီးက Green Card လျှောက်ခွင့်ပေးတာပါ။ စာနဲ့ရေးလို့ ဒီလို ချောအောင်ရေးနိုင်ပေမဲ့ လူတိုင်း ခရီးစဉ်မချောကြပါ။ 


ဒါကြောင့် အမေရိကားရောက်ပြီး Green Card လျှောက်ပေးမယ်လို့ လွယ်လွယ်ပြောကြတာဟာ အလွယ်လမ်းကို မက်လုံးပေးရာရောက်နေပါတယ်။ တကယ်တော့ ဒီလုပ်ဆောင်ချက်အားလုံးဟာ အနည်းဆုံး ၃ နှစ်နဲ့အထက် ကြာပါတယ်။ 


လူတစ်ယောက်နဲ့တစ်ယောက် တရားသူကြီးဆီကိုတင်တဲ့ စတိုရီ မတူပါ။ ပုံမလာ ဟန်မကျ ကျိုးကြောင်းမဆီလျော်တဲ့ စတိုရီတွေကို ဒီအမေရိကားမှာရှိတဲ့ မြန်မာစကားမတတ်တဲ့ရှေ့နေတွေ အလုပ်များပါတယ်။ အမှုတွဲ အပယ်ခံထိပါတယ်။ ကျပါတယ်။


ဆက်ပါဦးမယ် 

ခင်လျက် ကိုညီညီ (တောင်ကြီး) 

05-10-2021

No comments:

Post a Comment