Copy from Ko Nyi Nyi Taungyi for reference and sharing information
အကောင်းတင်းမေဂျာနဲ့ အကောင်းတင်းအလုပ်ကို ခွဲခြားမြင်ပေးပါ။ မြန်မြန်နိုင်ငံကလာသူတွေအတွက် ကျောင်းသားဗီဆာရရှိရေးထက် အရေးကြီးတာ မရှိတဲ့အချိန်ဖြစ်နေလို့ ခွဲခွဲခြားခြားရေးပြပါရစေ။
A ဆိုတဲ့တက္ကသိုလ်က A ဆိုတဲ့ရပ်ကွက်နားမှာရှိတယ်ဆိုပါတော့။ A မှာ မာစတာအကောင်းတင်းဘွဲ့ရလို့ A ရပ်ကွက်က ကုမ္ပဏီတွေက အလုပ်ခန့်ဖို့ မသေချာပါဘူး။ နောက်အကြောင်းတစ်ခုက ကျောင်းသားဗီဆာနဲ့လာရသူအဖို့ အလုပ်လုပ်ခွင့်နာရီကို ကန့်သတ်ထားတာကြောင့် (SSN ထုတ်ပေးမှ၊ အလုပ်လုပ်ခွင့်ပေးမှနော်) ကျောင်းပြီးတာနဲ့ စလုံးလို အလုပ်တန်းရဖို့၊ အလုပ်တန်းခန့်ဖို့ Legal Status က အရံအတားဖြစ်ပါတယ်။
မေးပြီ Are you legally authorized to work in the united states? ဒီမှာ စကားပြောပါပြီ။ ဒါကြောင့် ဒုတိယအဖြေကို အရင်ဖြေပြချင်ပါတယ်။ ကျောင်းပြီးတာနဲ့ အလုပ်တန်းရဖို့ မဖြစ်နိုင်ပါ။ ကျောင်းပြီးတဲ့တက္ကသိုလ်က ဘာအလုပ်အကိုင်ကိုမှ အာမမခံပါ။ စိတ်ဓာတ်ကျစရာမဟုတ်ပေမဲ့ မျှော်လင့်ချက်အမှားနဲ့မျှားနေတဲ့ အေးဂျင့်တွေစကားလို ချိုမှာမဟုတ်တာကို သည်းခံပါ။
ကယ်လီဖိုးနီးယားမှာ Cal State University က Hayward မြို့ရဲ့တောင်ကမူလေးပေါ်မှာရှိပါတယ်။ ဈေးတွေက သိပ်သက်သာဖို့မလွယ်ပါဘူး။
ဦးညီအကြံပေးချင်တာကတော့ ရောက်တာနဲ့ စာသင်မပျက်ရုံမက အလုပ်တွဲလုပ်လို့ရတဲ့ကျောင်းက ဈေးသက်သာတဲ့ကျောင်းအမှန်အကန်ဖြစ်ပါကြောင်း။
ဗီဆာရပါစေ။ အောင်မြင်ကြပါစေ။ အလုပ်လွယ်ကူကြပါစေ။
#KNNTgi
08-20-2022
No comments:
Post a Comment