Copy from Ko Kyaw Tun reference and sharing
❗️အမေရိကန်ပြည်ထောင်စုတွင် ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်အနေနှင့် မဖြစ်မနေ သွားရမည့် ရုံးခန်းများနှင့် အကူအညီတောင်းခံနိုင်သည့် မဖြစ်မနေသွားရမည့် ရုံးခန်းများ ❗️
✅ Bursar ရုံးခန်း (ငွေပေးရသည့် ရုံးခန်း)
ကျောင်းလခ ငွေပေးရသည့် နေရာဖြစ်ပါသည်။ အမေရိကန်တွေသုံးတဲ့စကားက tuition ဖြစ်ပါသည်။
ကျောင်းလခကို ငွေသားဖြင့်ပေးနိုင်သလို ဘဏ်အကောင့်နှင့်လဲပေးနိုင်ပါသည်။
ပြဿနာတတ်ပါက ၊ မေးခွန်းရှိပါက bursar ရုံးခန်းကို သွားရပါမည်။
ထိုသို့သွားပါက ကျောင်းသား ၊ ကျောင်းသူတို့ရဲ့ ID ကို တောင်းတက်ပါသည်။
စက်တွင်နှိတ်ပြီးတော့ ကိုယ်နှင့်ဆိုင်တဲ့ အချက်တွေကနေ ကွန်ပြူတာ ဖန်သားပြင်ပေါ်မှာ ပေါ်ပါသည်။
ဒါကိုကြည့်ပြီးတော့ How much money you need to pay? ဆိုရင် ပိုက်ဆံပေးရတော့မည်။
မရှိရင် ရှိအောင် ဖန်တီးရတော့မည်။
✅ I.D Office
ကျောင်းသားကတ်ပြားတွေကို ထုတ်ပေးသောရုံးခန်းဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စု၏ ကောလိပ်တွေက စာကြည့်တိုက်တို့ ၊ တစ်ခြားအရာတွေကို သုံးချင်ရင် ကျောင်းသားကတ်ပြရပါသည်။
ကျောင်းကို ဝင်ဖို့တောင် ကျောင်းသားကတ်ရှိမှ ဝင်လို့ရပါသည်။
Student I.D card ကို စက်တွင် ဖြတ်ပြီးတော့မှ ကျောင်းထဲကို ဝင်လို့ရတာဖြစ်ပါသည်။
ကျောင်းပေါက်ဝတွင် စက်ရှိပါသည်။ ထိုစက်ပေါ်တွင် တင်ပြီးမှ စက်ရှေ့က ပိတ်ထားတာလေးက ဖွင့်မှ ဝင်နိုင်ပါသည်။
ID ပြမှ စာကြည့်တိုက်ထဲဝင်နိုင်ပြီး တစ်ခြားသော အဆောက်အအုံများကိုလည်း ဝင်နိုင်ပါသည်။
အင်မတန်အရေးကြီးသော ကတ်ပြားဖြစ်ပါသည်။ ပျောက်သွားပါက ချက်ချင်းပင် အစားထိုးဖို့ ကတ်ပြားပေးတဲ့နေရာကို ပြန်သွားရပါမည်။
✅ Career Center
ဒီရုံးက ကျောင်းပြီးမှ ပိုပြီးတော့ အသုံးဝင်ပါသည်။
အလုပ်များ ရှာပေးတဲ့ရုံးဖြစ်ပါသည်။
အင်တာဗျူးဖြေနည်း ၊ Resume/ CV ရေးနည်း အကုန် သင်ပေးပါသည်။
ကိုယ့်ကျောင်းက ကျောင်းသား ၊ ကျောင်းသူတွေကို စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေပါ info တွေ့ဆုံခြင်းနှင့် ချက်ခြင်းကို ခန့် မခန့် စသည့် ပွဲ တွေပါရှိပါသည်။
✅ International Students Office
Student visa နှင့် ဆိုင်သော မေးခွန်းမှန်သမျှကို မေးနိုင်ပါသည်။
✅ Scholarship Office
ကျောင်းတိုင်းတွင် scholarship office ရှိပါသည်။ Scholarship များကို ရှင်းပြနိုင်တဲ့ ကူညီမဲ့ ပရော်ဖက်ရှင်နယ်အဖွဲ့က ရှိပါသည်။
ကျောင်းတက်ဖို့ ငွေပဲဖြစ်ဖြစ် ၊ မာစတာ ဘွဲ့တက်ဖို့အတွက် ကျောင်းတက်ဖို့ ငွေပဲဖြစ်ဖြစ် အကုန်ရှိပါသည်။
✅ Provost Office
ပါမောက္ခများ ၊ ဌာနချုပ် ပါမောက္ခများအပေါ် အုပ်ချုပ်တဲ့ အဖွဲ့ဖြစ်ပါသည်။
တစ်ခုခု ပြဿနာဖြစ်ရင် ကိုယ် ပါမောက္ခကို မကျေနပ်ရင် အရင် ဌာနချုပ် ပါမောက္ခကို တိုင်ရပါမည်။၊ ဒီထက် မရရင်တော့ provost office ကို တိုင်ရပါမည်။
✅ Mental Health Counseling
တစ်ချို့ကျောင်းတွေက စိတ်ကျန်းမာရေးကူညီခြင်းကို ကြိုက်တဲ့ခေါင်းစဥ်တက်ကြပါသည်။ ဒါပေမဲ့ စိတ်ကျန်းမာရေး ကူညီတဲ့ရုံးဖြစ်ပါသည်။
Depression ဖြစ်ဖြစ် ၊ စိတ်ရောဂါဖြစ်ရင် ကုရပါမည်။ စိတ်ကျန်းမာရေး အကူယူကိုယူရပါမည်။
✅ Department Office
ကိုယ်တက်မဲ့ မေဂျာရဲ့ ရုံးကို မဖြစ်မနေ သွားရပါမည်။ ဘယ်နေရာပဲဖြစ်ဖြစ် နောက်ဆုံးတော့ မေဂျာက အဓိကဖြစ်ပါသည်။
No comments:
Post a Comment