Thursday, 25 August 2022

Re-Entry

 "Re-Entry အတွက်လက်ဗွေနှိပ်စရာလိုသေးလား"

Copy from ko Nyi Nyi Taungyi for reference and sharing information 

အမြဲတမ်းနေထိုင်ခွင့် Green Card ကိုင်ထားပြီး ဒီဘက်မှာ အကြာကြီးမနေနိုင်သူတွေအတွက် သတင်းကောင်းတစ်ခုရှိပါတယ်။ Re-Entry က အမေရိကားကို လူကိုယ်တိုင်ပြန်ဝင်ပြီးတဲ့အချိန်မှ လျှောက်ရတယ်။ လူမရောက်သေးဘဲ လျှောက်လို့ အကျုံးမဝင်ဘူးလို့ https://rb.gy/9t7vcp ဖောင်မှာ‌ ရေးထားပါတယ်။


          $660 ငွေသွင်း၊ လက်ခံစာရွက်ပြန်ရောက် ဒါက ၁ဝ ရက်လောက်သာကြာတယ်။ ရုံးကိုသွားပြီး လက်ဗွေနှိပ်ဖို့ရက်ချိန်းက ၄၅ ရက်ကနေ ရက် ၉ဝ အထိစောင့်ရတတ်တယ်။ မြန်မြန်နိုင်ငံမှာ အလုပ်ရှိသူတွေအတွက် ဒီဘက်မြေမှာ ၃ လနေဖို့ဆိုတာ သိပ်မလွယ်ဘူးလေ။ 


          အခုပြောပြချင်တဲ့ သတင်းကောင်းက ဒီဘက်လေဆိပ်ကို လတ်လတ်လော‌လာ ဝင်ထားရင် ပြန်လည်အသုံးပြုစရာ Updated Biometric Finger Print ရှိနေတာကြောင့် ရုံးကို လူကိုယ်တိုင်သွားပြီး လက်ဗွေနှိပ်စရာမလိုပါ။ လေဆိပ်မှာနှိပ်ခဲ့တဲ့ နောက်ဆုံးလက်ဗွေကို အသုံးပြုသွားမယ်လို့ဆိုပါတယ်။ (လိုရင်သူတို့ပြန်ဆက်သွယ်မယ်လို့ စာထဲမှာရေးပြထားပါတယ်)


          ဒါပေမဲ့ ဒီဘက်နိုင်ငံမှာနေတာ ကြာနေပြီ၊ နှစ်ချီပြီးနေလို့ မြန်မြန်နိုင်ံငံပြန်ပြီး ၆ လလောက်နဲ့ ပြန်ဝင်လာဖို့မသေချာဘူး၊ ကိစ္စရှိလို့ ၁ နှစ်ခွဲ ၂ နှစ်လောက်နေမှ ပြန်လာချင်သူတွေအတွက်က ရုံးကပေးတဲ့ရက်ချိန်းအတိုင်း လက်ဗွေနှိပ်သွားမှ စာအုပ်ဟာ အိမ်ကိုရောက်လာမှာပါ။


          ဒါကြောင့် အမေရိကားကိုဝင်ပြီး ၃-၄ ပတ်အတွင်း လေဆိပ်မှာ Green Card ပြန်ပြလို့ လှည့်ပြန်နိုင်ပါတယ်။ Re-Entry စာအုပ်ရောက်လာတော့မှ မြန်မြန်နိုင်ငံကို လူကြုံနဲ့ပို့ခိုင်းပြီး ၂ နှစ်မပြည့်ခင် ပြည်ပြန်ဝင်နိုင်ပါတယ်။


အဓိပ္ပာယ်ရှင်းလင်းချက်။

Green Card-အမြဲတမ်းနေထိုင်ခွင့် PR

Green Card-နိုင်ငံပြင်ပမှာ ၁ နှစ်အထိနေထိုင်နိုင် 

Green Card-လေဆိပ်မှာပြထွက်ရန်လို

Green Card-၁နှစ်နေပြီးရင် ကျောင်းလခ ၁/၈ သာပေးရ

Green Card-အများစု ၆ လ ၁ ကြိမ် ပြည်ပြန်ဝင်ကြ 

Green Card-အမြဲနေ ၅ နှစ်ပြည့်ရင်နိုင်ငံသားဖြေဆိုနိုင်

Green Card-သမီးရည်းစားကိုလက်ထပ်ပြီးခေါ်နိုင် ၃ နှစ်

Green Card-နိုင်ငံသားနှင့်အခွင့်အရေးတူ

Green Card-မဲပေးခွင့်မရှိ အိမ်ဝယ်နိုင်


Re-Entry-နိုင်ငံပြင်ပမှာ ၂ နှစ်နေထိုင်နိုင် 

Re-Entry-လျှောက်ခ $660  

Re-Entry-ငွေရလက်ခံစာ ၁-၂ ပတ်အတွင်းရောက် 

Re-Entry-လက်ဗွေလို/မလို စာ ၃-၄ ပတ်အတွင်းရောက်

Re-Entry-အထွက်မှာ စာအုပ်ပြထွက်စရာမလို

Re-Entry-၁ နှစ်ကျော်နေ ပြန်ဝင်ရင် စာအုပ်ပြရန်လို

Re-Entry-၂ နှစ်မပြည့်ခင်ပြန်ဝင် စာအုပ်ပြရန်လို


#KNNTgi

08-24-2022

No comments:

Post a Comment