Reference from Sayar Pyay Khaing (Asia Top Life &business coach) ကိုယ်မှန်းထားသလောက် မအောင်မြင်တာ
ဘာကြောင့်လဲ❓
လူမှန်းသိတတ်စအရွယ်တည်းက လူတိုင်းမှာ
ကိုယ်ပိုင်ရည်မှန်းချက်နဲ့ အိပ်မက်တွေဆိုတာ ကိုယ်စီရှိနေတတ်ကြပါတယ်။
ကိုယ်ရည်မှန်းထားတဲ့ အောင်မြင်မှုကို အလွယ်တကူ ပုံဖော်နိုင်တဲ့သူတွေရှိသလိုပဲ ရည်ရွယ်ထားသလောက် အောင်မြင်မှု မရတဲ့ သူတွေလဲ ရှိပါတယ်။
👉အောင်မြင်မှု နဲ့ 👉ကျရှုံးမှုရဲ့ ကြားထဲမှာ ကန့်သတ်ထားတဲ့ အရာတွေကို ကိုယ်တိုင်ဖန်တီးနေတယ်ဆိုတာကို မိတ်ဆွေတို့ကို သတိပြုမိစေချင်ပါတယ်။
ဘာကြောင့် ကိုယ်မှန်းထားသလောက် မအောင်မြင်ရတာလဲ❓
(၁) တခြားသူတွေကို အပြစ်တင်တတ်တာ🗣
သူများကို အပြစ်တင်တတ်ခြင်းရဲ့နောက်မှာ ဆင်ခြေဆိုတာ ကပ်ပါလာတတ်ပါတယ်။
ကိုယ်တာဝန်ကို မယူတတ်သရွေ့ကတော့ အောင်မြင်မှုကလဲ ကိုယ့်ဆီရောက်လာမှာ မဟုတ်ပါဘူး။
ရည်မှန်းချက်တော့ရှိပါရဲ့ ကိုယ်ထင်သလောက် ခရီးအရောက်နှေးနေတာဟာ ကိုယ့်တာဝန်ကို မယူဘဲ တခြားသူတွေအပေါ်အပြစ်ပုံချနေတတ်တဲ့ အကျင့်ကြောင့်ဆိုတာ သတိပြုသင့်ပါတယ်။
(၂) ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်တာ😞
အလုပ်ကိုပဲ ဖိလုပ်နေပြီး ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံနဲ့ ကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို အမြန်ရောက်နိုင်မှာမဟုတ်ပါဘူး။
ဒါ့ကြောင့် အလုပ်တွေကို စိတ်ဖိစီးမှုကင်းကင်းနဲ့ လုပ်နိုင်ပြီး လိုချင်တဲ့ ရည်မှန်းချက်ကို အမြန်ရောက်နိုင်ဖို့ ကျန်းမာရေးနဲ့ ညီညွှတ်စွာ စားသောက်နေထိုင်သင့်ပါတယ်။
အိပ်ချိန်ကိုလဲ ဂရုစိုက်သင့်ပါသေးတယ်နော်။
လူသာ ကျန်းမာနေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ အရာတွေအကုန်လုံးကို ပုံဖော်နိုင်မှာအမှန်ပါပဲ။
(၃) Comfort Zone ထဲနေရတာကို သဘောကျနေတာ😴
လုပ်နေကျအရာတွေကိုပဲ ထပ်ခါတစ်လဲလဲ လုပ်နေပြီး အသစ်အဆန်းနဲ့ အပြောင်းအလဲကို လုပ်ရမှာကြောက်နေတယ်ဆိုရင် သေချာပါတယ် ⚠️Comfort Zone ထဲမှာ မိတ်ဆွေရောက်နေပါပြီ။
ပြောင်းလဲမှုတွေကို လက်မခံနိုင်ဘူးဆိုရင် ကိုယ်မှန်းထားတဲ့ အောင်မြင်မှုက ကိုယ့်ဆီဘယ်တော့မှ ရောက်လာမှာ မဟုတ်ပါဘူး။
တစ်ခါမှ မရဘူးသေးတဲ့ အောင်မြင်မှုမျိုးကိုလိုချင်ရင် တစ်ခါမှ မလုပ်ဘူးသေးတဲ့ အရာတွေကို လုပ်တတ်အောင် ကြိုးစားသင့်ပါတယ်။
(၄) သင်ယူလေ့လာမှုတွေနဲ့ အဆင်ပြတ်နေတာ⛔️
အောင်မြင်တဲ့သူတွေဟာ သင်ယူလေ့လာမှုတွေကို အမြဲ ဆာလောင်နေကြသူတွေဖြစ်ပါတယ်။
အခြားသူတွေထက်လဲ အောင်မြင်မှုလမ်းကြောင်းပေါ်ကို စောလျှင်စွာ ရောက်ကြပြီး တခြားသူတွေကိုလဲ အောင်မြင်အောင် ပံ့ပိုးပေးနိုင်ကြပါတယ်။
ဒါ့ကြောင့် အောင်မြင်ချင်တယ်ဆိုရင် 📚ရာသက်ပန်ကျောင်းသား📚ဖြစ်နေဖို့ လိုအပ်ပါတယ်။
(၅) ဘာကိုလိုချင်လို့ လိုချင်မှန်းမသိဖြစ်နေတာ🤯
အောင်မြင်သူတွေမှာ သူတို့ရဲ့ နောက် (၆)လ (၁)နှစ်အတွင်း ရချင်တဲ့ 🏆ရည်မှန်းချက်ပန်းတိုင်ဆိုတာ အမြဲ သတ်မှတ်ထားလေ့ရှိပါတယ်။
ကိုယ်ဘာလိုချင်လို့ လိုချင်မှန်းမသိရင် အောင်မြင်မှုဆိုတာနဲ့လဲ လက်လှမ်းဝေးသွားနိုင်ပါတယ်။
ကိုယ် တကယ်ဖြစ်ချင်တာက ဘာလဲ📚
ကိုယ့်ရချင်တဲ့ အောင်မြင်ပုံစံမျိုးက ဘယ်လိုလဲ❓ ဆိုတာကို တိတိကျကျသိအောင် စဥ်းစားဆုံးဖြတ်ပြီး အစီအစဥ်ဆွဲထားသင့်ပါတယ်။
ခုချိန်ထိ မိတ်ဆွေဟာ
ကိုယ်လိုချင်နေတဲ့ အရာတစ်ခုခုကို လက်မလှမ်းနိုင်သေးဘူးဆိုရင် 👆အပေါ်က အချက်တွေကို သေချာပြန်ဖတ်ပြီး ကိုယ့်ကိုကိုယ်ပြန်မေးသင့်ပါတယ်။
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ကို ရောက်နေပြီးတဲ့ မိတ်ဆွေတွေအနေနဲ့လဲ ကြိုးစားလာရတဲ့ ကာလတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို Comment မှာ ဝင်ရောက်ဆွေးနွေးပေးခဲပါဦး။
Always Live with Passion
Pyay Khaing
Asia Top Life & Business Coach
#EmpoweringLivesEveryDay
Pages
- Home
- Ko Nyi Nyi Taungyi Page
- Stock forecasts
- English Learner
- Learn English as a second language
- EWRT and ESL
- Chemistry30 class
- Humanities class
- Nursing Library
- Art & Humanity
- Algebra- Intermediate
- sociology
- psychology
- College Algebra ( Pearson)
- Chem30A
- Legal service
- Nursing
- Biology 40B
- Biology 40C
- COMPUTER CIS2
- Yale free online learning
- Airport Delay
- National Institute of Aging
- Flight tracker
- Cosmetology Registration
- History Facts
- Cosmetology application
Subscribe to:
Post Comments (Atom)

No comments:
Post a Comment