Tuesday, 1 October 2024

Forte အဓိပ္ပါယ် written by

Author @Burmese America Facebook post 

https://m.facebook.com/story.php?story_fbid=pfbid052vjoLfspuaDWBPE8BPzrTmje7V2an5q3LoVtNi7ZNHi8nb8TxvijhpDikAgatvdl&id=100083388859302

#Forte ဆိုတဲ့စကားလုံးလေးကို စာအုပ်တစ်ခုထဲမှာဖတ်လိုက်ရတယ်။

သူ့က ပြင်သစ်ဘာသာ စကားက စတင် လာတဲ့ English အသုံးနှုန်းတစ်ခုဖြစ်တယ်။

နားမလည်လို့ အဓိပ္ပါယ်တွေရှာရင်းနဲ့ ဘယ်လို ကိုယ်ပြန်သုံးရမလဲလေ့လာမိတယ်။

ကိုယ့်ဘ၀ နဲ့ တိုက်ဆိုင်လို့ အမှတ်ရစရာလေးတွေလည်းတွေးဖြစ်တယ်။


Forte ဆိုတာက a person's strong suit, or most highly developed characteristic, talent, or skill.


လူတစ်ယောက်နဲ့တစ်ယောက်မှာ အားသာချက်တွေရှိတယ်။ အားနည်းချက်တွေကို မတွေးသေးဘူး ခဏ နေအုံး။ အကောင်းတွေးနိုင်တဲ့ positive thinking သမားဆိုရင် ကိုယ့်ရဲ့ အားသာချက် Forte ကို သူ့မှာလည်း အကောင်းတွေးနိုင်တဲ့ Skill, Talent, Forte ရှိရင် မြင်တယ် သိတယ်။ 


လူတိုင်းက perfect မရှိဘူး။ မကောင်းတဲ့ weakness အချက်တွေရှိမယ် Strength အားသာချက် Forte တွေ ရှိမယ်။ အားသာချက်တွေကို မြင်နိုင်တဲ့ သူ က ကိုယ့်ရဲ့Preceptor အလုပ်သင် နည်းပြဆရာ၊မ ဖြစ်နေလို့ကတော့ စိတ် ဆောင် လို့ ကိုယ် အောင်။ သင်အောင်မြင်ဖို့ က ဆက်တိုက်ပဲ။


အကောင်း မြင် နိုင်စွမ်း မရှိတဲ့  Preceptor မျိုး နဲ့ မိဘမျိုးနဲ့ တွေ့လို့ ကတော့ 

မရှိမဲ့ ရှိမဲ့ confident လေးတွေရိုက်ချိုးခံရမယ်

ကိုယ့်ထက်တော်တဲ့ သာတဲ့သူတွေနဲ့ နှိုင်းယှဉ်ခံရမယ်


ကိုယ့်ကချည်းမှားနေပြီး တလောက လုံး က မှန်နေတယ်လို့ သင့်ကိုယ်သင် အပြစ်တွေတင်ပြီး 

Imposter Syndrome ဆိုတဲ့စိတ်ရောဂါ ပါရနိုင်တယ်။


ကိုယ့်ထက် တော်တဲ့သူ ဆိုတာ အဝေးကြီး မကြည့်နဲ့ ဘေးမှာ ရှိကိုရှိတယ်။

ဘာလို့လဲဆိုတော့ လူတိုင်းက အလုံးစုံ မတော်ဘူး။ လူတိုင်းမှာ သူ့ Forte နဲ့သူရှိတယ်။


တခါ တလေ ကျတော့ ကိုယ်ညံ့ နေတာ မဟုတ်ဘူး

ကိုယ့် လက်ဦးဆရာ က Forte မဖြစ်တာ ကို သူကိုယ်တိုင် မသိတာ 

သူ့မာနာနဲ့သူ ဘူးဆို့ နေတာ၊ တစ်ဖက် ကန်း 😣နေတာ 

။ 


I like taking care of my mental health as well as that of my co-workers. That's my forte. 

ဒီ အသုံး အနှုံး ပုံစံ လေး တွေကို interview မှာ ပြောကြည့်နော်


I wish everyone to grow in a supportive environment where people are not blind to see your #Forte 


နောက်လည်း မြန်မာပြည်သား အမေရိကန် သူနာပြု တစ်ယောက်အနေနဲ့ ဒီဖက်မှာ ရေပန်းစားတဲ့အသုံးနှုန်းလေးတွေနဲ့အတွေ့အကြုံလေးတွေ အခုလို ရောနှောပြီး စာရေးဖို့အချိန်ရှိတိုင်းရေးပေးသွားပါမယ်။


အလိုရှိတယ် ဆိုရင် Comment မှာ Nursing လို့ ရေးပေးခဲ့နိုင်ပါတယ်။


YouTube လေးထဲမှာလည်း အများကြီး အားဖြည့်ထားတာမို့ အားပေးနိုင်ပါတယ်။

No comments:

Post a Comment