Wednesday, 19 June 2024

Thailand visit

 သင်ထိုင်းနိုင်ငံ ကိုတက်တော့မယ်ဆိုရင် ဒီစာ

အရင်ဖတ်ထားပါ။ 🇹🇭

1. Sim Card 📱

တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာပါပါတယ်ရှင်။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လိုရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မှာ(သို) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ရှင် ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ

မှတ်ပုံတင်ရမှာဖြစ်လို Passport ယူဆောင်သွားရပါတယ်ရှင်။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မည့်သူရဲ့faceကို Scanပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။ 

2.Passport နဲ့ Visa 🛂

နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင်  Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ရှင်။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ရှင်။ Passport ကအနည်းဆုံး  ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ရှင်။ 

3. Money Exchange 💵

Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။ 

ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။ 

ATM တွေလည်းတော်တော်များများရှိပါတယ် 🪪

4. Seasons (ရာသီဥတု) 

မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ရှင်။ 

ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့ 

☀️နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ

🌧မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ

❄️ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတိုပဲဖြစ်ပါတယ်ရှင်။ 

5. နာမည်ကြီးပွဲတော်များ🎊

နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင် 

✅ Chaung Mai ပန်းပွဲတော် 🌸(2-4February)

✅ တရုတ်နှစ်ကူး (Feb လထဲ) 🧧

✅ သင်္ကြန်ပွဲတော်  (13-15 April) 🔫

✅ သရဲပွဲတော် (23-25June)

✅ သပ်သပ်လွတ်ပွဲတော် (3-10 October)  အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။ 

✅ မီးမျှောပွဲ (15Nov)🪔

6. သွားလာရေးအတွက် အသုံးပြုရမည့် App များ

✅ Indrive -

For Android -  https://bit.ly/4bOvQrG

For IOS - https://bit.ly/3X1BmU3

.......................................................

✅ Bolt - 

For Android - https://bit.ly/4aDVsXC

For IOS - https://bit.ly/4baIm53

.......................................................

✅ Grab - 

For Android -  https://bit.ly/3yutoZf

For IOS -  https://bit.ly/3QI0BX9

.......................................................

✅ Via bus - 

For Android -  https://bit.ly/3yveou4

For IOS - https://bit.ly/4bBOjYz

.......................................................

✅ Bangkok MRT & BTS Metro Guide - 

For Android -  https://bit.ly/3K7Qpnm

For IOS -  https://bit.ly/3QMJ0h8

.......................................................

အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ

✅ Hotel ငှါးဖိုဆို Agoda -

For Android -  https://bit.ly/44U166H

For IOS - https://bit.ly/3QI0Am3

.......................................................

✅ အိမ်ပြောင်းဖိုဆို Lala Move App - 

For Android - https://bit.ly/4bIexcx

For IOS - https://bit.ly/4bHYRpd

.......................................................

✅ အိမ်ငှါးဖိုဆို Renthub 

For Android - https://bit.ly/3V0Fsc2

For IOS - https://bit.ly/3QNN1St

.......................................................

✅ Online Shopဆို Lazada 

For Android - https://bit.ly/44QoaTw

For IOS - https://bit.ly/4aXVOsX

No comments:

Post a Comment