credit Maung Maung zaw
အခုရက်ပိုင်း မီးပျက်ချိန်ပိုများလာလို့၊ မီးလာချိန်ထဲကပါ ထပ်ပျက်နေလို့ လေးနာရီခံရင်တော်ပြီဆိုပြီး ဘက်ထရီကွက်တိတပ်ထားသူတွေဟာ ဘက်ထရီအား မလောက်ငတော့တာ၊ ဘက်ထရီအားအပြည့်ပြန်မသွင်းနိုင်တာတွေနဲ့ ကြုံလာရပါတယ်။
ဒါ့အပြင် ရာသီဥတုပူလာလို့ AC ဖွင့်ချိန်ပိုများလာခြင်းနဲ့၊ Non inverter type AC မဟုတ်ရင် compressor ရဲ့ လည်ချိန်များပြီး Load လည်းပိုတက်စေလို့ ဘက်ထရီအားမြန်မြန်ကုန်လာစေပါတယ်။ ဘက်ထရီကို အသုံး ပြုနိုင်တဲ့အချိန်ပိုနည်းလာရပါတယ်။ အရင်က ဘက်ထရီ 40% နဲ့ 50%လောက် အနည်းဆုံးကျန်သူတွေ အခုရက်ပိုင်း 25% နဲ့ 20% လောက်သာ ကျန်ကြတော့အထိဖြစ်လာပါတယ်။ အဲဒါကြောင့် inverter မှာ Fault code 04 ပေါ်ပြီး Alarm မြည်လာတာတွေ ကြုံကြရ လာပါတယ်။
LifePo4 battery တွေကို Inverter settings မှာ DOD အနေနဲ့ 20% လောက်မှာ Default ထားကြလို့ ဘက်ထရီလက်ကျန် 20% အရောက်မှာ ဘက်ထရီကပါဝါကို system ကရပ်ချလိုက်မှာဖြစ်ပါတယ်။(ဘက်ထရီကို 0% အထိအကုန်သုံးရင် ဘက်ထရီရဲ့သက်တမ်းတိုစေပြီး တပ်ဆင်ထားတဲ့ Inverter နဲ့လည်း အားပြန်သွင်းလို့မရပါ။ သူနဲ့ကိုက်တဲ့ ပြင်ပ Battery charger နဲ့ 10% လောက်ထိ ပြန်သွင်းပေးပြီးမှ inverter နဲ့ ဆက်သွင်းလို့ရမှာပါ)
ဒါကြောင့် DC voltage low level ကို Default အနေနဲ့ 20% မှာထားပေးထားပြီး အနည်းငယ်ထပ်သုံးချင်ရင်တော့ Settings program 005 ရဲ့ Battery type မှာ USE ( User defined) ရွေးပြီး 10% ထိ လျော့ချလို့ရပါတယ်)။ ပြီးရင်တော့ Li ကို ပြန်ရွေးပြီး သက်ဆိုင်ရာဘက်ထရီအလိုက် Protocol ပြန်ထည့်ပေးရပါမယ်။ (USE မပြောင်းမီ မိမိ battery ရဲ့ Protocol ကို မသိရင် ကြိုကြည့်ပြီး မှတ်ထားဖို့လိုပါမယ်)
မူလ Default 20% မှာထား ထားရင် ဘက်ထရီ 26/27 % လောက်အရောက်မှာ Fault code 04 ပြပြီး တစ်စက္ကန့်တကြိမ် Beep alarm လာပါမယ်။ အဲဒီလို Alarm လာနေပြီး 20% ရောက်ရင်တော့ System ကို shutdown လုပ်လိုက်ပါတယ်။
မီးပြန်လာချိန်မှ System power ပြန်တက်လာပြီး ဘက်ထရီကို charging ပြန်လုပ်ပါတယ်။ သို့သော် Fault code 04 နဲ့ alarm ကတော့ 26/27% လောက်မရောက်မချင်း လာနေဦးမှာဖြစ်ပါတယ်။
တစက္ကန့်တကြိမ်မြည်နေတဲ့ Low DC voltage alarm ကို အနှောက်အယှက်ဖြစ်လို့ ယာယီ ပိတ်ထားချင်ရင် Down+ Enter ကို စုံနှိပ်ပြီး ပိတ်ထားလို့ရပါတယ်။ Alarm တွေဟာ ယာယီသာပိတ်သင့်ပြီး ပုံမှန်မှာတော့ အမြဲ ဖွင့်ပေးသင့်ပါတယ်။ Battery voltage 30% လောက်ရောက်ချိန်မှာ အထက်ပါအတိုင်း စုံနှိပ်ပြီး ပြန်ဖွင့်ထားလိုက်လို့ရပါတယ်။
Low DC voltage alarm ရဲ့ အားသာချက်က မကြာခင် 20% ရောက်ပြီး မီးတွေပိတ်ကျနိုင်တာကို ကြိုသိရလို့ Load များတဲ့ လျှပ်စစ်ပစ္စည်းတွေ ဖြစ်တဲ့ AC/ Fridge စတာတွေကို ပိတ်ချပြီး Lighting only ရဲ့ load အနည်းငယ်နဲ့ပဲ မီးမှောင်မကျသွားအောင် ရသလောက် အချိန်ဆွဲဆန့်နေသွားနိုင်ပါတယ်။ မီးအလင်းရောင်နဲ့ အချိန်အတိုင်းအတာတခုထိ ပိုနေလို့ရသွားမှာဖြစ်ပါတယ်။
User တစ်ယောက်အနေနဲ့ Manual အရနဲ့ အတွေ့အကြုံအရ သိသလောက် ပြန်မျှဝေခြင်းသာဖြစ်ပါတယ်။

No comments:
Post a Comment