Thursday, 20 April 2023

အော်တိုဂီယာဘောက် overrun ကလပ်၊ဆိုလိုနွိုက်နှင့် L/2/3 မန်နူရယ်ဂီယာပြစ်ချက်

 ⭕ အော်တိုဂီယာဘောက် overrun ကလပ်၊ဆိုလိုနွိုက်နှင့် L/2/3 မန်နူရယ်ဂီယာပြစ်ချက် 


👨‍🔧 A/T ဂီယာဘောက်တွေနဲ့ ပတ်သက်ပြီး overrun clutch တွေကို အလုပ်လုပ်ပေးမဲ့ overrun clutch solenoid valve ဘယ်လိုအလုပ်လုပ်လဲ? overrun clutch နှင့် ဘယ်လို ချိတ်ဆက်အလုပ်လုပ်နေလဲ? L/2/3 စတဲ့ မန်နူရယ်ရယ်ဂီယာ တွေစပ်ဆက်ပြီး ဘယ်လိုပြစ်ချက်မျိုးတွေ ပေါ်နိုင်လဲ? ဒီနေရာမှာ ကျွန်တော့်မိတ်ဆွေတွေအတွက် ကြုံဖူးသမျှ လက်လှမ်းမှီသလောက်ပြောပြပေးသွားပါ့မယ်ခင်ဗျာ။ L/2/3 စတဲ့ မန်နူရယ်ဂီယာ သုံးတဲ့လူတွေ နည်းမယ်ထင်ပါတယ်။ အများစုသည် D / N / P / R စတဲ့ ဂီယာချက်တွေကိုပဲ တွင်တွင်ကြီး အသုံးပြုကြမဲ့သူက ကားသမား ၁၀၀ မှာ ၈၀ လောက်က မန်နူရယ်ဂီယာအသုံးပြုလေ့မရှိပါဘူး။ မန်နူရယ်ဂီယာက ဆီစားတယ်လို့် ထင်ကြတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ဒါပမဲ့ ကားထုတ်လုပ်သူတွေက မန်နူရယ်ဂီယာကို အလကားထည့်ပေးထားတာတော့မဟုတ်ဘူး။ အသုံးပြုဖို့ ထည့်ပေးတာဖြစ်ပါတယ်။ မန်နူရယ်ကို တချို့ ကားဆရာတွေက D ထိုးမရတော့မှ သုံးကြတာများတယ်။ အဲ့ဒါဟုတ်လား ။ ဟုတ်ပါတယ်။ သတိကို မရကြတာပါ။ အဲ့ဒီမှာ ပြဿနာက အစပြုပါတယ်။ မန်နူရယ်ဂီယာမသုံးပေးတာကြာရင် သုံးလို့ အဆင်မပြေတော့တာမျိုးရှိတယ်။ ဘာလို့လည်းဆိုရင် မန်နူရယ်နဲ့ ဆိုင်တဲ့ ဗားဘော်ဒီဟိုက်ဒရောလစ် လမ်းကြောင်းတွေ မပိတ်သော်ငြားလည်း အလုပ်မလုပ်တော့တာမျိုးပါ။ ချောချောချူချူ အလုပ်မလုပ်နိူင်တော့တာမျိုးဖြစ်ပါတယ်။ A/T ဂီယာမှာဆိုရင် မန်နူရယ်ဂီယာအတွက် overrun clutch က အလုပ်လုပ်ပေးပါတယ်။ overrun clutch အတွက် overrun solenoid valve တွေက တာဝန်ယူပြီး အဖွင့်အပိတ်ကစားပေးပါတယ် ။ Toyota မှာ overrun solenoid valve ကို တခြား solenoid တွေနဲ့ လုပ်ဆောင်မှု ပေါင်းထားတာရှိတယ်။ သီးသန့်ထားပေးတာမျိုးလည်းရှိတယ်။ TCM နဲ့လာတဲ့ Nissan / Ford မှာတော့ overun clutch solnoid ဆိုပြီး သီးသန့် တစ်လုံးထည့်ပေးထားတယ်။ overrun solenoid မှာ ၂ပင်ရှိတယ်။ တစ်ပင်က ဂရောင်း ၊ ကျန်တစ်ပင်က TCM ကိုသွားတယ်။ ဂရောင်းမမိတာပဲ ဖြစ်ဖြစ် ၊ TCM က ဆိုလိုနွိုက်ကို မီးမချပေးတာပဲ ဖြစ်ဖြစ် L/2/3 စတဲ့ မန်နူရယ်ဂီယာတွေမှာ ဂီယာဆောင့်တက်တယ်။ ဂီယာမဝင်တာမျိုး ၊ ဂီယာဝင်ပြီး ချက်ချင်းမထွက်တာမျိုးဆိုရင်တော့ overrun clutch နဲ့ valvebody က ဖြစ်တာများတယ်။ TCM သီးသန့်လာတဲ့ Nissan ၊ Hyundai ၊ Kia ၊ Ford စတဲ့ ကားတွေမှာ L/2/3 စတဲ့ ဂီယာတွေ ပြဿနာတစ်ခုခုဖြစ်ရင် ECU နဲ့ မဆိုင်တာကြောင့် TCM နဲ့ ဆိုလိုနွိုက် ၊ ဗားဘော်ဒီအစိတ်အပိုင်းတွေကို ပြုပြင်ပေးရပါမယ်။   ပုံမှာ overrun clutch solenoid ရဲ့ တည်နေရာ ၊ လျှပ်စစ်ခုခံမှု တိုင်းတာရင် ရလာမည့် ohm တန်ဖိုးကိုပြပေးထားပါတယ်။ ဒီလောက်ဆို overrun clutch နဲ့ solenoid အကြောင်း အတော်လေးသိလောက်ပြီထင်ပါတယ်။ ကျွန်တော့် မိတ်ဆွေ စက်ဆရာများ ကားဆရာများ ဘေးကင်းကြပါစေ 🙏


#စက်ဆရာညီကိုတွေ အားတဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်3အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ

စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ


#EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်

https://www.facebook.com/100064755550366/posts/551421737026340/


#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်

https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398


#Wiring & ECUစာအုပ်

https://www.facebook.com/127119418075398/posts/1109230133197650/


မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 

09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ 


🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏


📌 အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ 

https://t.me/+X2wga8MUZlw4M2Vl (ဂရု) 

https://t.me/automechanicsbook14 (ချန်နယ်)

No comments:

Post a Comment