ဒီနေ့တော့ မနေ့ကပြောထားတဲ့ မိဘ မောင်နှမတွေ အတွက် Green Card တင်ဖို့ Petition တင်တာ ပြောပေးပါမယ်။ အခု ရေးပေးတာတွေက မိတ်ဆွေ ညီမလေး က သူ့မေမေ အတွက်တင်ပေးထားတာကို ရှင်းပြပေးပြီး ကိုယ်တိုင်မေမေ့အတွက်တင်ပေးထားတဲ့ procedure ပါ။
အရင်ဆုံး petition တင်မယ်ဆိုတော့ ကိုယ်တိုင်တင်လို့ရသလို ရှေ့နေ ဘာညာနဲ့ တင်ချင်ရင်လည်းရပါတယ်။ ကိုယ်ကတော့ ကိုယ်တိုင် တင်ပေး ဖို့စီစဉ်ပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်အကြောင်းကို ကိုယ် ပဲသေချာသိတာလေ။ အဲဒီတော့ အင်တာဗျူးဝင်ရင်လည်း ကိုယ်တိုင်ပဲဖြေရမှာဆိုတော့ ကိုယ့်ဘာသာပဲ တင်ပေးလိုက်ပါတယ်။
သူက Online ကနေ တင်လို့ရသလို စာတိုက် ကနေ ပို့လည်းရပါတယ်။ အခုရေးပေးမှာကတော့ online ကနေ တင်တာပါ။
ပထမဆုံး USCIS ACCOUNT ကို ဝင်ရပါမယ်။ အဲဒီ ကို ဝင်လိုက်တာ နဲ့ my account အောက်မှာ File a Form online ရွေးရပါမယ်။ ရွေးပြီး ပေါ်လာတဲ့ page မှာ select the form you want to file online အောက်က ကွက်လပ် မှာ ထောက်ကြည့်လိုက်ရင် Form တွေ အများကြီး ပေါ်လာပါလိမ့်မယ်။ အဲဒီက မှ I-130, petition for Alien Relative ကိုရွေးပါ။ ပြီးရင် start form မှာ click လိုက်ရင် page ပေါ်လာပါလိမ့်မယ်။ အဲဒီpage အောက်ဆုံးဘက် next ကို နှိပ်ရင် နောက် page တခုပေါ်လာပြီး အဲဒီအောက် ဘက် မှာ start ဆိုတာ ကို click လိုက်ရင် စပြီး အချက်အလက်တွေ ဖြည့်လို့ရပါပြီ။
အဲဒီမှာ အစဉ်အတိုင်း ဖြည့်ရမှာပါ။
၁- ကိုယ့်အကြောင်း (citizenship တင်တုန်းက ဖြည့်ထားတဲ့ အတိုင်းသေချာ ထည့်ပါ။)
၂- ကိုယ့် ဇနီး/ခင်ပွန်း အကြောင်း(citizenship တင်တုန်းကအတိုင်း)
၃- မိဘ အကြောင်း
၄- ပြီးရင် ကိုယ်က ဘယ်သူ့ အတွက်တင်ပေးချင်တာလဲဆိုတဲ့ beneficiary အကြောင်း ( တင်ပေးချင်သူ တစ်ယောက်ကို တစ်စောင်စီ သပ်သပ်ဖြည့်ရမှာပါ)
၅- Beneficiary မိသားစု အကြောင်း (ဇနီး/ခင်ပွန်း ရှိ/ သေဆုံး/ကွာရှင်း ) (သားသမီး နာမည်၊မွေးနေ့၊မွေးဖွားရာနိုင်ငံ)
၆- ဘယ် နိုင်ငံမှာ အင်တာဗျူးဝင်မှာလဲ ဆိုတာတွေ ဖြည့်ရပါမယ်။
ဒါတွေ ဖြည့်ပြီးသွားရင် documents attached လုပ်ရပါမယ်။
I-130 မှာ ကိုယ်တွဲထည့်ပေးထားတာတွေကတော့ ဒါတွေပါ။
၁- Native Writing - မေမေ့နာမည် ကို မြန်မာလို လက်ရေးနဲ့ ရေးပေးထားတဲ့ စာရွက်
၂- Certificate of Naturalization ကိုယ့်ရဲ့ နိုင်ငံသားဖြစ်ကြောင်း စာရွက်
၃- Birth Certificate
၄- အိမ်ထောင်စုစာရင်း (လိုမလို မသိပေမယ့် ထည့်ပေးလိုက်ပါတယ်။)
၅- မေမေ့ passport photo
၆- မေမေ့ passport copy
ဒါတွေ attach လုပ်ပြီး သေချာ စစ်ပြီးရင် submit လုပ်လို့ရပါပြီ။
FEE ကတော့ တစ်ယောက်ကို $535 ပါ။
Submit လုပ်ပြီး နောက်တစ်ရက်မှာ ဝင်စစ်ကြည့်ရင် case number, processing time ဘာညာ ကို စမြင်နေရပါပြီ။ USCIS က စာလည်း ရောက်လာမှာပါ။ ကိုယ်က မနေ့ကမှ စပြီးတင်ထားတာဆိုတော့ I-130 approved ဖြစ်တာ ကို စောင့်ရပါမယ်။ အခု တင်ထားတာ အတွက် estimated procesding time ကတော့ မိဘအတွက် ဆို ၁၂လလောက်ပါ။ မောင်နှမတွေ ကတော့ ၅-၁၀ နှစ်လောက်ကြာပါမယ်။
ဒီအပိုင်းကတော့ I-130 approve ဖြစ်ရင် လိုအပ်မယ့် documents တွေပါ။ သူတို့တောင်းတဲ့ အချိန်မှာ ပေးနိုင်ဖို့စုထားရပါမယ်။
1. Tax transcript 3 years (ကိုယ်တိုင်)
2. W2 for last year (ကိုယ်တိုင်)
3. Marriage Cert (ကိုယ်တိုင်၊ မေမေ) (မေမေ့အတွက်က ရှိမရှိ မသေချာတော့၊ မရှိတော့ကြောင်း စာရေးရှင်းပြဖို့ရည်ရွယ်ထားပါတယ်)
4.မွေးစာရင်း (ကိုယ်တိုင်၊ မေမေ)
5.ရဲစခန်းထောက်ခံစာ (မေမေ)
6.ရပ်ကွက်ထောက်ခံစာ (မေမေ)
7.Passport (မေမေ)
8.Passport Photo 2” x 2” (မေမေvisa ဝင်ရင်ပေးရန်)
မြန်မာပြည်က စာရွက်စာတမ်းအကုန် Original/ Notary/ photocopy လုပ်ထားရန်
I-130 approved ဖြစ်ပြီးရင် DS-260 နဲ့ I-864 တင်ပေးရပါမယ်။ I-864 က Affidavit Of Support ပါ။ ကိုယ်က Sponsor လုပ်ပြီး ခေါ်တာအတွက် supporting document ပါ။ ကိုယ့်ဝင်ငွေ က နည်းနေရင်တော့ Joint Sponsor ယူပြီး I-864A ပါ တင်ပေးရပါမယ်။
I-130 approval စောင့်နေချိန်မှာ နောက်တခု လုပ်ထားရမှာ က B ပိုး စစ်ထားပါ။ မရှိရင် ကာကွယ်ဆေးထိုးပြီး ၊ ထိုးပြီးကြောင်း ဆရာဝန်လက်မှတ်နဲ့ certificate ယူထားပါ။ ကျန်းမာရေး ဂရုစိုက် ပြီးနေပါ။
ဒါတွေ ကတော့ အခုလောလောဆယ် ကိုယ်တိုင် တင်ထားတဲ့ petition အတွက်ပြင်ထားတာတွေပါ။ ပုံလေးကတော့ ညီမလေးတစ်ယောက် ပို့ပေးထားတာပါ။
နောက်ထပ် update သိရရင် ထပ်ပြီးဖြည့်ရေးပေးပါမယ်။
အမှားအယွင်းပါခဲ့ရင်လည်း ပြောပေးလို့ရပါတယ်။
အားလုံးပဲ အစစ အရာရာ အဆင်ပြေကြပါစေ။

No comments:
Post a Comment