Sunday, 28 August 2022

House deed transfer (gifting,Bequeathing)

ကန်မှာနေထိုင်ကြတဲ့ရွှေတို့အနေနဲ့ ဘယ်ပစ္စည်းကိုပဲ ဝယ်ဝယ် အကြွေးစနစ်ကနေမကင်းကြပေ။ ကွေးသောလက်မဆန့်မီ/ဆန့်သောလက်မကွေးမီတွင် တစုံတဦးပျက်ဆီးခဲ့သော ဝယ်ထားခဲ့သော စတော့ရှယ်ယာတွေ၊ အိမ်တွေ၊ ကားတွေ၊ ဘဏ်စုငွေတွေ ဘယ်လိုစီမံကြမလဲဆိုတာကို စဉ်းစားမိကြပါရဲ့လား? 
.
ကိုအောင်နိုင်စိုးရေးသည်။ 
.
အထက်မှာဆိုခဲ့သည့်အတိုင်း မိဘတွေ သို့မဟုတ် ညီအစ်ကိုမောင်နှမတွေပိုင်ဆိုင်ကြတဲ့ အိမ်တွေကို မဆုံးရှုံးကြရအောင် ဘယ်လိုလုပ်သင့်သလဲဆိုတာကို ပြန်လည်မျှဝေပေးပါမယ်။ 
အကယ်၍ မိဘတွေတိမ်းပါးသွားသည့်အခါ အိမ်က အခုထိ Pay off မဖြစ်သေးဘူး ဘဏ်ကိုလဲ ပိုက်ဆံဆက်သွင်းဖို့က တရားမဝင်ဘူး၊ အဲ့တော့ဘဏ်ကလဲ သူရသင့်ရထိုက်တဲ့ပိုက်ဆံမရဘူးဆိုရင် အိမ်ကိုလာသိမ်းမှာဖြစ်တယ်။ အဲ့တော့ ကျန်ရစ်သူမိသားစုအနေနဲ့ အရူးမီးဝိုင်းဖြစ်ကြတော့တာပါပဲ။ ထို့အရာတွေကိုကာကွယ်ဖို့  နည်းလမ်း(၄) သွယ်ရှိပါတယ်။  အကုန်လုံးကတော့ အခွန်ကိစ္စနှင့်ပတ်သက်ဆက်နွယ်နေတာပါပဲ။ 
၁။ မိဘတွေအနေနဲ့ မိမိတို့ဝယ်ယူပိုင်ဆိုင်တဲ့အိမ်ကို ကာလပေါက်စျေးနဲ့ မိမိရင်သွေးထံသို့ရောင်းခြင်း ။ 
၂။ အိမ်ကို သားသမီးထံသို့ လက်ဆောင်အဖြစ်ပေးခြင်း (Gifting)။ 
၃။ သေတမ်းစာဖြင့် အပြီးအပိုင်ပေးခြင်း (Bequeathing)
၄။ စာချုပ်စာတမ်းဖြင့်လွှဲပြောင်းပေးခြင်း (Deed Transfer) တို့ဖြစ်ပါတယ်။ 
အားလုံးထဲမှာ စာရေးသူကတော့ Deed transfer ကို အဆင်ပြေသည်ဟု မှတ်ယူပါတယ်။ သို့ပေသည့် စာချုပ်စာတမ်းဖြင့်လွှဲပြောင်းခြင်းကို အမေရိကန်ပြည်ထောင်စုတွင်း ပြည်နယ် (၂၅) ခုနှင့် District of Columbia တွင် သာပြုလုပ်ခွင့်ရှိကြောင်းကန့်သတ်ထားလေး၏။ ပြုလုပ်ခွင့်ရှိသောပြည်နယ်များစာရင်းကို ပုံတွင်ကြည့်ပါ။ 
Transfer on Deed ကတော့ ဘဏ်မှ အိမ်အားလာရောက်ပိတ်သိမ်းခြင်းကို ကာကွယ်နိုင်ကြောင်းသိရပေသည်။ 
စာရေးသူအနေဖြင့် ကယ်လီ နှင့် တက်ဆက်တွင် Deed Transfer ပြုလုပ်လိုသူများရှိက မိတ်ဆွေကောင်းရှိ၍ ညွှန်ကြားပေးနိုင်ပါတယ် သို့သော် ယင်းသူတို့သည် မြန်မာစကားပြောတတ်ကြသူများမဟုတ်ပေ။

No comments:

Post a Comment