Tuesday, 24 May 2022

Stimuli and attention

 စိတ်ရောဂါဆရာဝန်ဆိုတော့လူ့စိတ်အကြောင်းလေးရေးလိုက်ဦးမယ်။လူဆိုတာမွေးကည်းကစိတ်ပူပင်သောကရောက်တတ်တဲ့သတ်တဝါပါ။မွေးကတည်းကတဝါးဝါးငိုထွက်လာတာကိုကြည့်လေ။ဘယ်ကိုဘာလို့ရောက်လာတယ်ဆိုတာလည်းမသိမသေချာမရေရာဘာမှမသိပဲလောကထဲရောက်လာတာကိုး။ပီးမှအဖေအမေမျက်နှာမြင်ရပြီးနို့တိုက်လို့နို့သောက်ရမှန်းသိလာတာကိုး။


ဟောကြီးလာတော့လူဖြစ်လာပြီးstimuli လှုံ့ဆော်မှုနဲ့ attention ဂရုစိုက်မှုကိုရှာပါတယ်။ဒီ၂ခုမရှိရင်သူမနေတတ်ဘူးလေ။stimuli ဆိုတာတော့မွေးကာစကလေးအတွက်ကနို့တို့ကစားစရာတို့ေ ပါ့။ attentionဆိုတာကတော့အမေအဖေရဲ့ဂရုစိုက်ပြုစုမှုပေါ့။လူဟာကြီးလာတာနဲ့ကြီးပြင်းတဲ့ပတ်ဝန်းကျင် ပေါ်မူတည်ပြီးသူရှာတဲ့stimuliဟာလည်းပြောင်းလဲလာပါတယ်။ကြီးလာတော့ stimuli ဟာအရက် မူးယစ်ဆေး မိန်းမ အချစ် karaoke nightclub video game ဒါတွေဖြစ်လာတာပေါ့။attention ဆိုတာတော့ချစ်သူရဲ့အချစ် မိဘရဲ့ဂရုစိုက်မှုပြုစုပျိုးထောင်မှုပြည်သူလူထုရဲ့အားပေးထောက်ခံမှုဒါတွေပေါ့။ ကိုယ်ပြောတာကိုကိုယ်လုပ်တာကိုကိုယ်ရေးတာကုစိတ်ဝင်စားစေချင်တယ်။သဘောကျစေချင်တယ်။ထောက်ခံစေချင်တယ်။ attention ပေါ့။ 


အဲဒီတော့ကလူဖြစ်လာတာနဲ့stimuliနဲ့attention လိုတော့တာပဲ။အခုစာဖတ်နေတဲ့မိတ်ဆွေလည်းဘာstimuli လိုတယ်ဘယ်stimuli ရှိမှဖြစ်မယ်ဆိုတာကိုယ့်ကိုကိုသိမှာပါ။ ဟဲဟဲ။ stimuliများသွားရင်လည်းရူးသွားတတ်ပါတယ်။ stimuli လုံးဝမရှရင်လည်းလူဟာအသက်မရှင်ိုင်ပါဘူး။လူဟာattention လည်းအရမ်းရှာတဲ့သတ်တဝါဖြစ်ပါတယ်။တချို့ကအရမ်းလိုတယ်။တချို့ကတော့နဲနဲပဲလိုတယ်။stimuli ရောattention ပါမလိုတဲ့သူဆိုရင်တော့သေသွားသူဒါမှမဟုတ်ရဟန်းတာပဲဖြစ်လိမ့်မယ်။ ခုဆိုရင်မြန်မာနိုင်ငံသားတွေအတွက်ကလွတ်လပ်သောဒီမိုကရေစီဟာ stimuli ဖြစ်ပြီးသာဝတို့ပုတင်တို့အတွက်ကတော့အဓမသြောဇာအာဏာပေါ့။


အထက်ကတင်ပြတာကတော့အနောက်တိုင်းစိတ်ပညာအရလူဆိုတာ stimuli နဲ့ attention ရှာဖွေသူပါလို့ရိုးရိုးရှင်းရှင်းပြောတာကိုစေတနာဖြင့်ရေးသားလိုက်ပါတယ်။


Dr. Julien Moe

စိတ်ရောဂါအထူးကု 

၈၈ကျောင်းသား

No comments:

Post a Comment