.
.
🎀၁၉၈၀..ကျော်ကာလ
ဘရာဇီးနိုင်ငံမှာ
ထားစရာမရှိအောင်ချမ်းသာသူနဲ့
စားစရာမရှိအောင်ဆင်းရဲသူဆိုပြီး..
လူတန်းစား
တအား....ကွာဟ နေချိန်ပေါ့။
စားသောက်ဆိုင်ကြီးတစ်ခုထဲ
ကားကြီးတစ်စီးဝင်လာတယ်။
ဆိုင်ပေါက်ဝက
စုတ်တီးစုတ်ပြက်
ကလေး(၃)ယောက်က
"သူဌေးကြီး..ဖိနပ်တိုက်ပါရစေ.."
ဝိုင်းအော်ကြတယ်။
သူဌေးကြီးဆိုသူလည်း.....
ဆိုင်ထဲဝင်ပြီးမှ
နာလန်ထစ..လို
အာဟာရချို့တဲ့..နေတဲ့
ကလေးတွေကိုကြည့်ပြီး
ပြန်လှည့်လာတယ်။
"ဘယ်လောက်လည်းကွ"
အားတတ်သရော...
"(၂၀၀)ပါခင်ဗျ"
"အေး...ဟုတ်ပြီ
(၁၀)ဆပေးမယ်ကွာ
ဘယ်သူကတိုက်မလဲ?
တစ်ယောက်ချင်းဖြေ.."
ပထမတစ်ယောက်
"ကျွန်တော်..တိုက်မယ်"
"မင်းဘာလို့..တိုက်ချင်တာလဲ?"
"ကျွန်တော်တနေကုန်
ဘာမှ..မစားရသေးလို့ပါ"
"အေး...ဟုတ်ပြီ"
ဒုတိယတစ်ယောက်
"မင်းကရော..?
ကျွန်တော်လည်း..မစားရသေးဘူး
အိမ်မှာ..အမေကလည်း
နေ..မကောင်းဘူးခင်ဗျ"
"ဟေ..ဟုတ်လား?..အေးပါ"
နောက်ဆုံးတစ်ယောက်
"မင်းကရောကွ.!
"ကျွန်တော်က
ဦးလေးပေးတဲ့ဖိနပ်တိုက်ခကို
သူတို့နှစ်ယောက်ကိုပေးချင်လို့ပါ"
"ဟေ..မင်းကဘာစားပြီးပြီလဲ?"
"ကျွန်တော်က
ပေါင်မုန့်နှစ်ချပ်စားထားပါတယ်'
"အင်း......ဟုတ်ပြီ
ဒါဆို...မင်းတိုက်ကွာ"ဆိုပြီး
ငွေ(၂၀၀၀)ထုတ်ပေးလိုက်တယ်။
ကောင်လေးက
ချက်ချင်းပဲ
သူ့..သူငယ်ချင်းနှစ်ယောက်ကို
ပိုက်ဆံ........ခွဲပေး
"မင်းတို့ပြန်နှင့်ကြ.."ဆိုပြီး
ဝမ်းသာအားရ
ဖိနပ်ကုန်းတိုက်ပါလေရော!
နောက်တော့
အဲ့ဒီသူဌေးကြီးက
သူ့ကို...အလုပ်ပေးတယ်။
အသက်(၄၅)နှစ်မှာ
အလုပ်သမားပါတီထောင်တယ်။
သူ့ရဲ့
အနစ်နာခံစိတ်
ကိုယ်ချင်းစာစိတ်တွေကြောင့်
လူချစ် လူခင် ပေါလှပြီး.....
၂၀၀၂ ခုနှစ် ရွေးကောက်ပွဲမှာ
ဘရာဇီးနိုင်ငံရဲ့
(၃၅)ယောက်မြောက်
သမ္မတ ဖြစ်လာတယ်။
(Fernando Henrique Cardoso.)တဲ့
ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်..
ကိုယ့်လောက်
အဆင်မပြေဖြစ်နေသူတွေကို
အနစ်နာခံပါ။
ကိုယ်ချင်းစာတရားထားပါ။
မေတ္တာ အရင်းခံတဲ့စိတ်ထား ထားရှိရင် ဘဝမှာ အောင်မြင်မှုတွေရလာမှာ
အသေအချာပါပဲ ...။
Credit To Original Uploader
Via. Ko Naing

No comments:
Post a Comment