🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙 🐾🙏💙🐾🙏💙
တစ်ခါတလေ တချို့သောအရာတွေက
အနိုင် ရနိုင်ပါလျက်နဲ့ အရှံးပေးလိုက်ရတဲ့အခါရှိတယ်
- တစ်ခါတလေ တချို ့သောအရာတွေက
ပိုင်ဆိုင်ခွင့်ရနိုင်ပါလျက်နဲ ့ စွန့်လိုက်ရတဲ့အခါရှိတယ်
- တစ်ခါတလေ တချိူ ့သောအရာတွေက
မှန်နေပါလျက်နဲ ့ ဖြေရှင်းမရ ငြိမ်နေရတဲ့အခါရှိတယ် ။
- တစ်ခါတလေ တချိူ ့သောအရာတွေက
ပြောချင်ပေမယ့် မျိူ သိပ်ထားရတဲ့အခါရှိတယ်။
- တစ်ခါတလေ တချိူ ့သောအရာတွေက
ခွင့်လွတ်ဖို့ မထိုက်တန်ပေမယ့်,
ခွင့်လွတ်ပေးရတဲ့ အခါရှိတယ်။
ဒါတွေအားလုံးဟာ မိမိရဲ့အတ္တထက်
တပါးသူကို "ပျော်ရွှင်စေချင်လို့ပါ ။
ဒီလို " တခါတလေ အခိုက်တန့်" လေးတွေ က
ကျွုနုပ်တို့ ကို ပိုမို ရင့်ကျက်လာစေပါတယ်
တခါတေလ
တခါတရံ ပေါ့
မိမိ အတ္တကို ချိုးနှိမ် လိုက်ချိန်တွေလေ !
.
.
creditပါ
သေချာတဲ့ တခေါက် 🖤
ဒီတခေါက်ရော မင်းက သေချာလို့လား ၊
ဒီတခေါက်တော့ အတည်လား ဆိုပြီး စသလိုလိုနဲ့ ပြောလာကြတဲ့တချို့ကြောင့် စိတ်မကောင်းဘူးလို့ အမှတ်မထင် သူပြောလာတော့ ကိုယ်ရော မသေချာခဲ့တဲ့ အခေါက်ပေါင်း ဘယ်လောက်ရှိခဲ့ပြီလဲ လို့ ပြုံးမိတယ်...
လူတိုင်းလဲ ဘဝမှာ ဒီလိုပဲမလား...
အကြောင်းအမျိုးမျိုးကြောင့် သူစိမ်းတွေနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်...
အိမ်မက်တွေ မက်ခဲ့ကြတယ်...
သေချာပြီလို့ ထင်မှတ်ခဲ့တဲ့လူတွေရဲ့ လက်ကို ဆုပ်ကိုင်ခဲ့ကြတယ်...
And then....?
ငါတို့အရှက်တကွဲ လွဲချော်ခဲ့ကြဖူးတာပဲ
မဟုတ်လား...
ငါတို့ဟာ အတိတ်မှာ အကြီးကြီး
ချစ်ခဲ့ကြဖူးတယ်...
အိမ်မက်တွေအကြီးကြီး နဲ့ လေထဲတိုက်အိမ်ဆောက်ခဲ့ ကြဖူးတယ်...
Gallery ထဲက ပုံအဟောင်းတွေက All Delete တချက်နှိပ်ရုံပါပဲ...
ကတိတွေဟာ မေ့ပျောက်လွယ်ခဲ့ပါတယ်...
ဆုံးရှုံးခြင်းတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတခုပဲ...
ငါတွေးမိတယ်...
လူတယောက်ဟာ ဘဝမှာ လမ်းခွဲခြင်း
ဘယ်နှခုနဲ့ ထိုက်တန်ပါသလဲ🙂
You never know.
And This's life,honey🖤
ဒါဘဝပဲ...
ဒါဆိုရင် ငါတို့ နောက်ဘယ်တော့မှ
ထပ်မချစ်တော့ဘူးတဲ့လား🖤
Well....
တနေ့မှာတော့ တစုံတယောက်ကို မင်းထပ်တွေ့
ပါလိမ့်မယ်...
မင်း ဘယ်သူ့ကိုမှ ထပ်မချစ်တော့ဘူးလို့ ဆုံးဖြတ်ပြီးသွားတဲ့အချိန်မှာပေါ့...
အဲ့ဒီတစုံတယောက် မင်းဘဝထဲကို ရောက်လာတဲ့နေ့ကစပီး ဘယ်တုံးကမှ မသေချာခဲ့တဲ့
မင်းဟာ ဒီတခေါက် ငါသေချာသွားပြီလို့ ဘယ်သူ့ကိုမှ confirm လုပ်စရာ မလိုတော့ဘူး...
တသက်လုံးစာ သေချာသွားတဲ့ စိတ်ချမှုတခုကို အလိုလို ရရှိသွားလိမ့်မယ်...
ဒါကြောင့် ဒီတခေါက်မှာတော့ မင်းမကြောက်တော့ဘူး...
မင်းသတ္တိရှိနေပါလိမ့်မယ်...
ဘာဖြစ်လို့လဲဆိုရင် ဘယ်သူတွေ ဘာပြောပြော
မင်းကို သေချာဆုပ်ကိုင်ထားမယ့် လူတယောက် ၊ မင်းနဲ့အတူတူ အသက်ကြီးသွားချင်တဲ့ လူတယောက် ၊ မင်းအတွက်ပဲ မွေးဖွားလာခဲ့တဲ့ လူတယောက်ကိုနောက်ဆုံးမှာတော့ ဘုရားသခင်က မင်းဆီ ပို့ပေးခဲ့လိုက်လို့ပဲ...
ဒီတခေါက်ရော မင်းက သေချာပါ့မလား လို့
လူတွေ မေးကြလိမ့်မယ်...
မင်း ပြန်မဖြေတော့ဘူး...
မင်းပြုံးနေပါလိမ့်မယ်...
မင်းတစုံတယောက်လက်ကို ရဲရဲကြီးဆုပ်ကိုင်ထားရင်း တီးတိုးလေးပြောတယ်...
လူတိုင်းအတွက် ဘဝမှာ
သေချာတဲ့တခေါက်ဆိုတာ
သိပ်ကို ရှိပါတယ်တဲ့🖤
#Crd
No comments:
Post a Comment