Tuesday, 23 February 2021

Covid 19 Singapore

 ~ စင်္ကာပူ အစိုးရရဲ့ သေနကဗျူဟာ ~

👍👍👍 ကောင်းမွန်တဲ့ အစိုးရတရပ်ရဲ့

ပြည်သူအပေါ် ထားရှိတဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှု


မြန်မာပြည်က လူတွေ စင်ကာပူမှာ COVID 19 ဖြစ်တော့ လူတိုင်း အသိမိတ်ဆွေ၊ ဆွေမျိုးတွေအတွက် စိတ်ပူကြတယ်။ လာလည်မဲ့သူတွေကလည်း ရောဂါများ ကူးလေမလားဆိုပြီး စိုးရိမ်ကြတယ်။ Singapore ကတော့ မြန်မာပြည်က ဝန်ကြီးပြောသလို  ဖျားသွားအောင်တော့ မ ပြင်ဆင်နိုင်ပါဘူး။COVID 19 ရောဂါတော့ပျောက်ပါတယ်။

 


စိတ်မပူကြပါနဲ့ စင်ကာပူမှာလည်း မြန်မာပြည်လိုဘဲ ကူးစက်ဆေးရုံလို့ခေါ်တဲ့ 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐞𝐧𝐭𝐫𝐞 𝐟𝐨𝐫 𝐈𝐧𝐟𝐞𝐜𝐭𝐢𝐨𝐮𝐬 𝐃𝐢𝐬𝐞𝐚𝐬𝐞𝐬 (𝐍𝐂𝐈𝐃) ဆေးရုံ ရှိပါတယ်။ အဲ့ဒီဆေးရုံမှာ ကုတင် 330 ရှိပါတယ်။ လိုအပ်လာချိန်မှာ ကုတင် 500 ထိဖွင့်ချနိုင်အောင်စီစဉ်ထားပါတယ်။ အဲ့ဒီ ဆေးရုံလိုမျိုးဘဲ ဆေးရုံတိုင်းမှာ isolation units/ward တွေရှိပါတယ်။ စင်ကာပူမှာ Restructured Hospitals စုစုပေါင်း 9 ခုရှိပါတယ်။


1. Alexander

2. Changi General Hospital

3. National University Hospital

4. Singapore General Hospital

5. Tan Tock Seng Hospital

6. Khoo Teck Puat Hospital

7. Ng Teng Fong Hospital

8. KK women and Children Hospital

9. Sengkang General Hospital ဒါ့အပြင် Private Hospital တွေလည်းရှိပါသေးတယ်။


NCID မှာ 17 wards ရှိပြီး TTSH ဆေးရုံနဲ့ ဆက်နေပါတယ်။ NCID မှာ


🌟 𝐇𝐢𝐠𝐡 𝐋𝐞𝐯𝐞𝐥 𝐈𝐬𝐨𝐥𝐚𝐭𝐢𝐨𝐧 𝐖𝐚𝐫𝐝 မှာ 𝟒 High Level Isolation Units နဲ့  8 Negative Pressure beds ရှိပါတယ်။


🌟 𝐍𝐞𝐠𝐚𝐭𝐢𝐯𝐞 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐖𝐚𝐫𝐝 5 ခုက မှာ ကုတင် 100


🌟 𝐈𝐬𝐨𝐥𝐚𝐭𝐢𝐨𝐧 𝐖𝐚𝐫𝐝 5 ခု မှာ ကုတင် 100 

( ကူးစက်လွယ်ရောဂါများကို တယောက်ခြင်း သီးသန့်ထားသည့် အခန်း) 


🌟 𝐂𝐨𝐡𝐨𝐫𝐭 𝐖𝐚𝐫𝐝 4 ခုမှာ ကုတင်  80, အဲ့ ward ထဲမှာဘဲ  Negative Pressure 16 ကုတင်။ ( ရောဂါတူများကို တဖွဲ့တည်းထားခြင်း၊ ဥပမာ HIV ရောဂါသည် သီးသန့် ယူနစ်) 


🌟 𝐈𝐂𝐔 𝐖𝐚𝐫𝐝 2 ခု မှာ စုစုပေါင်း 38 ကုတင်ရှိကြပါတယ်။ (အထူးကြပ်မတ်ကုသဆောင်)


🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸


𝐇𝐢𝐠𝐡 𝐋𝐞𝐯𝐞𝐥 𝐈𝐬𝐨𝐥𝐚𝐭𝐢𝐨𝐧 𝐖𝐚𝐫𝐝 ဆိုတာက


ဒီ ward ထဲမှာ အရမ်းကူးစက်လွယ်တဲ့ ရောဂါ ဖြစ်တဲ့ လူတွေကိုထားပါတယ်။ ဥပမာ 𝐄𝐛𝐨𝐥𝐚 𝐯𝐢𝐫𝐮𝐬 လိုမျိုးပေါ့။ သူ့အခန်းထဲမှာဘဲ ဓါတ်ခွဲခန်း နဲ့ အညစ်အကြေးကို အခန်းပြင်ကို သယ်စရာမလိုဘဲ စွန့်ပစ်နိုင်အောင်ထိ စီစဉ်ထားပါတယ်။ လိုအပ်လာပါက အထူးကြပ်မတ်ဆောင် အဖြစ်ပြောင်းလို့ရသလို ကျောက်ကပ်ဆေးတာရော၊ ခွဲစိတ်မှုပါ ဒီအခန်းထဲမှာ လုပ်နိုင်အောင်သေချာ စီစဉ်ထားပါတယ်။ အခန်းတွေက Negative pressure room ဖြစ်ပြီး  အပြင်က"လေ"အားလုံးကို လူနာ အခန်းထဲကိုသာစုပ်ယူပြီး အပြင်ကို ပြန်မထွက်စေပါဘူး။ လူနာ အခန်းက ပြန်ထွက်မဲ့ "လေ" ကိုတော့  “𝐡𝐢𝐠𝐡-𝐞𝐧𝐝” 𝐇𝐢𝐠𝐡-𝐞𝐟𝐟𝐢𝐜𝐢𝐞𝐧𝐜𝐲 𝐩𝐚𝐫𝐭𝐢𝐜𝐮𝐥𝐚𝐭𝐞 𝐚𝐢𝐫 (𝐇𝐞𝐩𝐚) 𝐟𝐢𝐥𝐭𝐞𝐫𝐬 တွေနဲ့ စစ်ထားပြီး  99.999 % viruses နဲ့ တခြားပိုးမွားတွေကို စစ်ထုတ်ပေးနိုင်ပါတယ်။ HEPA filter က  0.3 μm နှင့် သူ့အထက်ကြီးတဲ့ ရှိတဲ့ virusesတွေ အမှုံများ ကို စစ်ထုတ်လိုက်ပြီး၊ ကျန်ထွက်လာတဲ့လေကို ultraviolet rays ခရမ်းရောင်ခြည် နဲ့ ပိုးထပ်သတ်ပါတယ်။ HEPA filter ကနေ 0.0001% လွတ်ထွက်လာတဲ့ virus / ဘက်တီးရီးယား အတွက် လွတ်စရာလမ်းမရှိတော့ပါဘူး။ 


ကျန်းမာရေးဝန်ထမ်းတွေအတွက် ကူးစက်ရောဂါသည်တွေနဲ့တွေ့မယ်ဆို PPE personal protective equipment ဝတ်တဲ့ အခန်းက ဒုတိယခန်းပါ။ အပြင်ဘက်တံခါး ဖွင့်ထားရင် လူနာအခန်းတံခါးဖွင့်မရပါဘူး။ Double door တွေပါ။ 


ဆရာဝန်တွေ၊ သူနာပြုတွေ အပြင် တခြားကျန်းမာရေး ဝန်ထမ်းအားလုံး personal protective equipment (PPE) နဲ့  powered air purifying respirators PAPR ကို အသုံးပြုကြပါတယ်။ ဒီနေရာမှာ ကံကောင်းတယ်၊ ကံဆိုးတယ် မပါ ပါဘူး။ ကာကွယ်ဖို့အတွက် ရောဂါရှိတယ်ထင်ရသမျှလူနာအားလုံးအတွက် သုံးသင့်တာ အကုန်သုံးရပါတယ်။ 


COVID-19 လို့ယူဆ ရတဲ့ လူနာကို နှာခေါင်း၊ လည်ချောင်းကနေ ရောဂါပိုးယူပြီး စစ်ပါတယ်၊ ၈-၁၂ နာရီ အတွင်း အဖြေရပါတယ်၊ အဖြေက -ve ဆိုရင် မပျော်ပါနဲ့ဦး ၄၈ နာရီ ထပ်စောင့်ပြီး ထပ်စစ်ပါတယ်၊ အဲ့ဒါ က ထပ်ပြီး -ve ဆိုရင်တောင် တရုတ်ပြည်ပြန်ဘူးရင်၊ သို့မဟုတ် ရောဂါရှိသူနဲ့ ပတ်သတ်ထားရင် ၁၄ ရက် ဆေးရုံမှာနေပြီး ဆက်တိုက် အစစ်ခံရမှာပါ။ အကုန်လုံး -ve ဆိုမှ ပြီးမှ ပေးဆင်းပါတယ်။ 


COVID 19 test kits ကလည်း Singapore က ထုတ်လုပ်တာဖြစ်ပြီး၊ WHO မှ စံညွှန်းနဲ့ပြည့်စုံတဲ့ လက်မှတ်ရ  National Public Health Laboratory (NPHL) က အထပ်ထပ်စစ်ဆေးပြီး တရားဝင် သုံးခွင့်ရထားတဲ့ Test Kit ပါ။  တရုတ်ပြည်က သုံးနေတဲ့ test kits ကတော့ 30-50% ဘဲ မှနိပါတယ်တဲ့။


ဒီ့အပြင်တခြားနိုင်ငံများတွင် ပြင်ဆင်မှုများ စတင်မလုပ်ဆောင်မီကတည်းက စင်ကာပူသည် အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ခဲ့သည်။ စင်ကာပူအစိုးရသည် အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက် ပူလောအူဘင်ကျွန်းပေါ်တွင် ရောဂါသည်များအား ခွဲခြားထားရှိရန် ကမ့်တစ်ခုကိုပါ ပြင်ဆင်ထားခဲ့သည်။ 


တခြားနိုင်ငံများတွင် ရောဂါကူးစက်မှုအရေအတွက်နှင့် သေဆုံးသူဦးရေ တဟုန်ထိုးတိုးတက်နေသော်လည်း စင်ကာပူတွင် လက်ရှိအချိန်အထိတော့ နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုရမှာဖြစ်ပေသည်။ 


ရောဂါစတင်ဖြစ်ပွားခဲ့ရာမှ နေ့ရက်များကို ပြန်လည်ရေတွက်ကြည့်လိုက်မည်ဆိုလျှင် စင်ကာပူဟာ တရုတ်နိုင်ငံပြင်ပတွင် ရောဂါဖြစ်ပွားမှုအများဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။


စင်ကာပူနိုင်ငံတွင် ယမန်နှစ် ၂၀၁၉ ဇွန်လက စစ်တမ်းအရ လူဦး​ရေ ၅.၇ သန်း (တွက်ချက်မှုတွင် နိုင်ငံခြားသားအလုပ်သမားများလည်းပါဝင်သည်။ အလည်အပတ်လာသူမပါဝင်ပါ) ရှိသည့်အတွက် နိုင်ငံသေးငယ်သည်ဆိုသော်လည်း လူဦးရေ ထူထပ်သည်ဟု ဆိုရမည်ဖြစ်သည်။ တစ်နေ့လျှင် ရထားစီးခရီးသည်ပင် ၃.၃ သန်းခန့်ရှိပြီး စီမံခန့်ခွဲမှု လွဲမှားလျှင် ခေတ်စကားနှင့် ဆိုရလျှင် အားလုံး စမုန်တုံး သွားနိုင်သည်။ 


စင်ကာပူနှင့် မြန်မာများ၏ စီးပွားရေ၊ အလုပ်အကိုင် ဆက်နွယ် ပတ်သက်နေပုံကိုတွက်ရှုကြည့်လျှင် စင်ကာပူတွင်ရောက်ရှိနေသောမြန်မာအရေအတွက်ကို စင်ကာပူအစိုးရမှ တရားဝင်ထုတ်ပြန်မထားသော်လည်း လွန်ခဲ့သော ၁၀ နှစ်က ကိန်းဂဏန်းများအရ စင်ကာပူတွင် မြန်မာဦးရေ ၂ သိန်းကျော်ခန့်ရှိသည်ဟုဆိုသည်။ ယနေ့ဆိုလျှင် ၃ သိန်းဝန်ကျင်မှ အထက် ရှိနိုင်သည်။ စင်ကာပူတွင်ရောက်ရှိနေသည့် မြန်မာများ၏နောက်တွင် အားကိုးအားထားပြုနေသည့် မြန်မာပြည်ရှိ မိသားစုဝင်များကို ထပ်ပေါင်းတွက်လျှင် လူဦးရေ ၁ သန်းခန့်က စီးပွားရေးအရ သက်ဆိုင်မှုရှိနေသည်။ စင်ကာပူရှိ မြန်မာများအဆင်ပြေလျှင် မြန်မာပြည်အတွက်လည်းအဆင်ပြေသည်။ နိုင်ငံတော်အတွက်လည်း နိုင်ငံခြားဝင်ငွေရနေသလို မြန်မာပြည်ရှိ သာရေး၊နာရေး၊ပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး၊သဘာဝဘေးအန္တရာယ်အရေး စသည့်အရေးများတွင်လည်း လက်မနှေးကြောင်း ပြသခဲ့သည့် သာဓကများရှိခဲ့ဖူးပြီဖြစ်သည်။


မည်သို့ပင်ဆိုစေကာမူ ယခုရောဂါဆိုးနှင့် ပတ်သက်ပြီး စင်ကာပူအစိုးရ၏ ကိုင်တွယ်မှုကို ကျွန်ုပ်တို့ ချီးကျူးအတုယူကြရမည် မဟုတ်ပါလား။


ဒီလောက်ဆိုရင် Singapore ကို WHO က ချီးကျူးတာ မနည်းပါဘူးနော်။


💪Together we can fight COVID-19💪


Crd : Yee Nwe  , စလုံး

No comments:

Post a Comment