“ကိုယ်ပိုင် စီးပွားရေးတစ်ခု စလုပ်တော့မယ်ဆိုရင် သေးတာ ကြီးတာ အဓိက မကျပါဘူး” ‼️
လုပ်ငန်းကြီးတာ သေးတာ ပဓါန မဟုတ်ပါဘူး...
မိမိမှာ စလုပ်ရဲတဲ့ သတ္တိရှိဖို့လိုအပ်ပါတယ်... အမှားယွင်းနည်းနည်းနဲ့ ထိထိမိမိ ဘယ်လို စကြမလဲ ....
စျေးကွက်အနေထား မိမိဝယ်သူ၏ အကြိုက်ကို သေချာမသိဘဲ အကြီးကြီးစတာမျိုး ကို အားမပေးချင်ပါဘူး... “စုဆောင်းထားသမျှအကုန်ပုံအောတာမျိုးမဖြစ်သင့်ပါဘူး “
မိမိမှာ စုဆောင်းထားတာရဲ့ တစ်ချို့တဝက်နဲ့ အရင်စသင့်ပါတယ်....
စီးပွါးရေးတစ်ခုစပြီဆို ကိုယ်ထင်ထားသလိုဖြစ်မလာတာအများကြီးပါ... အောင်မြင်သွားတဲ့ စီးပွါးရေး လုပ်ငန်းရှင်တိုင်း ကျော်ဖြတ်ခဲ့ကြတာ... လက်ခံခဲ့ကြတာက
1️⃣ ဝယ်သူ၏အကြိုက်ကို မသိဘဲ ကိုယ်ကြိုက်တာဘဲ ရောင်းလို့မရပါဘူး.. ဝယ်သူဆိုတာ လုပ်ငန်းတစ်ခု၏ အသက်ပဲ ဖြစ်ပါတယ်.. ဝယ်သူကို စွဲဆောင်နိုင်မယ့် နည်းလမ်းတွေ ဝယ်သူ၏လိုအပ်ချက်နှင့် ထပ်တူကြဖို့က အရေးကြီးဆုံးဖြစ်ပါတယ်
“ဝယ်သူက ဘယ်လိုအချက်တွေကြိုက်တတ်လဲဆိုတာလည်း လုပ်ငန်းမစခင်မှာ ကြိုတင်ခန့်မှန်းနိုင်ပေမယ့် တကယ်လက်တွေ့ စျေးကွက်ထဲရောက်မှ ပိုတိကျစွာ သေချာသိနိုင်တာမျိုးပါ”
လုပ်ငန်းတိုင်း ဘယ်လုပ်ငန်းမဆို ဝယ်သူ၏အကြိုက် လိုအပ်ချက်ကို ၁၀၀ % ပေးနိုင်ဖို့ အမြဲ ပြင်ဆင်ကြိုးစားနေမှသာ ရေရှည်ရပ်တည်နိုင်တာပါ”
ကုန်ပစ္စည်း ဝန်ဆောင်မှုကို ဝယ်သူအကြိုက်သိဖို့ ပြင်ဆင်ဖို့လိုအပ်ပါတယ်
2️⃣ ဝယ်သူဆီကို ဘယ်လို သိအောင်လုပ်မှာလဲ
“ဒီကုန်ပစ္စည်း ဒီဝန်ဆောင်မှု က ဘယ်လိုတွေရှိပါတယ်ဆိုတာ ဝယ်သူတွေ သိစေဖို့ အများစုနားလည်ထားတာ Marketing ပဲ ဖြစ်ပါတယ်”
ဘယ်လို ဝယ်သူသိအောင်လုပ်မှာလဲ...
မိမိရဲ့ ဝယ်သူဆီ ရောက်နိုင်မယ့် ကြေညာခြင်းမျိုးတွေဖြစ်ဖို့လိုအပ်ပါတယ်.. ကြေညာတွေတော့သုံးနေတယ် မထိရောက်ဘူးဆိုတာ “ ကိုယ်ပစ်နေတဲ့ မြှားနဲ့ ပစ်မှတ်နဲ့ မကိုက်ညီဘဲ လွဲနေသေးလို့ပါ”..’ မှန်ကန်တဲ့ပစ်မှတ် ကို သိနေရင်တောင် ကိုက်ညီတဲ့လေးနဲ့မြှားအသုံးပြုဖို့လည်းလိုအပ်ပါသေးတယ်... ဝယ်သူဆီရောက်နိုင်မယ့် ပြန်ကြားရေဌာနကောင်းလိုအပ်ပါတယ်
✅ အထိရောက်ဆုံးနဲ့ ကုန်ကျစရိတ်အနည်းဆုံးကတော့ “ Words of mouth” စကားလုံးနဲ့ ဖြန့်ချီခြင်းဆိုတဲ့ မိမိရဲ့ သုံးစွဲသူက ကြိုက်လွန်းလို့ တဆင့်ပြန်ညွှန်းတာမျိုးပေါ့... ဒီလိုဖြစ်ဖို့ကတော့ အများကြီးကြိုးစားရပါတယ်... မိမိရဲ့ ဘရမ်း အမည်ကို ကြားလိုက်တာနဲ့ သဲသဲလှုပ်နေတာမျိုး မိမိပစ္စည်းကို မသုံးရသေးဘဲ ယုံကြည်နေတာမျိုးတွေဖြစ်ဖို့က နှစ်ရှည်လများ နေ့စဉ်ကြိုးစားအားထုတ်ရတာပါပဲ
“မိမိမှာ ခိုင်မာတဲ့ ဝယ်သူလည်း ရှိလာပြီ စျေးကွက်မှာ နေရာလည်းရလာပြီဆိုရင်တော့ ချဲ့ထွင်ဖို့ ကြိုးစားပါ”
အောင်မြင်တဲ့လုပ်ငန်းတိုင်းမှာ ဝယ်သူအခိုင်မာရှိကြပါတယ်...
ဘယ်လောက်ကြီးမားတဲ့ လုပ်ငန်းဖြစ်နေပါစေ ဝယ်သူမရှိတော့ရင် ပြိုလဲသွားမှာပါ...
လုပ်ငန်းစရမှာ မစိုးရိမ်ပါနဲ့.. ဝယ်သူ၏အကြိုက် စျေးကွက်လိုအပ်ချက်ကိုသာဖြည့်နိုင်မယ်ဆို သေးသေးလေးပဲ ဖြစ်နေပါစေ စတင်နိုင်ပါတယ်...💵
“အရေးကြီးတာ ဝယ်သူဘက်ကသာ အချိန်ပြည့်တွေးတောစဉ်းစားဖြည့်ဆည်းပေးနေဖို့ပါပဲ”
ချစ်ခြင်းမေတ္တာဖြင့်
Dr.Kathryn 💙
www.kathryntalks.com
Online စီးပွါးရေးသင်တန်းများ နှင့် အခမဲ့ ဆောင်းပါးများကို www.kathrynuniversity.com တွင်လေ့လာနိုင်ပါတယ်
#kathryntalks
#kathrynsuccesstips
#အောင်မြင်ရေအနှစ်သာရများ
#kathrynonlineuniversity
#myanmarentrepreneur
#kathrynbeautymyanmar
No comments:
Post a Comment