တခါတလေမှာ သူဘက်ကစတာလဲမဟုတ် ကိုယ်ဘက်ကစတာလဲမဟုတ်ပါပဲနဲ့ နှစ်ဦးသားရဲ့ ပက်သတ်မှုတွေဟာ တဖြည်းဖြည်းသွေးအေးသွားကြပြီး သံယောဇဉ်လေးတွေဟာ အစအန ပျောက်ကွယ်သွားကြတာမျိုးတွေ ရှိပါတယ်။
တစ်ဦးနဲ့တစ်ဦးမှာ ဘယ်လိုမှ ခွဲခွာလို့မရဘူးဆိုတာမရှိပါဘူး တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားခြင်းတွေ မရှိကြတဲ့အတွက်သာ လမ်းခွဲကျောခိုင်းကြရတာပါ။ သူကခွဲချင်တာပဲဖြစ်ဖြစ် ကိုယ်ကလက်မတွဲချင်တော့တာပဲဖြစ်ဖြစ် လက်လွှတ်လိုက်ရမှာချည်းပါပဲ ။
ကျောခိုင်း နှုတ်ဆက်လိုက်ကြပြီဆိုတာနဲ့ နှစ်ယောက်တစ်ကမ္ဘာကနေ တစ်ယောက်တကမ္ဘာဆီ ခြားနားသွားတတ်ကြပါတယ်။ တခါတလေ သူငယ်ချင်းအဖြစ် ပြန်လည်နှုတ်ဆက်လို့ရတာမျိုးရှိတတ်သလို တခါတလေမှာလည်း ရန်သူတွေဖြစ်သွားကြရတာမျိုးတောင် ရှိပါသေးတယ်။
ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်ကို လူတစ်ယောက်ကချစ်မြတ်နိုးတယ်၊ ကိုယ့်ကိုသတိရနေမယ်၊ ကိုယ့်ပေါ်တန်ဖိုးထားမဲ့သူရှိတာဟာ ကံကောင်းမှုတစ်ခုလို့ ဆိုလို့ရပါတယ်။
လူရာထောင်ချီပြီး အဝေး ချစ်တာခံရတာထက် လူတစ်ယောက်ရဲ့ အနီးကပ် တန်ဖိုးထားခြင်းခံရတာဟာ ပိုပြီးအဓိပ္ပါယ်ရှိပါတယ်။ လူအများကြီးက ကိုယ့်အလိုတွေ လိုက်လျောနေတာထက် လူနည်းနည်းလေးက ကိုယ့်ပေါ်နားလည်မှုပေးနိုင်တာက ပိုပြီးပြည့်စုံနေတတ်ပါတယ်။
ကံကြောင့် ဆုံတွေ့ရစဉ်မှာ ကိုယ်ကတန်ဖိုးထားတတ်မှ ပိုင်ဆိုင်ရတာတွေက လက်မလွတ်ရသလို ၊ အကြောင်းမတိုက်ဆိုင်တော့လို့ ခွဲခွာရရင်တောင် နောက်ထပ်ကောင်းတဲ့ကံတွေ ထပ်မံရောက်ရှိလာမယ်ဆိုတာ မမေ့လိုက်ပါနဲ့။
—— မာရင်ရင်
No comments:
Post a Comment