Monday, 5 October 2020

Reading changed your life by ko kyaw Tun facebook

 










 


ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့သော အရာ ၄ ခု 

စာမြောက်များစွာဖတ်ခြင်း 


ယနေ့ခတ်တွင် လက်ကနေကိုင်ဖတ်လို့ရတဲ့ စာအုပ်အပြင် internet ကနေ website တွေ ၊ academic journal တွေက research paper တွေ ၊ ebook တွေကို ဖတ်လို့ရပါသည်။ 


ကျွန်တော်နောက်ပိုင်း online က academic journals တွေ ၊ ebook တွေ ၊ website က သတင်းတွေကို ပိုဖတ်ဖြစ်လာပါသည်။ 

စာအုပ်တောင်မှ Amazon ကနေ Kindle ဝယ်ပြီး ဖတ်လာပါသည်။စာပိုဖတ်လေ ပိုမြင်လေ အမြင်ကျယ်လာလေဖြစ်ပါသည်။ လောကကြီးမှာ အမြင်ကျယ်ဖို့က အင်မတန် အရေးကြီးပါသည်။ 

တစ်ခါတစ်လေ မိမိအတွေးက သေးသိမ်လွန်းအားကြီးပြီး မိမိကိုယ်မိမိ ကန့်သတ်နေတယ်ဆိုတာကို သတိမထားမိပါ။

ဒီအတွက် အမြင်ကျယ်လာအောင် စာပိုဖတ်ဖို့လိုအပ်ပါသည်။ 


အထူးသဖြင့် ဘ၀ကို တိုးတက်စေနိုင်သော စာရေးဆရာကောင်းတွေရေးသော စာကိုဖတ်ဖို့အရေးကြီးပါသည်။ 


ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့သော စာရေးဆရာများမှာတ John C. Maxwell, Brian Tracy နှင့် တစ်ကွ တစ်ခြားသော စာရေးဆရာများစွာလည်းရှိပါသည်။ 


ဆရာတော်ဦးဇော်တိက စာအုပ်များကလည်း အတွေးအမြင်များကို ပြောင်းလဲစေပါသည်။ 


ပီမိုနင်းစာအုပ်တွေကလည်း စိတ်တွေးတောပုံတွေ မိမိစိတ်အကြောင်းမိမိ စဉ်းစားပုံတွေကို ပြောင်းလဲလာစေပါသည်။ 


ကျွန်တော်ဖတ်ခဲ့သော စာအုပ်တွေထဲမှာ စာကြောင်းတစ်ကြောင်းဖြစ်ဖြစ် ၊ သိလိုက်ရတဲ့ အသိတစ်ခုပဲဖြစ်ဖြစ် ပြောင်းလဲစေခဲ့တဲ့ စာရေးဆရာတွေလည်းရှိမှာပါ။ အကုန်လုံးကိုတော့ မမှတ်မိပါ။ 


ဒါပေမဲ့ အတွေးအမြင်ပြောင်းလဲချင်ရင် ၊ မိမိဘ၀ကို တိုးတက်ဖို့ မိမိစိတ်ကို မိမိစဉ်းစားမှု ၊ မိမိအကြောင်းကို မိမိပြန်လည်စဉ်းစားမှုတွေအတွက် အင်မတန်ကောင်းသော စာရေးဆရာများရေးသော စာများကိုရွေးဖတ်ဖို့လိုအပ်ပါသည်။ 


ငွေအကြောင်း နားလည်လာခြင်း 


ငယ်ငယ်တုန်းက ငွေဆိုရင် ငွေရတာနဲ့ သုံးဖို့ပဲသိသည်။ 

နောက်တော့ ငွေစုရမယ်ဆိုတာသိလာသည်။ ဒီအတွက် ငွေစုခဲ့သည်။ 


အထူးသဖြင့် မိမိအခြေခံသုံးစရိတ်ကို ၁၂ လ ကြိုတင်စုထားဖို့လိုအပ်ပါသည်။ 


လောကကြီးမှာ ဘာဖြစ်မလဲဆိုတာ မသိပါဘူး။ 


မိမိလက်ရှိစီးပွားရေးက ဝင်ငွေတွေရနေလဲ သဘာဝပြဿနာတွေ ဥပမာ- Covid-19 သည် စီးပွားရေးတွေတော်တော်များကို ပိတ်လိုက်သည့်အတွက် ပိုင်ရှင်နှင့်အလုပ်သမားများတော်တော်ခံရပါသည်။ 


ဒါသည်ကျွန်တော်ကိုယ်တွေ့ဖြစ်ပါသည်။  


Covid-19 သည် ကျွန်တော့်ကို အရေးကြီးသော မမျှော်လင့်သော အရေးပေါ် အချိန်များအတွက် ကြိုတင်ပိုက်ဆံစုထားခြင်းသည် အရမ်းကိ အရမ်းကို အရေးကြီးကြောင်း သတိပေးခဲ့သည်။ 


ဘ၀အတွေ့အကြုံပေါ်မူတည်ပြီး ကောက်ချက်ချမိသည်က နေစရိတ် ၊ စားစရိတ် ၊ အခြေခံသုံးစရိတ် - ဥပမာ - အင်တာနက် ၊ ဖုန်း စသည်တို့အားလုံးကို ၁၂ လစာ ကြိုတင်စုဆောင်းထားဖို့လိုအပ်ပါသည်။ 


ဒီလိုဆိုရင် အလုပ်ပြုတ်တာပဲဖြစ်ဖြစ် ၊ ကိုယ်ပိုင်စီးပွားရေးက ဝင်ငွေရပ်သွားတာပဲဖြစ်ဖြစ် ၊ ကိုယ့်ခေါင်းထဲမှာစဉ်းစားလို့မရတဲ့ ပြဿနာတစ်ခုကပေါ်လာတာဖြစ်ဖြစ် ၊ မုန်တိုင်း ၊ သဘာ၀ဘေးတွေ ပေါ်လာရင် လက်ထဲမှာ အခြေခံ စားဝတ်နေရေးအတွက် သုံးဖို့ ငွေသားတွေရှိနေရင် ဘာမှစိတ်ပူစရာမလိုပါဘူး။ 


ဒီအသိကိုရပြီးကတည်းက အခုလောလောဆယ်တွင် ပိုက်ဆံတွေဝင်နေပြီး အဆင်ပြေရင်တောင် 

အရေးပေါ် ငွေလိုအပ်လာမဲ့အချိန်ကို ကြိုတွေးပြီး ပိုက်ဆံစုထားပါသည်။ 


ပြဿနာအရာမှန်သမျှကို ငွေနှင့်ဖြေရှင်းလို့မရပါ။ ဒါပေမဲ့ ငွေနှင့်ဖြေရှင်းလို့ရတဲ့ အရာမှန်သမျှကို ကြိုတင်ငွေစုထားပြီး သုံးဖို့အတွက် ကြိုတင်ပြင်ဆင်ထားမည်ဆိုရင် အကောင်းဆုံးဖြစ်ပါသည်။ 


ငွေကို ပွားရမယ် ၊ ငွေကို ပွားစေတဲ့ အရာတွေကို ဝယ်ရမယ် ၊ ငွေကိုဘယ်လိုရှာရမလဲ ဆိုတာကို သိလာတာနှင့် ငွေကို မြင်ပုံတွေပြောင်းလာပါသည်။ 


ငွေကို ကျွန်တော်တို့က ကိုင်တွယ်တာထက် ငွေက ကျွန်တော်တို့ကို ပြန်လည်ကိုင်တွယ်တတ်ပါသည်။ 


လက်ထဲမှာငွေအမြဲတမ်းရှိချင်ရင် အဖြေက ရှင်းရှင်းလေးပါ ငွေမသုံးပါနဲ့။ 


ငွေတတ်နိုင်သလောက် မသုံးပါနဲ့။ 


တစ်ချိန်ထဲမှာလည်း အနာဂတ်ကိုမျှော်မှန်းပြီး ငွေစုထားပါ။ 

ငွေကိုပွားရမည်။ ရင်းနှီးမြုပ်နှံသော အားဖြင့်ငွေကို ပွားရမည်။ ပုံမှန်ဝင်ငွေရစေသော ၊ အချိန် ကာလ ကြာသောအခါ တန်ဖိုးတက်လာသည့် အရာများကို ဝယ်ရမည်။ 


နေရာကောင်းသည့်နေရာတွင် အိမ်ဝယ်ရင် ပုံမှန်အိမ်ငှားခ ဝင်ငွေလည်းရသည်။ မြို့လို နေရာကောင်းသည်အတွက် နှစ်တွေကြာလာတဲ့အခါ အိမ်စျေးတက်လာသည့်အတွက် မိမိပိုင်ဆိုင်မှုကို တိုးတက်စေသည်။ 


Stock ဝယ်ရာတွင်လည်း ရွေးချယ်မှုမှန်ကန်ရင် ပုံမှန်ဝင်ငွေ dividend လည်း ၄ လ တစ်ခါ ရစေပြီး ၊ stock စျေးလည်း တက်သွားပါက ရောင်းချရင် အမြတ်အများကြီးရနိုင်သည်။


မိမိကို ဝင်ငွေပေးမည့် ၊ အနာဂတ်မှာ အမြတ်ရစေမည့် တန်ဖိုးတက်လာမည့် အရာများကို ဝယ်ပါ။ 


ကားဆိုသည်မှာ တန်ဖိုးကျလာမည့်အရာဖြစ်သည်။ အိမ်ဆိုသည်မှာ နေရာကောင်းရင် ကြာလာသည့်နှင့်တစ်ကွ တန်ဖိုးတက်လာမည့်အရာဖြစ်သည်။ 


မိမိဘဏ်အကောင့်ကို + ဖြစ်စေမည့် အရာများကိုသာ ဝယ်ယူပါ။ 


မိမိဘဏ်အကောင့်ကို - ဖြစ်စေမည့်အရာများကို ဝယ်ယူချင်းကို ကန့်သတ်ပါ။ 


စားဖို့ သောက်ဖို့ ဝတ်ဖို့ လိုအပ်သည့် ပစ္စည်းများကို မဖြစ်မနေဝယ်ရမည်။ ဒီအတွက် ဘဏ်အကောင့်သည် ဒါတွေအတွက် - ဖြစ်လာလိမ့်မည်။


 ဒါပေမဲ့ နောင်တစ်ချိန်တွင် တန်ဖိုးမမြင့်ဘဲ တန်ဖိုးနှိမ့်လာမည့်အရာများ ဝယ်ခြင်းကို ကန့်သတ်တာ အကောင်းဆုံးဖြစ်ပါသည်။ 


စွန့်လွှတ်တတ်ခြင်း 


တစ်ခါတစ်လေ အရမ်းကိုတွယ်တာမှုတွေ ၊ လိုချင်မှုတွေ ပြင်းထန်လာတဲ့အခါ ဒီလိုချင်တပ်မက်မှုတွေက ကိုယ့်ကို ပြန်လည် ချုပ်ကိုင်စေတတ်သည်။ 


ဥပမာ ပြောရရင် အရမ်းကိုချစ်တဲ့ မိန်းကလေးတစ်ယောက် ၊ အရမ်းကိုလိုချင်တဲ့ စိန်စီထားတဲ့ လက်ပတ်နာရီတစ်လုံး 


မိမိပာာ ဒီလိုမျိုး မိန်းကလေး ၊ လက်ပတ်နာရီ စတာတွေကို စွဲလန်းသွားရင် ထိုအရာတွေက စိတ်ကို လွှမ်းမိုးသွားပြီး အချိန်ရှိတိုင်း ဒါတွေကိုပဲ စဉ်းစားစေပါသည်။ 


ဘာလို့မရတာလဲဆိုတဲ့ အကြောင်းရင်းကိုမူတည်ပြီး စိတ်ဆင်းရဲစေပါသည်။ 


အချစ်ဆိုတာက စိတ်ချမ်းသာတာထက်ပိုပြီး စိတ်ဆင်းရဲမှု ၊ ဝမ်းနည်းမှု ၊ မကျေနပ်မှုတွေက ပိုများပါသည်။ 

ဒီအတွက် စွန့်လွှတ်လိုက်ခြင်းဆိုသည်မှာ မိမိစိတ်ကိုအင်မတန်မှ လွတ်လပ်စေပါသည်။ 


စွန့်လွှတ်လိုက်ဆိုတော့ မရတော့ဘူးဆိုတဲ့ စိတ်ဝမ်းနည်းမှုကတော့ ရှိနေဦးမှာပါ။ 


ဒါပေမဲ့ စွန့်လွှတ်လိုက်ရင် စိတ်ကပေါ့သွားပါသည်။ စိတ်က ဖိအားမရှိတော့ဘူး။ စိတ်က လွတ်လပ်သွားပြီ။ 


ငါဒါကြီးကို မလိုချင်တော့တာကြောင့် ပျော်တောင်သွားသည်လို့ ခံစားချက်တွေရလာပါလိမ့်မည်။ 


မိမိစိတ်လွတ်လပ်ခြင်းရင် လူဆိုရင် ဘယ်သူ့ကိုမှ တွယ်တာမှုမရှိစေနဲ့။ မိန်းကလေးရည်းစားကနေစပြီး သူငယ်ချင်းအထိ တွယ်တာမှုမရှိစေနဲ့။ 


စွန့်လွှတ်နိုင်ခြင်း တစ်ယောက်ထဲနေနိုင်ခြင်း သည် လောကမှာအကောင်းဆုံးဖြစ်သည်။ 


မိမိစိတ်ကို မိမိစိတ်ချမ်းသာအောင်လုပ်နိုင်ခြင်းသည် အင်မတန်လိုအပ်သည်။ 


မိမိစိတ်တွင် မိမိဘာသာ စိတ်ငြိမ်းချမ်းမှုကို ရအောင်လုပ်နိုင်ရမည်။ 


စွန့်လွှတ်လိုက်ပြီးဆိုတာနှင့် ဘယ်အရာကိုမှ ဂရုစိုက်စရာမလိုတော့။ စိတ်သည် အင်မတန်မှ ပေါ့သွားသည်။ 


“ စွှန့်လွတ်လိုက်ပါ။ စိတ်ချမ်းသာပြီး စိတ်လွတ်လပ်ပြီး ပေါ့ပါးလာလိမ့်မည်။” 


မိမိစိတ်ကိုမိမိ သိခြင်း ၊ သုံးသပ်နိုင်ခြင်း ၊ မိမိ စိတ်ရင်းအမှန်ကို  မိမိ ရင်ဆိုင်နိုင်ခြင်း 


တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်လည်စဉ်းစားပါလို့ စာအုပ်တစ်အုပ်တွင်ဖတ်ဖူးပါသည်။ ထိုစာအုပ်သည် ဆရာတော်ဦးဇော်တိက ရေးသော စာအုပ်တစ်အုပ်ထဲက တစ်အုပ်ဖြစ်မည်လို့ ထင်ပါသည်။ 

အသေးစိတ်ကို ကျွန်တော်မမှတ်မိပါ။ တစ်ခြား စာရေးဆရာလည်းဖြစ်နိုင်ပါသည်။ 


ဒါကို အသက် ၁၆ နှစ်ကထဲက ကျောင်းက ရေကူးကန်မှာ ရေကို ကြည့်ပြီး တစ်နေကုန်ဖြစ်ခဲ့တာတွေကို စဉ်းစားခဲ့ပါသည်။ ဒီလိုလုပ်တာ အကျင့်ရခဲ့တာ ဘ၀တစ်သက်လုံးပင်ဖြစ်ပါသည်။ 


အမှန်အတိုင်းပြောရင် ကျွန်တော်ကိုယ်တိုင် အမှားလုပ်ခဲ့တာတွေရှိပါသည်။ 


ဒါပေမဲ့ ထိုအမှားတွေလုပ်နေချိန်မှာတော့ သေချာရှင်းလင်းစွာ မိမိကိုယ်ကိုမိမိ မရင်ဆိုင်နိုင်ခဲ့ပါဘူး။ 

မှားတာကို လုပ်နေတာ သိသိရိနဲ့ မှန်တာကိုတောင် မလုပ်နိုင်ခဲ့ပါဘူး။ 


ဒါပေမဲ့ ရေကူးကန်ဘေးနားမှာ သေချာထိုင်ပြီး ရေကိုကြည့်တဲ့အခါ အထူးသဖြင့် မိမိပုံရိပ်ကို ရေထဲကနေ ပြန်မြင်ရတဲ့အခါ မိမိအကြောင်းကို မိမိ သိလာပါသည်။ 



ကိုယ့်အတွေးကို ပြန်စဉ်းစားပါသည်။ 


“ငါအမှားလုပ်ခဲ့တယ်။ ငါလုပ်တာမှားခဲ့တယ်။ ငါဒီလိုမှန်းသိရင် မလုပ်ခဲ့ပါဘူး။” ဆိုတာကို ဝန်ခံနိုင်ခဲ့ပါသည်။ 


ဘယ်သူ့ကို အပြစ်တင်ရမှာလဲ။ တစ်ခြားသူကိုလည်း အပြစ်တင်ရင်လည်း သူ့မှာ အပြစ်ရှိနိုင်ပါသည်။ 

ဒါပေမဲ့ တစ်ကယ်တမ်း ကိုယ့်မှာလည်း အပြစ်ရှိပါသည်။ 


“အခြေခံရင်းမြစ်က ငါကိုယ်တိုင်” လို့ဝန်ခံနိုင်လာပါသည်။ 


ငါ့ရဲ့ လောဘ ၊ မောပာ ၊ ဒေါသ ၊ ငါဆိုတဲ့အတ္တ ၊ ချစ်စိတ်ကြီးမှု ၊ ဝမ်းနည်းမှုဒဏ်ကိုမခံနိုင်မှု ၊ လိုချင်တပ်မက်မှုကနေ တစ်ခြားဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲရလဒ်တွေကို မြင်လို့မရအောင် စိတ်မရှည်မှုတွေဖြစ်စေခြင်း စတာတွေဖြစ်ပေါ်စေပါသည်။ 


ငါကိုယ်တိုင်က ပြဿနာဆိုတာကို လက်ခံဖို့လိုအပ်ပါသည်။ 


Kyaw Tun

No comments:

Post a Comment