Stock market မှာ ရင်းနှီးမြှုပ်နှံဖို့ ဘာတွေလိုမလဲ
အဆင့် ၁ - stock buy/sell လုပ်ဖို့ အကောင့်လိုပါတယ်၊ အလွယ်ဆုံးကတော့ robinhood မှာ account create လုပ်ပါ။ Social Security ထည့်ပြီး တပတ်လောက်နေရင် အကောင့်ရပါပြီ။ trade fee ပေးစရာမလိုတဲ့ app တွေထဲမှာ လက်ရှိကတော့ RH ကတော့ အကောင်းဆုံးပါပဲ။
ကျနော့် Referral Link နဲ့ အကောင့်ဖွင့်ရင် ကျနော်လဲ free stock တခု ရပါတယ်ခင်ဗျ
join.robinhood.com/minthua1
အဆင့် ၂ - deposit / withdraw
ဘဏ်အကောင့်ကနေ deposit လုပ်ရပါတယ်။ Robinhood မှာ ငွေထည့်ရင် Instant Deposit Limit 1000$ ပေးပါတယ်၊ ဥပမာ ငွေ 2000$ deposit လုပ်ရင် 1000$ ချက်ခြင်း အရောင်းအဝယ်လုပ်ခွင့်ပေးပါတယ်၊ နောက်ထပ် 1000$ က ၃-၅ ရက် ကြာပါတယ်ခင်ဗျ
ငွေပြန်ထုတ်ရင် ၂ ပတ်လောက် စောင့်ရပါတယ်။
အဆင့် ၃ - Investment
Day trading - ဒီနေ့ဝယ် ဒီနေ့ရောင်း ချက်ခြင်းရောင်း လုပ်ချင်တာမျိုးကို day trading လို့ ခေါ်ပါတယ်၊ account ထဲမှာ stocks+cash = 25000$ အနည်းဆုံးရှိပါတယ်။ မရှိရင် ဆော့လို့မရပါ။
Long term investment
stock တခုကို အကြာကြီး ကိုင်ထားမယ်၊ dividend အမြတ် ငွေကို ၄ လတခါ (သို့မဟုတ်) ၁ နှစ်တခါ ယူမယ်ဆိုတဲ့သူမျိုး ဝယ်တဲ့ ပုံစံပါ။
AT&T, COCA COLA, APPLE, MICRSOFT လိုမျိုးဟာတွေ ဝယ်သင့်ပါတယ်။
အဆင့် ၃ - Learning
stock market အကြောင်း သိချင်ရင် ဒီ youtube channel တွေကို ကြည့်သင့်ပါတယ်။
Adam Khoo
https://www.youtube.com/channel/UCK-aOjEvZNJl3HINja0gAiQ
Humble Trader https://www.youtube.com/channel/UCcIvNGMBSQWwo1v3n-ZRBCw
Jerry Romine Entrepreneur Abroad
[https://www.youtube.com/channel/UCMiJUXvEpHHW5JTnW-ez9EA](https://www.youtube.com/channel/UCMiJUXvEpHHW5JTnW-ez9EA)
Ziptrader
[https://www.youtube.com/user/jc4x4](https://www.youtube.com/user/jc4x4)
များများလေ့လာပါ၊ လုံလောက်တဲ့ အတွေ့အကြုံမရှိရင် ကွဲမှာပါခင်ဗျ
အဆင့် ၄ - အကြံပေးခြင်း
သူများ ပြောတာတွေကို မယုံပါနဲ့၊ ဟိုဟာတက်မယ်၊ ဒီဟာတက်မယ်ဆိုပြီး သူများပြောတာ ဝယ်ရင် ဆုံးရှုံးမှာပါ။ ကိုယ်တိုင် လေ့လာတွက်ချက်ပြီးမှ ဝယ်ပါ။ ဈေးကွက်က အမြဲပြောင်းနေပါတယ် အကြံပေးတဲ့အချိန်မှာ ဝယ်သင့်တာ မှန်ပေမယ့် သွားဝယ်တဲ့အချိန်မှာ ဈေးအမြင့်ဆုံး ရောက်နေတတ်ပါတယ်။
အခုအချိန်မှာ stock တွေက COVID 19 မဖြစ်ခင် အခြေအနေကအတိုင်း ဈေးနှုန်းကို ပြန်ရောက်နေပါတယ်၊ တကမ္ဘာလုံး စီးပွားရေး ကျဆင်းနေတဲ့အချိန်မှာ စတော့ဈေးကွက်က အမြင့်ဆုံး ပြန်ရောက်နေပါတယ်၊ ဈေးပြုတ်ကျမှာပါ ၃၀% လောက် ကျမယ်လို့ မှန်းထားကြပါတယ်။
အောင်မြင်ကြီးပွားကြပါစေ
No comments:
Post a Comment