မတွဲဖြစ်လိုက်တဲ့သူ
မပေါင်းလိုက်ရတဲ့သူ
တစ်ယောက် ရှိခဲ့ဖူးတယ်။
သိပ်ဖြစ်ချင်ပေမယ့်
မဖြစ်လိုက်ရတဲ့
ဘဝရည်မှန်းချက်လေး
တစ်ခုရှိခဲ့ဖူးတယ်။
သိပ်လိုချင်ပေမယ့်
ပိုက်ဆံနှမြောလို့မဝယ်တော့ပဲ
မေ့မေ့ပျောက်ပျောက်ဖြစ်သွားတဲ့
ပစ္စည်းလေးတစ်ခုရှိခဲ့ဖူးတယ်။
သိပ်ခင်သိပ်ချစ်ခဲ့ကြပေမယ့်
နောက်ပိုင်း သိပ်မတွေ့ဖြစ်တော့တဲ့
သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်။
သိပ်ကြိုက်လို့့ အရင်က
ခဏခဏနားထောင်ဖြစ်ခဲ့ပေမယ့်
ခုချိန်ဖုန်းထဲမှာရော
CD စင်ပေါ်မှာရော မရှိတော့တဲ့
သီချင်းလေးတွေ ရှိခဲ့ဖူးတယ်။
ဒီလိုပါပဲ
ဘဝမှာ
အရာအားလုံး
လူအားလုံးကို
မသေမချင်း သယ်သွား
ပေါင်းသွားလို့မှမရတာ။
မဆုံနိုင်တော့တဲ့လူတွေကို မေ့ထား...
မမြင်ရတော့ကိစ္စတွေကို မျက်နှာလွှဲ...
မဖြစ်နိုင်တဲ့အရာတွေကို လွှတ်ချပြီး..
ကိုယ်နဲ့အဆင်ပြေတာလေးတွေ
ကိုယ်နဲ့သင့်တော်တာလေးတွေ
ကိုယ့်ဘက်ဂျက်နဲ့ကိုက်ညီတာလေးတွေကို
သယ်ဆောင်ရင်း ထမ်းပိုးရင်း
နောက်ဆုံး သေသွားကြတာပဲ။
လွမ်းလားဆိုတော့
တစ်ခါတလေလည်း
အမှတ်မထင်ပြန်တွေးမိရင် လွမ်းတာပေါ့
ခုချိန်ယူမလား မေးရင်တော့
ပြုံးရင်းပြန်ဖြေမိမယ်
နေပါစေတော့.........။
#credit

No comments:
Post a Comment