Friday, 5 June 2020

Neuro Linguistic programming (sayar pyaykhaing)


Neuro-linguistic programming (NLP) ဆိုတာ ဘာလဲ❓

NLP ဆိုတာ မိမိရဲ့ ဘဝမှာ မိမိလိုချင်တဲ့ အလေ့ကျင့်ကောင်းတွေကို အမြဲတမ်းလိုလို ရအောင် ဘယ်လို ဖန်တီးမလဲဆိုတာကို လုပ်ဆောင်နိုင်အောင် လေ့ကျင့်တဲ့ ပညာရပ်ပဲ ဖြစ်ပါတယ်။


NLP အကြောင်း ပြောရင်းနဲ့ Albert Einstein ပြောသွားခဲ့တာလေးကို ပြန်သတိရမိပါတယ်။


"တစ်ခါမှ မရဖူးသေးတဲ့ အောင်မြင်မှုမျိုးကို ရချင်တယ်ဆိုရင် တစ်ခါမှ မလုပ်ဖူးသေးတာတွေကို လုပ်ရမယ်။"


ဥပမာ ၁+၁=၂ ရပါမယ်။


အကယ်၍ စာဖတ်သူက ၃ ရချင်တယ်ဆိုရင် အနည်းဆုံးတော့ ၁+၂=၃ ဒါမှ မဟုတ်ရင်

၄-၁=၃ ပဲဖြစ်ဖြစ် မတူတဲ့ လုပ်ရပ်တစ်ခုခုကိုတော့ ပြောင်းလဲ ရပါလိမ့်မယ်။


ဒါကြောင့် ရလဒ်တွေ ပြောင်းလဲချင်ရင်တော့ မတူတဲ့ စွမ်းအင်တွေကို သုံးရလိမ့်မယ်။


မတူညီတဲ့နေရာတွေ သွားရလိမ့်မယ် မတူညီတဲ့ လူတွေနဲ့ တွေ့ရလိမ့်မယ် မတူတဲ့အလုပ်တွေ ကျွန်တော်တို့ လုပ်ရလိမ့်မယ်။


အဲ့ဒီလို မတူညီတဲ့အရာတွေကိုလုပ်ဆောင်မှ သာလျှင်မတူညီ

ကွဲပြားတဲ့ ရလဒ်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

အားလုံးအောင်မြင်ပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်နိုင်ပါစေ။


Always Live with Passion

Pyay Khaing
Asia Top Life & Business Coach
#EmpoweringLivesEveryDay

No comments:

Post a Comment