Wednesday, 27 May 2020

Learn about stock

REFERENCE POST FROM KYAW TUN FACEBOOK
စတော့နှင့်စတော့စျေးကွက်ကို သင်ယူလေ့လာဖို့ ဆိုဒ်များ

စတော့တစ်ခုကိုနားလည်တတ်အောင် ၊ စတော့စျေးကွက်ရဲ့ သဘာ၀ တက်လိုက် ၊ ကျလိုက် စတာတွေကို နားလည်တတ်အောင် နှစ်ပေါင်းများစွာလေ့လာရပါတယ်။

ဘာလို့ stock က ဒီစျေးဖြစ်နေတာလဲ။
ဘာလို့တက်မှာလဲ။ ဘာလို့ကျမှာလဲ။ ဘယ်အချိန်မှာတက်မှာလဲ။ ဘယ်အချိန်မှာကျမှာလဲ။ ဒီမေးခွန်းတွေကို နားလည်အောင် လေ့လာရပါ့မယ်။

ဘာလို့ လူနည်းစုတစ်ချို့ Warren Buffett,  George Soros, Ray Dailo, Paul Tudor Jones စတဲ့လူတွေက
ငွေတွေ ဒေါ်လာဘီလီယံနဲ့ချီပြီး အမြတ်ရခဲ့တာလဲ။ ဒီမေးခွန်းတွေကို ဖြေနိုင်ချင်ရင် stock ဆိုတာဘာလဲ။ stock တစ်ခုကို ဘယ်လိုတစ်ဖိုးဖြတ်လဲ ( asset valuation / pricing ) ၊ စျေးက တကယ့်တန်ဖိုးထက် ပိုပြီးတော့ တက်နေလား ( overpriced ) လား ၊ တကယ့်တန်ဖိုးတက် နည်းနေလား ( undervalued ) လား စတာတွေကို အခြေခံကနေနားလည်မှရပါ့မယ်။ စျေးနှုန်းကိုကြည့်တာနဲ့ ဒါစတော့ကို ရင်းနှီးမြုပ်နှံတယ်လို့ခေါ်လို့မရပါဘူး။
ကုမ္ပဏီအကြောင်း ၊ ကုမ္ပဏီရဲ့ balance sheet ၊ ကုမ္ပဏီရဲ့ debt to asset ratio ( ပိုင်ဆိုင်မှုနဲ့အကြွေး ရာခိုင်နှုန်း ) ၊ ဝင်ငွေ ထွက်ငွေ ၊ လုပ်ငန်းအကြောင်း စတာတွေကို နားလည်ရပါမည်။ Quarterly earning report / annual report ဆိုတာဘာလဲ။ ဒီစာတမ်းတွေကို ဘယ်လိုဖတ်လဲ။ ဘယ်လိုကောက်ချက်ချမှုတွေလုပ်မလဲ။

ဒီအတွက် အခြေခံကစ ပြီးလေ့လာဖို့အတွက် အွန်လိုင်းပေါ်က လင့်တွေကို စုထားပါသည်။

အခြေခံကစသင်ယူခြင်း

https://www.investopedia.com/

https://www.fool.com/investing/how-to-invest/stocks/

How to invest ကိုသွားပါ

Professional ဖြစ်ချင်သူများ အတွက် တကယ့်ကို ကုမ္ပဏီရဲ့ ဝင်ငွေ ထွက်ငွေ ကုန်ကျစရိတ် ပိုင်ဆိုင်မှု အကြွေး စတာတွေကို ရေးထားတဲ့ balance sheet ကို ဖတ်နိုင်အောင်လို့ ၊ assset valuation ကုမ္ပဏီရဲ့တကယ့်တန်ဖိုးကိုတိုင်းတာနည်းများကို သေချာကျွမ်းကျင်ချင်တယ်ဆိုရင် CFA level 1 အတွက် လေ့လာပါ။

https://www.cfainstitute.org/programs/cfa

Cousea ကနေ သင်ယူနိုင်သော ဘာသာရပ်များ

https://www.coursera.org/learn/financial-markets-global

https://www.coursera.org/learn/financial-engineering-1

https://www.coursera.org/learn/understanding-financial-markets

https://www.coursera.org/learn/finance-for-non-finance

https://www.coursera.org/specializations/wharton-business-financial-modeling

သတင်း ( အလကားဖတ်လို့ရသည့်ဆိုဒ်များ )

ရင်းနှီးမြုပ်နှံသူတစ်ယောက်အတွက် သတင်းသည် အင်မတန်အရေးကြီးသည်။ သတင်းကို အမြဲတမ်းကြည့်နေရမည်။ သတင်းတစ်ခုကို စောစောသိချင်း နှင့်နောက်ကျမှ သိချင်းသည် ကိုယ့်ငွေဘယ်လောက် အမြတ်ရစေမလဲဆိုတာကို သက်ရောက်မှုရှိသည်။

ဒီသတင်းဆိုဒ်တွေသည် အလကားကြည့်လို့ရပါသည်။ သို့သော် အပေါ်ယံသတင်းတွေသာဖြစ်သည်။

https://finance.yahoo.com/

https://www.cnbc.com/

စတော့မားကတ်ကို အစမ်းလေ့ကျင့်ခြင်း

ဒီ virtual game သည် တကယ်တန်ဖိုးရှိပါသည်။ တကယ့်ငွေနဲ့ ရင်းနှီးမမြုပ်နှံမှီ ဂိမ်းထဲကငွေနဲ့ ရင်းနှီးမြုပ်နှံသင့်ပါသည်။

https://virtualstockmarket.tdbank.com/

ပိုက်ဆံပေးပြီးမှ ဖတ်လို့ရသောဆိုဒ်များ

Stock အကြောင်း ယုံကြည်ရတဲ့ အချက်အလက်တွေနဲ့ အသေးစိတ်ဆောင်းပါးတစ်ချို့ ၊ ဒီ သတင်းစာမှာပဲ ရနိုင်တဲ့ပာာမျိုးတွေဆိုရင်တော့ ပိုက်ဆံပေးရပါလိမ့်မယ်။

Stock မှာ အမြတ်ရရင် ပိုက်ဆံတွေရမှာဖြစ်တဲ့အတွက် အမြတ်ရစေနိုင်တဲ့ အချက်အလက်တွေကိုသိချင်ရင် ပိုက်ဆံပေးရမှာဖြစ်ပါသည်။

Wall Street Journal
https://www.wsj.com/news/markets

Bloomberg
https://www.bloomberg.com/

Financial Times
https://www.ft.com/

Morning Star

https://www.morningstar.com/

ဘယ်စတော့ကတက်မလဲဆိုတာကို အက်ဆေးပုံစံတွေနှင့် ရေးသားသော မဂ္ဂဇင်းဖြစ်ပါသည်။
သတင်းဆိုတာထက် သုံးသပ်သည့်ဆောင်းပါးတွေကို တင်ပြသည့် မဂ္ဂဇင်းဖြစ်ပါသည်

https://www.barrons.com/

Asian market

အာရှစျေးကွက် စီးပွားရေးသတင်းနှင့်ဆောင်းပါးများ တင်သောဆိုဒ်ဖြစ်ပါသည်။ ဘယ် stock ဝယ် ဆက်သိမ်းထား ရောင်း ဖို့အတွက် သတင်းတွေနှင့် သုံးသပ်တဲ့ဆောင်းပါးတွေ ဖတ်ဖို့လိုအပ်ပါသည်။

https://asia.nikkei.com/

Brokerage ( ကြားခံ broker account ကနေ ဝယ် ၊ သိမ်း ၊ ရောင်း ရပါသည် )

စတော့ကို ဝယ် ၊ ရောင် ချင်းရင် အရင်ဆုံး brokerage ဆိုတဲ့ ကုမ္ပဏီမှာ အကောင့်ဖွင့်ရပါသည်။
အရင် ကိုယ့်အကောင့်ထဲကို ငွေထည့်ပြီးမှ ဝယ် ၊ ရောင်း ကိုလုပ်လို့ရပါသည်။
အမေရိကန် brokers များမှာ NYSE ( New York Stock Exchange ) ကစတော့များကို ဝယ်မယ်ဆိုပါက commision free ( NYSE တွင်တင်ထားသော စတော့များကို ဝယ် ၊ ရောင်း ရာတွင် commision လုံး၀ပေးစရာမလိုပါ ၊ အလကားဖြစ်ပါသည် ) ။

Robinhood ကနေ commission free စရကာနေ တစ်ခြားသောကုမ္ပဏီတွေကလည်း ဝယ် ရောင်းခ မတောင်းတော့ပါဘူး။

https://www.tdameritrade.com/home.page

https://us.etrade.com/home

https://www.merrilledge.com/

https://www.schwab.com/

ငွေနည်းနည်းနှင့် စပြီး ရင်းနှီးမြုပ်နှံလို့ရသော brokerage များ

https://www.acorns.com/

https://robinhood.com/us/en/

Kyaw Tun

No comments:

Post a Comment